ချဲလ်ဆီးနှင့်အတူလေ့ကျင့်ခန်းဆင်းလာမှုနဲ့အတူ အာဆင်နယ်နှင့်ပွဲတွင် ပါဝင်လာဖို့သေချာနေတဲ့လူကာကူ

ရိုမဲလူလူကာကူဟာအင်္ဂါနေ့တုန်းကချဲလ်ဆီးကစားဖော်သစ်များနှင့်အတူလေ့ကျင့်ခန်းစတင်ဆင်းလာပြီဖြစ်ပါတယ်။

ပေါင်၉၇.၅သန်းတန်တိုက်စစ်မှူးဟာအင်တာမီလန်မှစတမ်းဖို့ဒ်ဘရစ်ချ်သို့ပြန်လည်ပြောင်းရွှေ့လာပြီးနောက်လာမယ့်တနင်္ဂနွေနေ့တွင်အာဆင်နယ်နှင့်ကစားရမယ့်ပွဲစဉ်တွင်ချဲလ်ဆီးအတွက်ဒုတိယမြောက်ပထမပွဲကစားလာဖို့ရှိပါတယ်။

လူကာကူဟာကစားဖော်ဟောင်းဒီဒီယာဒရော့ဘာရဲ့အကူအညီနှင့်အတူချဲလ်ဆီးတစ်ကျော့ပြန်ခရီးတွင်အလျှင်အမြန်အထိုင်ကျခဲ့ပါတယ်။

လူကာကူဟာအီတလီမှဗြိတိန်သို့ရောက်လာပြီးနောက်ကွာရန်တင်းဝင်ခဲ့ရကာအင်္ဂါနေ့မှစတင်ကာလေ့ကျင့်ခန်းဆင်းခွင့်ရရှိလာခဲ့ပါတယ်။

ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာချဲလ်ဆီးတွင်ပထမအကြိမ်ကစားစဉ်ကတစ်ဂိုးမျှမသွင်းနိုင်ခဲ့ပါဘူး။ဒါပေမယ့်သူဟာဝက်စ်ဘရွန်း၊အဲဗာတန်၊မန်ယူတို့အတွက်ကစားစဉ်တုန်းကအင်္ဂလန်တွင်၁၁၃ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ပထမဆုံးအကြိမ်ချဲလ်ဆီးတွင်ကစားစဉ်တုန်းကလက်ရှိအသင်းတွင်လူကာကူရဲ့ကစားဖော်ဟောင်းအဖြစ်အသင်းခေါင်းဆောင်အက်ဇ်ပီလီကူတာတစ်ဦးတည်းသာရှိပါတော့တယ်။

လူကာကူအတွက်ချဲလ်ဆီးအတွက်ပထမဆုံးပွဲစဉ်ကအာဆင်နယ်နှင့်ပွဲဖြစ်နေမှုမှာသူ့အတွက်ကံဆိုးမှုတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။လူကာကူဟာအင်္ဂလန်တွင်ကစားစဉ်အတွင်းအာဆင်နယ်အသင်းနှင့်၁၅ကြိမ်တိုင်တိုင်ရင်ဆိုင်ခဲ့ဖူးရာမှာ၂ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။

ZawGyi

ခ်ဲလ္ဆီးႏွင့္အတူေလ့က်င့္ခန္းဆင္းလာမႈနဲ႔အတူ အာဆင္နယ္ႏွင့္ပြဲတြင္ ပါဝင္လာဖို႔ေသခ်ာေနတဲ့လူကာကူ

႐ိုမဲလူလူကာကူဟာအဂၤါေန႔တုန္းကခ်ဲလ္ဆီးကစားေဖာ္သစ္မ်ားႏွင့္အတူေလ့က်င့္ခန္းစတင္ဆင္းလာၿပီျဖစ္ပါတယ္။

ေပါင္၉၇.၅သန္းတန္တိုက္စစ္မႉးဟာအင္တာမီလန္မွစတမ္းဖို႔ဒ္ဘရစ္ခ်္သို႔ျပန္လည္ေျပာင္းေ႐ႊ႕လာၿပီးေနာက္လာမယ့္တနဂၤေႏြေန႔တြင္အာဆင္နယ္ႏွင့္ကစားရမယ့္ပြဲစဥ္တြင္ခ်ဲလ္ဆီးအတြက္ဒုတိယေျမာက္ပထမပြဲကစားလာဖို႔ရွိပါတယ္။

လူကာကူဟာကစားေဖာ္ေဟာင္းဒီဒီယာဒေရာ့ဘာရဲ႕အကူအညီႏွင့္အတူခ်ဲလ္ဆီးတစ္ေက်ာ့ျပန္ခရီးတြင္အလွ်င္အျမန္အထိုင္က်ခဲ့ပါတယ္။

လူကာကူဟာအီတလီမွၿဗိတိန္သို႔ေရာက္လာၿပီးေနာက္ကြာရန္တင္းဝင္ခဲ့ရကာအဂၤါေန႔မွစတင္ကာေလ့က်င့္ခန္းဆင္းခြင့္ရရွိလာခဲ့ပါတယ္။

ဘယ္လ္ဂ်ီယံတိုက္စစ္မႉးဟာခ်ဲလ္ဆီးတြင္ပထမအႀကိမ္ကစားစဥ္ကတစ္ဂိုးမွ်မသြင္းႏိုင္ခဲ့ပါဘူး။ဒါေပမယ့္သူဟာဝက္စ္ဘ႐ြန္း၊အဲဗာတန္၊မန္ယူတို႔အတြက္ကစားစဥ္တုန္းကအဂၤလန္တြင္၁၁၃ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ပထမဆုံးအႀကိမ္ခ်ဲလ္ဆီးတြင္ကစားစဥ္တုန္းကလက္ရွိအသင္းတြင္လူကာကူရဲ႕ကစားေဖာ္ေဟာင္းအျဖစ္အသင္းေခါင္းေဆာင္အက္ဇ္ပီလီကူတာတစ္ဦးတည္းသာရွိပါေတာ့တယ္။

လူကာကူအတြက္ခ်ဲလ္ဆီးအတြက္ပထမဆုံးပြဲစဥ္ကအာဆင္နယ္ႏွင့္ပြဲျဖစ္ေနမႈမွာသူ႔အတြက္ကံဆိုးမႈတစ္ခုလည္းျဖစ္လာႏိုင္ပါတယ္။လူကာကူဟာအဂၤလန္တြင္ကစားစဥ္အတြင္းအာဆင္နယ္အသင္းႏွင့္၁၅ႀကိမ္တိုင္တိုင္ရင္ဆိုင္ခဲ့ဖူးရာမွာ၂ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။