ချဲလ်ဆီးနှင့်လန်ဒန်ဒါဘီပွဲအတွက် ဒဏ်ရာပြဿနာများကြုံနေတဲ့ စပါးစ်

စပါးစ်ဟာလူးကပ်စ်မော်ရာနှင့်စတီဗင်ဘတ်ဝိုင်တို့ဒဏ်ရာရရှိသွားမှုနဲ့အတူတနင်္ဂနွေနေ့ချဲလ်ဆီးနှင့်လန်ဒန်ဒါဘီပွဲစဉ်အတွက်ဒဏ်ရာပြဿနာကြုံဆုံနေရပါတယ်။

မြောက်လန်ဒန်ကလပ်ဟာတောင်ကိုရီးယားစူပါစတားဆန်ဟောင်မင်းဒဏ်ရာရရှိနေမှုကြောင့်ချဲလ်ဆီးနှင့်ပွဲကိုဆုံးရှုံးထားရတဲ့အသင်းလည်းဖြစ်ပါတယ်။

ဒါပေမယ့်စပါးစ်ရဲ့အဓိကတိုက်စစ်သမားများဖြစ်ကြတဲ့စတီဗင်ဘတ်ဝိုင်နှင့်လူးကပ်စ်မော်ရာတို့ဟာလည်းကြာသပတေးနေ့တုန်းကရန်းနက်စ်နှင့်နှစ်ဂိုးစီသရေကျတဲ့ကွန်ဖရင့်လိဂ်ပွဲစဉ်တွင်ဒဏ်ရာရရှိသွားခဲ့ကြပါတယ်။

ဒါကြောင့်လည်းစပါးစ်နည်းပြနူနိုဟာတနင်္ဂနွေနေ့ချဲလ်ဆီးနှင့်ပွဲစဉ်မှာအသင်းခေါင်းဆောင်ဟယ်ရီကိန်းကိုအထောင်အဖြစ်အသုံးပြုပြီးဒီလီအလီနှင့်ဘရိုင်ယန်ဂေးလ်တို့ကိုဒုတိယတိုက်စစ်သမားများအဖြစ်အသုံးပြုလာဖို့ရှိနေပါတယ်။

စပါးစ်ဟာပြီးခဲ့တဲ့အပတ်တုန်းကလန်ဒန်မြို့ခံပြိုင်ဘက်ခရစ္စတယ်ပဲလေ့စ်ကို၃-၀ဂိုးဖြင့်ရှုံးနိမ့်ကာပရီးမီးယားလိဂ်တွင်ပထမဆုံးရှုံးပွဲကြုံထားရတဲ့အသင်းလည်းဖြစ်ပါတယ်။

ZawGyi

ခ်ဲလ္ဆီးႏွင့္လန္ဒန္ဒါဘီပြဲအတြက္ ဒဏ္ရာျပႆနာမ်ားႀကဳံေနတဲ့ စပါးစ္

စပါးစ္ဟာလူးကပ္စ္ေမာ္ရာႏွင့္စတီဗင္ဘတ္ဝိုင္တို႔ဒဏ္ရာရရွိသြားမႈနဲ႔အတူတနဂၤေႏြေန႔ခ်ဲလ္ဆီးႏွင့္လန္ဒန္ဒါဘီပြဲစဥ္အတြက္ဒဏ္ရာျပႆနာႀကဳံဆုံေနရပါတယ္။

ေျမာက္လန္ဒန္ကလပ္ဟာေတာင္ကိုရီးယားစူပါစတားဆန္ေဟာင္မင္းဒဏ္ရာရရွိေနမႈေၾကာင့္ခ်ဲလ္ဆီးႏွင့္ပြဲကိုဆုံးရႈံးထားရတဲ့အသင္းလည္းျဖစ္ပါတယ္။

ဒါေပမယ့္စပါးစ္ရဲ႕အဓိကတိုက္စစ္သမားမ်ားျဖစ္ၾကတဲ့စတီဗင္ဘတ္ဝိုင္ႏွင့္လူးကပ္စ္ေမာ္ရာတို႔ဟာလည္းၾကာသပေတးေန႔တုန္းကရန္းနက္စ္ႏွင့္ႏွစ္ဂိုးစီသေရက်တဲ့ကြန္ဖရင့္လိဂ္ပြဲစဥ္တြင္ဒဏ္ရာရရွိသြားခဲ့ၾကပါတယ္။

ဒါေၾကာင့္လည္းစပါးစ္နည္းျပႏူႏိုဟာတနဂၤေႏြေန႔ခ်ဲလ္ဆီးႏွင့္ပြဲစဥ္မွာအသင္းေခါင္းေဆာင္ဟယ္ရီကိန္းကိုအေထာင္အျဖစ္အသုံးျပဳၿပီးဒီလီအလီႏွင့္ဘ႐ိုင္ယန္ေဂးလ္တို႔ကိုဒုတိယတိုက္စစ္သမားမ်ားအျဖစ္အသုံးျပဳလာဖို႔ရွိေနပါတယ္။

စပါးစ္ဟာၿပီးခဲ့တဲ့အပတ္တုန္းကလန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ခရစၥတယ္ပဲေလ့စ္ကို၃-၀ဂိုးျဖင့္ရႈံးနိမ့္ကာပရီးမီးယားလိဂ္တြင္ပထမဆုံးရႈံးပြဲႀကဳံထားရတဲ့အသင္းလည္းျဖစ္ပါတယ္။