ချဲလ်ဆီးနှင့် ချုပ်ဆိုထားတဲ့ အင်္ကျီစပွန်ဆာ ၁၅ နှစ်စာချုပ်ကို ရပ်ဆိုင်းရန် Nike စဉ်းစားနေ၊ ပေါင်သန်း ၅၄၀ အထိနစ်နာလာမည်

Nike ဟာချဲလ်ဆီးနှင့်၁၅နှစ်အင်္ကျီစပွန်ဆာစာချုပ်ကိုရပ်ဆိုင်းရန်စဉ်းစားလျက်ရှိနေပါတယ်။တကယ်လို့များ Nike ဘက်ကလမ်းခွဲလာပါက ချဲလ်ဆီးဟာပေါင်သန်း၅၄၀အထိနစ်နာလာပါမယ်။

ဗြိတိန်အစိုးရကပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ကိုဆန်ရှင်ပြုလုပ်လာပြီးနောက်ချဲလ်ဆီးအနာဂတ်မှာမရေမရာဖြစ်လာခဲ့ပါတယ်။

ချဲလ်ဆီးဟာအင်္ကျီရင်ဘတ်စပွန်ဆာ Three အပါအဝင်စပွန်ဆာသုံးခုတို့ရဲ့စာချုပ်ရပ်ဆိုင်းခြင်းခံထားရပြီးလည်းဖြစ်ပါတယ်။ချဲလ်ဆီးဟာ Three နှင့်အင်္ကျီရင်ဘတ်စပွန်ဆာရပ်ဆိုင်းခဲ့ပေမဲ့လည်းမနေ့ညတုန်းကနော့ဝှစ်ချ်နှင့်ပွဲတွင် Three ပါအင်္ကျီကိုပင်ဆက်လက်အသုံးပြုသွားခဲ့ပါတယ်။

Daily Mail ရဲ့ဖော်ပြချက်အရ ယခုအခါအင်္ကျီစပွန်ဆာ Nike ကလည်းချဲလ်ဆီးနှင့်လမ်းခွဲရန်စီစဉ်နေကြောင်းဖော်ပြလာပါတယ်။

၎င်းတို့ဟာ၂၀၁၅ခုနှစ်တုန်းကပေါင်သန်း၉၀၀တန်စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့ကြတာဖြစ်ပြီးအကယ်၍လမ်းခွဲလိုက်မည်ဆိုပါကချဲလ်ဆီးမှပေါင်သန်း၅၄၀အထိနစ်နာလာပါတယ်။

ချဲလ်ဆီးဟာပိုင်ရှင်ရိုမန်အေဘရာမိုဗစ်မှာဆန်ရှင်အလုပ်ခံထားရမှုကြောင့် ဝင်ငွေ/ထွက်ငွေပြုလုပ်နိုင်ခြင်းမရှိရာ ပရီးမီးယားလိဂ်နှင့်ချန်ပီယံလိဂ်တို့မှဆုငွေများလည်းရယူနိုင်ခြင်းမရှိသလိုအိမ်ကွင်းလက်မှတ်ရောင်းချခြင်းလည်းမပြုလုပ်နိုင်ပါဘူး။

ချဲလ်ဆီးဟာစတမ်းဖို့ဒ်ဘရစ်ချ်ရှိအမှတ်တရပစ္စည်းအရောင်းဆိုင်ကိုလည်းပိတ်ထားရပြီဖြစ်ပါတယ်။

ချဲလ်ဆီးဟာအိမ်ကွင်းလက်မှတ်ရောင်းချနိုင်ခြင်းမရှိမှုနဲ့အတူအနည်းဆုံးဝင်ငွေပေါင်၆သိန်းအထိနစ်နာလာတော့မှာဖြစ်ပါတယ်။

ချဲလ်ဆီးဟာရာသီအကုန်တွင်အာဏာပိုင်တို့ရဲ့စီမံအုပ်ချုပ်မှုဝင်ရောက်ပါကလည်း ရမှတ်၉မှတ်အလျှော့ခံရပါမယ်။

