ချဲလ်ဆီးနှင့်ပွဲမှာ ကိုယ်ပျောက်ကစားပြသွားခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်

ဘရူနိုဖာနန်ဒက်စ်ဟာယခုရာသီမှာနောက်ထပ်ထိပ်သီးတွေ့ဆုံမှုပွဲတစ်ပွဲမှာစိတ်ပျက်စရာကောင်းတဲ့ခြေစွမ်းမျိုးနှင့် ကစားခဲ့မှုနဲ့အတူအပြင်းအထန်ဝေဖန်ခြင်းခံနေရပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာယခုရာသီမှာမန်ယူရဲ့အကောင်းဆုံးကစားသမားဆိုတာသံသယဖြစ်စရာမရှိပါဘူး။သူဟာရာသီအကုန်မှာတစ်ကိုယ်တော်ဆုများအတွက်ယှဉ်ပြိုင်လာဖို့သေချာနေပါတယ်။

ဒါပေမယ့်ဘရူနိုဖာနန်ဒက်စ်အတွက်ကြီးမားတဲ့အတားအဆီးကြီးကလည်းရှိနေပါတယ်။အဲဒါကတော့ယခုရာသီပရီးမီးယားလိဂ်မှထိပ်သီးကလပ်များနှင့်ဆုံတဲ့ပွဲများမှာခြေစွမ်းမပြနိုင်တာပါ။မနေ့ညတုန်းကစတမ်းဖို့ဒ်ဘရစ်ချ်မှာချဲလ်ဆီးနှင့်ဂိုးမရှိသရေကျတဲ့ပွဲမှာလည်းဘာမှလုပ်ပြနိုင်ခဲ့ခြင်းမရှိပါဘူး။

ဘရူနိုဖာနန်ဒက်စ်ဟာချဲလ်ဆီးနှင့်ပွဲမှာအကောင်းဆုံးလုပ်ဆောင်နိုင်မှုအနေနဲ့ဂိုးရနိုင်တဲ့အခွင့်အရေးတစ်ကြိမ်ဖန်တီး ပေးနိုင်ခဲ့တာဘဲရှိပါတယ်။သူဟာဘောလုံးဆုံးရှုံးမှုအကြိမ်၂၀အထိရှိခဲ့ပြီးဂိုးပေါက်တည့်တဲ့ကန်ချက်လည်း ပြုလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။

ဒါကြောင့်လည်းဘရူနိုဖာနန်ဒက်စ်ဟာချဲလ်ဆီးနှင့်ပွဲစဉ်မှခြေစွမ်းကြောင့်ကိုယ်ပျောက်၊ကွက်ပျောက်ကစားသမားအဖြစ်မန်ယူပရိသတ်များရဲ့ဝေဖန်ပြောဆိုမှုများခံနေရပါတယ်။

သူဟာယခုရာသီမှာပရီးမီးယားလိဂ်ထိပ်သီးများနှင့်ပွဲ၇ပွဲကစားခဲ့ရာမှာ၁ဂိုးတည်းသာသွင်းယူထားနိုင်ပါတယ်။ နိုဝင်ဘာလတုန်းကအိုးထရက်ဖို့ဒ်မှာစပါးစ်ကို၆-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲမှာပင်နယ်တီကနေတစ်ဆင့်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ZawGyi

ခ်ဲလ္ဆီးႏွင့္ပြဲမွာ ကိုယ္ေပ်ာက္ကစားျပသြားခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္

ဘ႐ူႏိုဖာနန္ဒက္စ္ဟာယခုရာသီမွာေနာက္ထပ္ထိပ္သီးေတြ႕ဆုံမႈပြဲတစ္ပြဲမွာစိတ္ပ်က္စရာေကာင္းတဲ့ေျခစြမ္းမ်ိဳးႏွင့္ ကစားခဲ့မႈနဲ႔အတူအျပင္းအထန္ေဝဖန္ျခင္းခံေနရပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္ကစားသမားဟာယခုရာသီမွာမန္ယူရဲ႕အေကာင္းဆုံးကစားသမားဆိုတာသံသယျဖစ္စရာမရွိပါဘူး။သူဟာရာသီအကုန္မွာတစ္ကိုယ္ေတာ္ဆုမ်ားအတြက္ယွဥ္ၿပိဳင္လာဖို႔ေသခ်ာေနပါတယ္။

ဒါေပမယ့္ဘ႐ူႏိုဖာနန္ဒက္စ္အတြက္ႀကီးမားတဲ့အတားအဆီးႀကီးကလည္းရွိေနပါတယ္။အဲဒါကေတာ့ယခုရာသီပရီးမီးယားလိဂ္မွထိပ္သီးကလပ္မ်ားႏွင့္ဆုံတဲ့ပြဲမ်ားမွာေျခစြမ္းမျပႏိုင္တာပါ။မေန႔ညတုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္မွာခ်ဲလ္ဆီးႏွင့္ဂိုးမရွိသေရက်တဲ့ပြဲမွာလည္းဘာမွလုပ္ျပႏိုင္ခဲ့ျခင္းမရွိပါဘူး။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာခ်ဲလ္ဆီးႏွင့္ပြဲမွာအေကာင္းဆုံးလုပ္ေဆာင္ႏိုင္မႈအေနနဲ႔ဂိုးရႏိုင္တဲ့အခြင့္အေရးတစ္ႀကိမ္ဖန္တီး ေပးႏိုင္ခဲ့တာဘဲရွိပါတယ္။သူဟာေဘာလုံးဆုံးရႈံးမႈအႀကိမ္၂၀အထိရွိခဲ့ၿပီးဂိုးေပါက္တည့္တဲ့ကန္ခ်က္လည္း ျပဳလုပ္ႏိုင္ခဲ့ျခင္းမရွိပါဘူး။

ဒါေၾကာင့္လည္းဘ႐ူႏိုဖာနန္ဒက္စ္ဟာခ်ဲလ္ဆီးႏွင့္ပြဲစဥ္မွေျခစြမ္းေၾကာင့္ကိုယ္ေပ်ာက္၊ကြက္ေပ်ာက္ကစားသမားအျဖစ္မန္ယူပရိသတ္မ်ားရဲ႕ေဝဖန္ေျပာဆိုမႈမ်ားခံေနရပါတယ္။

သူဟာယခုရာသီမွာပရီးမီးယားလိဂ္ထိပ္သီးမ်ားႏွင့္ပြဲ၇ပြဲကစားခဲ့ရာမွာ၁ဂိုးတည္းသာသြင္းယူထားႏိုင္ပါတယ္။ ႏိုဝင္ဘာလတုန္းကအိုးထရက္ဖို႔ဒ္မွာစပါးစ္ကို၆-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲမွာပင္နယ္တီကေနတစ္ဆင့္သြင္းယူခဲ့တာ ျဖစ္ပါတယ္။