
ဆာအဲလက်စ်ဖာဂူဆန်ဟာယနေ့ညချဲလ်ဆီးနှင့်ပွဲတွင်နည်းပြဘဝပွဲတစ်ထောင်ပြည့်လာမဲ့လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ကိုချီးကျူးစကားပြောကြားလာပါတယ်။
ဂျာမနီလူမျိုးနည်းပြဟာယနေ့ညအန်ဖီးလ်တွင်ချဲလ်ဆီးအားဧည့်ခံကစားရမဲ့ပွဲစဉ်တွင်နည်းပြဘဝပွဲ၁၀၀၀ပြည့်ပါမယ်။
နည်းပြဘဝုတန်းကပွဲ၂၁၅၅ကိုင်တွယ်ခဲ့တဲ့ဆာအဲလက်စ်ဖာဂူဆန်က “ကလပ်ပွဲတစ်ထောင်ပြည့်နည်းပြအဖြစ်ဂျာဂင်ကလော့ပ်ကို LMA (လိဂ်မန်နေဂျာအဖွဲ့ချုပ်)ကကြိုဆိုပါတယ်။သူကကမ္ဘာ့ဘောလုံးလောကမှပါရမီရှင်နည်းပြတွေထဲကတစ်ဦးဆိုတာသံသယဖြစ်စရာမရှိပါဘူး။သူဆွတ်ခူးခဲ့တဲ့ဆုဖလားတွေအများကြီးကဘောလုံးလောကရဲ့ထိပ်တန်းအဆင့်ကတစ်ဦးဆိုတာသက်သေခံနေပါတယ်”လို့ပြောကြားသွားပါတယ်။
ဂျာဂင်ကလော့ပ်ကလွန်ခဲ့တဲ့၂၂နှစ်တုန်းကမိန့်ဇ်ကိုကိုင်တွယ်ပြီးနောက်နည်းပြလောကသို့စတင်ခြေချလာခဲ့သူဖြစ်ပါတယ်။
သူဟာနည်းပြဘဝပွဲပေါင်း၉၉၉ကိုင်တွယ်ခဲ့ရာမှာ ၅၃၈ပွဲနိုင်ပွဲရရှိထားပြီး၂၂၂ပွဲရှုံးနိမ့်ထားပါတယ်။
ဒါပေမဲ့ကလော့ပ်ဟာယခုရာသီတွင်လီဗာပူးမှာရလဒ်ကောင်းဆက်တိုက်ရရှိရန်ရုန်းကန်နေရပြီးပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၈နေရာတွင်ရပ်တည်ကာချန်ပီယံလိဂ်ဝင်ခွင့်နှင့်ရမှတ်၁၀မှတ်ကွာဟနေမှုကြောင့်အကြီးမားဆုံးစိန်ခေါ်မှုနှင့်ရင်ဆိုင်နေရပါတယ်။
ကလော့ပ်ရဲ့နည်းပြဘဝတွင်ထိပ်တိုက်တွေ့ဆုံမှုအများဆုံးနည်းပြအဖြစ်ဂွါဒီယိုလာကရပ်တည်နေပါတယ်။ကလော့ပ်ဟာဂွါဒီယိုလာနှင့်၂၇ကြိမ်ထိပ်တိုက်တွေ့ခဲ့ဖူးပြီး၁၁ပွဲအနိုင်ရရှိထားကာ၉ပွဲရှုံးပြီး၇ကြိမ်သရေကျထားပါတယ်။
လီဗာပူးပရိသတ်များအတွက်သတင်းကောင်းတစ်ခုကတော့ကလော့ပ်ဟာသူရဲ့နည်းပြဘဝအမှတ်တရပွဲများတွင်ရှုံးနိမ့်ခဲ့ခြင်းမရှိတာပါ။သူဟာပွဲ၂၀၀မြောက်၊ ၃၀၀မြောက်၊၄၀၀မြောက်၊၅၀၀မြောက်၊၆၀၀မြောက်ပွဲတို့တွင်အနိုင်ရရှိခဲ့ပြီးချဲလ်ဆီးနှင့်ပွဲ၈၀၀မြောက်ပွဲတွင်လည်းသရေကျခဲ့ပါတယ်။
ZawGyi
ခ်ဲလ္ဆီးႏွင့္ပြဲတြင္ ပြဲ ၁၀၀၀ ျပည့္မဲ့ ကေလာ့ပ္ကို ယူႏိုက္တက္ဂႏၴဝင္ဆာအဲလက္စ္ဖာဂူဆန္ခ်ီးက်ဴးခန္းဖြင့္လာ