ZawGyi

ခ်ဲလ္ဆီးႏွင့္ ခ်ဳပ္ဆိုထားတဲ့ အက်ႌစပြန္ဆာ ၁၅ ႏွစ္စာခ်ဳပ္ကို ရပ္ဆိုင္းရန္ Nike စဥ္းစားေန၊ ေပါင္သန္း ၅၄၀ အထိနစ္နာလာမည္

Nike ဟာခ်ဲလ္ဆီးႏွင့္၁၅ႏွစ္အက်ႌစပြန္ဆာစာခ်ဳပ္ကိုရပ္ဆိုင္းရန္စဥ္းစားလ်က္ရွိေနပါတယ္။တကယ္လို႔မ်ား Nike ဘက္ကလမ္းခြဲလာပါက ခ်ဲလ္ဆီးဟာေပါင္သန္း၅၄၀အထိနစ္နာလာပါမယ္။

ၿဗိတိန္အစိုးရကပိုင္ရွင္႐ိုမန္ေအဘရာမိုဗစ္ကိုဆန္ရွင္ျပဳလုပ္လာၿပီးေနာက္ခ်ဲလ္ဆီးအနာဂတ္မွာမေရမရာျဖစ္လာခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာအက်ႌရင္ဘတ္စပြန္ဆာ Three အပါအဝင္စပြန္ဆာသုံးခုတို႔ရဲ႕စာခ်ဳပ္ရပ္ဆိုင္းျခင္းခံထားရၿပီးလည္းျဖစ္ပါတယ္။ခ်ဲလ္ဆီးဟာ Three ႏွင့္အက်ႌရင္ဘတ္စပြန္ဆာရပ္ဆိုင္းခဲ့ေပမဲ့လည္းမေန႔ညတုန္းကေနာ့ဝွစ္ခ်္ႏွင့္ပြဲတြင္ Three ပါအက်ႌကိုပင္ဆက္လက္အသုံးျပဳသြားခဲ့ပါတယ္။

Daily Mail ရဲ႕ေဖာ္ျပခ်က္အရ ယခုအခါအက်ႌစပြန္ဆာ Nike ကလည္းခ်ဲလ္ဆီးႏွင့္လမ္းခြဲရန္စီစဥ္ေနေၾကာင္းေဖာ္ျပလာပါတယ္။

၎တို႔ဟာ၂၀၁၅ခုႏွစ္တုန္းကေပါင္သန္း၉၀၀တန္စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၾကတာျဖစ္ၿပီးအကယ္၍လမ္းခြဲလိုက္မည္ဆိုပါကခ်ဲလ္ဆီးမွေပါင္သန္း၅၄၀အထိနစ္နာလာပါတယ္။

ခ်ဲလ္ဆီးဟာပိုင္ရွင္႐ိုမန္ေအဘရာမိုဗစ္မွာဆန္ရွင္အလုပ္ခံထားရမႈေၾကာင့္ ဝင္ေငြ/ထြက္ေငြျပဳလုပ္ႏိုင္ျခင္းမရွိရာ ပရီးမီးယားလိဂ္ႏွင့္ခ်န္ပီယံလိဂ္တို႔မွဆုေငြမ်ားလည္းရယူႏိုင္ျခင္းမရွိသလိုအိမ္ကြင္းလက္မွတ္ေရာင္းခ်ျခင္းလည္းမျပဳလုပ္ႏိုင္ပါဘူး။

ခ်ဲလ္ဆီးဟာစတမ္းဖို႔ဒ္ဘရစ္ခ်္ရွိအမွတ္တရပစၥည္းအေရာင္းဆိုင္ကိုလည္းပိတ္ထားရၿပီျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာအိမ္ကြင္းလက္မွတ္ေရာင္းခ်ႏိုင္ျခင္းမရွိမႈနဲ႔အတူအနည္းဆုံးဝင္ေငြေပါင္၆သိန္းအထိနစ္နာလာေတာ့မွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာရာသီအကုန္တြင္အာဏာပိုင္တို႔ရဲ႕စီမံအုပ္ခ်ဳပ္မႈဝင္ေရာက္ပါကလည္း ရမွတ္၉မွတ္အေလွ်ာ့ခံရပါမယ္။