
ချဲလ်ဆီးနှင့်မန်ချက်စတာယူနိုက်တက်တို့ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကိုအောက်တိုဘာလ၂၂ရက်နေ့ ညနေငါးနာရီခွဲအချိန်တွင်ကစားရန်ပြန်လည်ရေးဆွဲမှုပြုလုပ်လာပြီဖြစ်ပါတယ်။
ဒါပေမဲ့အဆိုပါပွဲစဉ်အတွက်လုံခြုံရေးပေးမဲ့ရဲတပ်ဖွဲ့အလုံအလောက်မရှိမှုနှင့်အတူအဝေးကွင်းပရိတ်သတ်များအတွက်လက်မှတ်ခွဲတမ်းကို၂၉၉၄မှ၂၃၇၀သို့လျှော့ချလိုက်ပါတယ်။
ယင်းပွဲကိုအောက်တိုဘာလ၂၃ရက်နေ့တနင်္ဂနွေနေ့ ညနေလေးနာရီခွဲအချိန်တွင်ကစားရန်စီစဉ်ထားခဲ့တာပါ။ဒါပေမဲ့ချဲလ်ဆီးမှာယင်းအပတ်အပြီးအင်္ဂါနေ့တွင်ချန်ပီယံလိဂ်ကစားရဖို့ရှိနေပါတယ်။
ဒါကြောင့်လည်းချဲလ်ဆီးနှင့်ယူနိုက်တက်ပွဲကိုတစ်ရက်ရှေ့သို့တိုးပြီးပွဲပြက္ခဒိန်ပြန်လည်ရေးဆွဲမှုပြုလုပ်လာရပါတယ်။
ဒါ့အပြင့်မီထရိုပိုလီတန်ရဲတပ်ဖွဲ့ကလည်းလုံခြုံရေးရဲတပ်ဖွဲ့အလုံအလောက်မချပေးနိုင်မှုကြောင့်ယင်းပွဲအတွက်ယူနိုက်တက်ပရိသတ်အရေအတွက်ကို၆၂၄ဦးအထိလျှော့ချလာပါတယ်။
ယူနိုက်တက်ပရိသတ်များဟာချဲလ်ဆီးနှင့်ပွဲအတွက်လက်မှတ်ခွဲတမ်းလျှော့ချလိုက်မှုကြောင့်အကြီးအကျယ်ဒေါသထွက်နေပြီးလုံခြုံရေးမပေးနိုင်မှုအတွက်ယခုကဲ့သို့လုပ်ဆောင်မှုအတွက်မီထရိုပိုလီတန်ရဲတပ်ဖွဲ့ကိုတရားစွဲဆိုရန်စဉ်းစားသွားမည်ဖြစ်ကြောင်းကြေညာလာပါတယ်။
ZawGyi
ခ်ဲလ္ဆီးႏွင့္ပြဲအတြက္ လက္မွတ္ခြဲတမ္းအနည္းသာရမႈေၾကာင့္ ယူႏိုက္တက္ပရိသတ္မ်ားေပါက္ကြဲ
ခ်ဲလ္ဆီးႏွင့္မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ပရီးမီးယားလိဂ္ပြဲစဥ္ကိုေအာက္တိုဘာလ၂၂ရက္ေန႔ ညေနငါးနာရီခြဲအခ်ိန္တြင္ကစားရန္ျပန္လည္ေရးဆြဲမႈျပဳလုပ္လာၿပီျဖစ္ပါတယ္။
ဒါေပမဲ့အဆိုပါပြဲစဥ္အတြက္လုံၿခဳံေရးေပးမဲ့ရဲတပ္ဖြဲ႕အလုံအေလာက္မရွိမႈႏွင့္အတူအေဝးကြင္းပရိတ္သတ္မ်ားအတြက္လက္မွတ္ခြဲတမ္းကို၂၉၉၄မွ၂၃၇၀သို႔ေလွ်ာ့ခ်လိုက္ပါတယ္။
ယင္းပြဲကိုေအာက္တိုဘာလ၂၃ရက္ေန႔တနဂၤေႏြေန႔ ညေနေလးနာရီခြဲအခ်ိန္တြင္ကစားရန္စီစဥ္ထားခဲ့တာပါ။ဒါေပမဲ့ခ်ဲလ္ဆီးမွာယင္းအပတ္အၿပီးအဂၤါေန႔တြင္ခ်န္ပီယံလိဂ္ကစားရဖို႔ရွိေနပါတယ္။
ဒါေၾကာင့္လည္းခ်ဲလ္ဆီးႏွင့္ယူႏိုက္တက္ပြဲကိုတစ္ရက္ေရွ႕သို႔တိုးၿပီးပြဲျပကၡဒိန္ျပန္လည္ေရးဆြဲမႈျပဳလုပ္လာရပါတယ္။
ဒါ့အျပင့္မီထ႐ိုပိုလီတန္ရဲတပ္ဖြဲ႕ကလည္းလုံၿခဳံေရးရဲတပ္ဖြဲ႕အလုံအေလာက္မခ်ေပးႏိုင္မႈေၾကာင့္ယင္းပြဲအတြက္ယူႏိုက္တက္ပရိသတ္အေရအတြက္ကို၆၂၄ဦးအထိေလွ်ာ့ခ်လာပါတယ္။
ယူႏိုက္တက္ပရိသတ္မ်ားဟာခ်ဲလ္ဆီးႏွင့္ပြဲအတြက္လက္မွတ္ခြဲတမ္းေလွ်ာ့ခ်လိုက္မႈေၾကာင့္အႀကီးအက်ယ္ေဒါသထြက္ေနၿပီးလုံၿခဳံေရးမေပးႏိုင္မႈအတြက္ယခုကဲ့သို႔လုပ္ေဆာင္မႈအတြက္မီထ႐ိုပိုလီတန္ရဲတပ္ဖြဲ႕ကိုတရားစြဲဆိုရန္စဥ္းစားသြားမည္ျဖစ္ေၾကာင္းေၾကညာလာပါတယ္။