ဆာအဲလက္စ္ဖာဂူဆန္ဟာယေန႔ညခ်ဲလ္ဆီးႏွင့္ပြဲတြင္နည္းျပဘဝပြဲတစ္ေထာင္ျပည့္လာမဲ့လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ကိုခ်ီးက်ဴးစကားေျပာၾကားလာပါတယ္။
ဂ်ာမနီလူမ်ိဳးနည္းျပဟာယေန႔ညအန္ဖီးလ္တြင္ခ်ဲလ္ဆီးအားဧည့္ခံကစားရမဲ့ပြဲစဥ္တြင္နည္းျပဘဝပြဲ၁၀၀၀ျပည့္ပါမယ္။
နည္းျပဘဝုတန္းကပြဲ၂၁၅၅ကိုင္တြယ္ခဲ့တဲ့ဆာအဲလက္စ္ဖာဂူဆန္က “ကလပ္ပြဲတစ္ေထာင္ျပည့္နည္းျပအျဖစ္ဂ်ာဂင္ကေလာ့ပ္ကို LMA (လိဂ္မန္ေနဂ်ာအဖြဲ႕ခ်ဳပ္)ကႀကိဳဆိုပါတယ္။သူကကမာၻ႔ေဘာလုံးေလာကမွပါရမီရွင္နည္းျပေတြထဲကတစ္ဦးဆိုတာသံသယျဖစ္စရာမရွိပါဘူး။သူဆြတ္ခူးခဲ့တဲ့ဆုဖလားေတြအမ်ားႀကီးကေဘာလုံးေလာကရဲ႕ထိပ္တန္းအဆင့္ကတစ္ဦးဆိုတာသက္ေသခံေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။
ဂ်ာဂင္ကေလာ့ပ္ကလြန္ခဲ့တဲ့၂၂ႏွစ္တုန္းကမိန႔္ဇ္ကိုကိုင္တြယ္ၿပီးေနာက္နည္းျပေလာကသို႔စတင္ေျခခ်လာခဲ့သူျဖစ္ပါတယ္။
သူဟာနည္းျပဘဝပြဲေပါင္း၉၉၉ကိုင္တြယ္ခဲ့ရာမွာ ၅၃၈ပြဲႏိုင္ပြဲရရွိထားၿပီး၂၂၂ပြဲရႈံးနိမ့္ထားပါတယ္။
ဒါေပမဲ့ကေလာ့ပ္ဟာယခုရာသီတြင္လီဗာပူးမွာရလဒ္ေကာင္းဆက္တိုက္ရရွိရန္႐ုန္းကန္ေနရၿပီးပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၈ေနရာတြင္ရပ္တည္ကာခ်န္ပီယံလိဂ္ဝင္ခြင့္ႏွင့္ရမွတ္၁၀မွတ္ကြာဟေနမႈေၾကာင့္အႀကီးမားဆုံးစိန္ေခၚမႈႏွင့္ရင္ဆိုင္ေနရပါတယ္။
ကေလာ့ပ္ရဲ႕နည္းျပဘဝတြင္ထိပ္တိုက္ေတြ႕ဆုံမႈအမ်ားဆုံးနည္းျပအျဖစ္ဂြါဒီယိုလာကရပ္တည္ေနပါတယ္။ကေလာ့ပ္ဟာဂြါဒီယိုလာႏွင့္၂၇ႀကိမ္ထိပ္တိုက္ေတြ႕ခဲ့ဖူးၿပီး၁၁ပြဲအႏိုင္ရရွိထားကာ၉ပြဲရႈံးၿပီး၇ႀကိမ္သေရက်ထားပါတယ္။
လီဗာပူးပရိသတ္မ်ားအတြက္သတင္းေကာင္းတစ္ခုကေတာ့ကေလာ့ပ္ဟာသူရဲ႕နည္းျပဘဝအမွတ္တရပြဲမ်ားတြင္ရႈံးနိမ့္ခဲ့ျခင္းမရွိတာပါ။သူဟာပြဲ၂၀၀ေျမာက္၊ ၃၀၀ေျမာက္၊၄၀၀ေျမာက္၊၅၀၀ေျမာက္၊၆၀၀ေျမာက္ပြဲတို႔တြင္အႏိုင္ရရွိခဲ့ၿပီးခ်ဲလ္ဆီးႏွင့္ပြဲ၈၀၀ေျမာက္ပြဲတြင္လည္းသေရက်ခဲ့ပါတယ္။