ချဲလ်ဆီးနှင့်အီတလီဂန္ထဝင်ဗီယာလီရဲ့အခြေအနေဆိုးရွားလာနေ

ဂျီယန်လူကာဗီယာလီရဲ့ကျန်းမာရေးအခြေအနေမှာဆိုးရွားလာမှုနဲ့အတူမိခင်ဖြစ်သူမှာအီတလီမှလန်ဒန်သို့အလျှင်အမြန်လာရောက်ပြီးအားပေးကူညီစောင့်ရှောက်မှုပြုလုပ်နေကြောင်းသိရပါတယ်။

ချဲလ်ဆီးနှင့်အီတလီတိုက်စစ်မှူးဟောင်းဟာပန်ကရိယကင်ဆာရောဂါတိုက်ပွဲဝင်နေရသူဖြစ်ပြီးဆေးရုံသို့တက်ရောက်ကုသမှုခံနေရပါတယ်။

အသက်၅၈နှစ်ရှိဗီယာလီဟာ၂၀၁၇ခုနှစ်တွင်ပန်ကရိယကင်ဆာဖြစ်နေကြောင်းတွေ့ရှိပြီးနောက်၂၀၂၀ခုနှစ်တွင်အားလုံးကင်းရှင်းသွားခဲ့ပါတယ်။

ဒါပေမဲ့၂၀၂၁ခုနှစ်တွင်ရောဂါပြန်ပေါ်လာခဲ့ပါတယ်။သူဟာရောဂါကိုတိုက်ပွဲဝင်ရန်အတွက်မကြာသေးမီတုန်းကအီတလီအသင်းနည်းပြအဖွဲ့ဝင်မှနုတ်ထွက်ခဲ့ပါတယ်။

ယနေ့တွင်အီတလီသတင်းစာ Corriere della Sera ကဗီယာလီရဲ့အခြေအနေမှာဆိုးရွားလာနေပြီးအသက်၈၇နှစ်အရွယ်ရှိမိခင်နှင့်ညီဖြစ်သူတို့မှာဗီယာလီဆေးကုသမှုခံယူနေရတဲ့လန်ဒန်သို့ရောက်ခဲ့ကြောင်းသိရပါတယ်။

ZawGyi

ခ်ဲလ္ဆီးႏွင့္အီတလီဂႏၴဝင္ဗီယာလီရဲ႕အေျခအေနဆိုး႐ြားလာေန

ဂ်ီယန္လူကာဗီယာလီရဲ႕က်န္းမာေရးအေျခအေနမွာဆိုး႐ြားလာမႈနဲ႔အတူမိခင္ျဖစ္သူမွာအီတလီမွလန္ဒန္သို႔အလွ်င္အျမန္လာေရာက္ၿပီးအားေပးကူညီေစာင့္ေရွာက္မႈျပဳလုပ္ေနေၾကာင္းသိရပါတယ္။

ခ်ဲလ္ဆီးႏွင့္အီတလီတိုက္စစ္မႉးေဟာင္းဟာပန္ကရိယကင္ဆာေရာဂါတိုက္ပြဲဝင္ေနရသူျဖစ္ၿပီးေဆး႐ုံသို႔တက္ေရာက္ကုသမႈခံေနရပါတယ္။

အသက္၅၈ႏွစ္ရွိဗီယာလီဟာ၂၀၁၇ခုႏွစ္တြင္ပန္ကရိယကင္ဆာျဖစ္ေနေၾကာင္းေတြ႕ရွိၿပီးေနာက္၂၀၂၀ခုႏွစ္တြင္အားလုံးကင္းရွင္းသြားခဲ့ပါတယ္။

ဒါေပမဲ့၂၀၂၁ခုႏွစ္တြင္ေရာဂါျပန္ေပၚလာခဲ့ပါတယ္။သူဟာေရာဂါကိုတိုက္ပြဲဝင္ရန္အတြက္မၾကာေသးမီတုန္းကအီတလီအသင္းနည္းျပအဖြဲ႕ဝင္မွႏုတ္ထြက္ခဲ့ပါတယ္။

ယေန႔တြင္အီတလီသတင္းစာ Corriere della Sera ကဗီယာလီရဲ႕အေျခအေနမွာဆိုး႐ြားလာေနၿပီးအသက္၈၇ႏွစ္အ႐ြယ္ရွိမိခင္ႏွင့္ညီျဖစ္သူတို႔မွာဗီယာလီေဆးကုသမႈခံယူေနရတဲ့လန္ဒန္သို႔ေရာက္ခဲ့ေၾကာင္းသိရပါတယ္။