ချဲလ်ဆီးနှင့်ပွဲတွင် အလီဆင်၊ဂျိုတာနှင့်ဖာဘင်ဟိုတို့ ပါဝင်ရန်အသင့်ဖြစ်လာမည်ဟု ကလော့ပ်ပြောကြား

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ကလာမယ့်ကြာသပတေးနေ့တွင်ကစားရမယ့်ချဲလ်ဆီးနှင့်ပွဲစဉ်တွင်အလီဆင်၊ဖာဘင်ဟို၊ဒိုင်အိုဂိုဂျိုတာတို့ပါဝင်လာနိုင်ကြောင်းပြောကြားလိုက်ပါတယ်။

ကလော့ပ်ဦးဆောင်တဲ့လီဗာပူးဟာတနင်္ဂနွေနေ့တုန်းကရှက်ဖီးလ်ယူနိုက်တက်အား၂-၀ဂိုးဖြင့်အနိုင်ရယူကာလေးပွဲ ဆက်အရှုံးကိုအဆံဒးသတ်နိုင်ခဲ့ပါတယ်။

အလီဆင်ဟာဖခင်ဖြစ်သူရဲ့နာရေးကြောင့်အနားပေးခြင်းခံထားရပြီးဂျိုတာမှာလည်းဒီဇင်ဘာတုန်းကရရှိတဲ့ဒူးဒဏ်ရာမှပြန်လည်ကောင်းမွန်ကာလေ့ကျင့်ခန်းအပြည့်အဝဆင်းနိုင်ပြီဖြစ်ပါတယ်။ဖာဘင်ဟိုမှာလည်းဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်နားရပြီးနောက်ပြန်လည်ကောင်းမွန်လာပြီဖြစ်ပါတယ်။

ကလော့ပ်က “အလီဆင်နဲ့ဖာဘင်ဟိုတို့ပါဝင်လာဖို့သေချာပါတယ်။ဒိုင်အိုဂိုဟာလည်းအသင်းနဲ့အတူရှိနေပါပြီ။သူ ကစားမယ်၊မကစားဘူးဆိုတာသူ့ကြံ့ခိုင်မှုဘယ်လောက်ကောင်းနေသလဲဆိုတဲ့အချက်အပေါ်မူတည်ပါတယ်။သူဟာ အသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းနေတာကြာပါပြီ။သူ့အခြေအနေအရမ်းကောင်းပါတယ်။သူပါဝင်လာနိုင်မယ်လို့ထင် ပါတယ်။အတိအကျတော့မပြောနိုင်ပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

ခ်ဲလ္ဆီးႏွင့္ပြဲတြင္ အလီဆင္၊ဂ်ိဳတာႏွင့္ဖာဘင္ဟိုတို႔ ပါဝင္ရန္အသင့္ျဖစ္လာမည္ဟု ကေလာ့ပ္ေျပာၾကား

လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ကလာမယ့္ၾကာသပေတးေန႔တြင္ကစားရမယ့္ခ်ဲလ္ဆီးႏွင့္ပြဲစဥ္တြင္အလီဆင္၊ဖာဘင္ဟို၊ဒိုင္အိုဂိုဂ်ိဳတာတို႔ပါဝင္လာႏိုင္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ကေလာ့ပ္ဦးေဆာင္တဲ့လီဗာပူးဟာတနဂၤေႏြေန႔တုန္းကရွက္ဖီးလ္ယူႏိုက္တက္အား၂-၀ဂိုးျဖင့္အႏိုင္ရယူကာေလးပြဲ ဆက္အရႈံးကိုအဆံဒးသတ္ႏိုင္ခဲ့ပါတယ္။

အလီဆင္ဟာဖခင္ျဖစ္သူရဲ႕နာေရးေၾကာင့္အနားေပးျခင္းခံထားရၿပီးဂ်ိဳတာမွာလည္းဒီဇင္ဘာတုန္းကရရွိတဲ့ဒူးဒဏ္ရာမွျပန္လည္ေကာင္းမြန္ကာေလ့က်င့္ခန္းအျပည့္အဝဆင္းႏိုင္ၿပီျဖစ္ပါတယ္။ဖာဘင္ဟိုမွာလည္းဒဏ္ရာေၾကာင့္ ရက္သတၱပတ္အနည္းငယ္နားရၿပီးေနာက္ျပန္လည္ေကာင္းမြန္လာၿပီျဖစ္ပါတယ္။

ကေလာ့ပ္က “အလီဆင္နဲ႔ဖာဘင္ဟိုတို႔ပါဝင္လာဖို႔ေသခ်ာပါတယ္။ဒိုင္အိုဂိုဟာလည္းအသင္းနဲ႔အတူရွိေနပါၿပီ။သူ ကစားမယ္၊မကစားဘူးဆိုတာသူ႔ႀကံ့ခိုင္မႈဘယ္ေလာက္ေကာင္းေနသလဲဆိုတဲ့အခ်က္အေပၚမူတည္ပါတယ္။သူဟာ အသင္းနဲ႔အတူေလ့က်င့္ခန္းဆင္းေနတာၾကာပါၿပီ။သူ႔အေျခအေနအရမ္းေကာင္းပါတယ္။သူပါဝင္လာႏိုင္မယ္လို႔ထင္ ပါတယ္။အတိအက်ေတာ့မေျပာႏိုင္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။