ချဲလ်ဆီးပစ်မှတ်ခွန်ဒီကို စာချုပ်ပါအချက်အတိုင်းပေါင်၆၉သန်းပေးပြီး ကြားဝင်ဆွဲမယ့် သရဲနီ

မန်ချက်စတာယူနိုက်တက်ဟာဂျူးလက်စ်ခွန်ဒီကိုစာချုပ်ပါအချက်အတိုင်းပြောင်းရွှေ့ကြေးပေါင်၆၉သန်းပေးကာခေါ်ယူရန်စီစဉ်နေကြောင်းသိရပါတယ်။

ပြင်သစ်လက်ရွေးစင်နောက်ခံလူခွန်ဒီဟာချဲလ်ဆီးရဲ့အဓိကပစ်မှတ်ကစားသမားတစ်ဦးဖြစ်ပြီးနွေရာသီတုန်းကပြောင်းလုနီးပါးအနေအထားသို့ရောက်ခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်မန်ယူဟာခွန်ဒီကိုခေါ်ယူရေးအတွက်ချဲလ်ဆီးထက်လက်ဦးမှုရယူကာလှုပ်ရှားနေကြောင်းသိရပါတယ်။

Fichajes ရဲ့ဖော်ပြချက်အရမန်ယူဟာအသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားရဲ့နေရာတွင်ခွန်ဒီနှင့်အစားထိုးနေကြောင်းသိရပါတယ်။မန်ယူအသင်းခေါင်းဆောင်မက်ဂွိုင်းယားဟာနောက်ပိုင်းပွဲစဉ်များတွင်ခြေစွမ်းကျဆင်းမှုများနှင့်အတူဝေဖန်မှုများကြုံနေရပါတယ်။

မန်ယူဟာဗဟိုခံစစ်အတွက်နွေရာသီတုန်းကရီးရဲလ်မက်ဒရစ်မှခေါ်ယူထားတဲ့ရာဖေးလ်ဗာရိန်းအပေါ်တွင်သာအပြည့်အဝယုံကြည်မှုရှိနေပြီး၎င်းနှင့်တွဲရန်ခွန်ဒီသာအသင့်တော်ဆုံးလို့ယုံကြည်နေပါတယ်။

ချဲလ်ဆီးဟာနွေရာသီတုန်းကခွန်ဒီကိုခေါ်ယူရေးအကြီးအကျယ်လှုပ်ရှားခဲ့ပေမယ့်ပြောင်းရွှေ့ကြေးပေါင်၄၂.၈သန်းသာပေးမှုနှင့်အတူအောင်မြင်ခဲ့ခြင်းမရှိပါဘူး။

ဆီဗီလာဟာခွန်ဒီရဲ့စာချုပ်အတွင်းတွင်ချုပ်ဆိုထားတဲ့အတိုင်းပေါင်၆၉သန်းပေးမည်ဆိုပါကရောင်းချရန်အသင့်ရှိနေပါတယ်။

ZawGyi






