ချဲလ်ဆီးပစ်မှတ်ထားနေတဲ့ ဆူးလ်နဲ့ပတ်သက်ပြီး ဘိုင်ယန်မြူးနစ်ပြောကြားလာ

ဘိုင်ယန်မြူးနစ်စီအီးအိုကားလ်ဟိန့်ဇ်ရမ်မန်နစ်ဂီဟာချဲလ်ဆီးအသင်းပစ်မှတ်ထားနေတဲ့နောက်ခံလူနစ်ကလပ်စ်ဆူးလ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပြောကြားလာပါတယ်။

ဆူးလ်ဟာဘိုင်ယန်မြူးနစ်နှင့်၁၈လစာချုပ်သာကျန်တော့သူဖြစ်ပြီးဘိုင်ယန်မြူးနစ်ကစာချုပ်သစ်ချုပ်ဆိုရေးအတွက် ကမ်းလှမ်းမှုတစ်စုံတစ်ရာပြုလုပ်ထားခြင်းမရှိသေးပါဘူး။

ချဲလ်ဆီးဟာလာမယ့်နွေရာသီမှာအသက်၂၅နှစ်ရှိဂျာမနီလက်ရွေးစင်နောက်ခံလူကိုခေါ်ယူရေးကမ်းလှမ်းမှုပြုလုပ် လာနိုင်ကြောင်းသတင်းထွက်နေပါတယ်။

ဒါပေမယ့်ဘိုင်ယန်မြူးနစ်အကြီးအကဲကတော့ဆူးလ်ကိုစာချုပ်သစ်ချုပ်ဆိုရေးအတွက်ကမ်းလှမ်းမှုပြုလုပ်သွားမှာ ဖြစ်ကြောင်းပြောကြားလာပါတယ်။

ရမ်မန်နစ်ဂီက “ဘိုင်ယန်မြူးနစ်မှာဂျာမနီလက်ရွေးစင်ကစားသမားတွေကိုရှိစေချင်ပါတယ်။နစ်ကလပ်စ်မှာတစ် နှစ်စာချုပ်ကျန်ရှိနေပါသေးတယ်။ကျွန်တော်တို့ဆွေးနွေးသွားပါမယ်။ပြီးတော့မှဘာဖြစ်လာမလဲကြည့်ပါမယ်။ကျွန် တော်တို့ဟာအခြေအနေအရပ်ရပ်ကိုနွေရာသီမှာမှဆုံးဖြတ်သွားပါမယ်။ကိုဗစ်ကြောင့်ဘိုင်ယန်ရဲ့ဘဏ္ဍာရေးအခြေ အနေကိုများစွာထိခိုက်စေပါတယ်။အဖြေရှိလာမယ်ဆိုရင်တော့စာချုပ်သက်တမ်းတိုးပါမယ်။ဒါပေမယ့်ဖြစ်နိုင်တဲ့ အခြေအနေမျိုးမှာဘဲလုပ်သွားပါမယ်”လို့ပြောကြားသွားပါတယ်။

ဘိုင်ယန်မြူးနစ်ဟာနွေရာသီအထိဆူးလ်ကိုစာချုပ်သစ်ချုပ်ဆိုရေးအောင်မြင်မှုမရရှိပါကရောင်းချသွားရန်သေချာ သလောက်ရှိနေပါတယ်။ချဲလ်ဆီးဟာတစ်နှစ်စာချုပ်သာကျန်တော့တဲ့ဆူးလ်ကိုပေါင်၃၃သန်းခန့်ဖြင့်ခေါ်ယူနိုင်ရန် မျှော်လင့်နေပါတယ်။

ဆူးလ်ဟာ၂၀၁၇ခုနှစ်တွင်ဟော်ဖန်ဟိမ်းမှပြောင်းရွှေ့လာပြီးနောက်ဘိုင်ယန်မြူးနစ်အသင်းအတွက်ပြိုင်ပွဲအရပ်ရပ် တွင်၁၂၅ပွဲကစားကာ၆ဂိုးသွင်းယူထားပါတယ်။

ZawGyi

ခ်ဲလ္ဆီးပစ္မွတ္ထားေနတဲ့ ဆူးလ္နဲ႔ပတ္သက္ၿပီး ဘိုင္ယန္ျမဴးနစ္ေျပာၾကားလာ

ဘိုင္ယန္ျမဴးနစ္စီအီးအိုကားလ္ဟိန႔္ဇ္ရမ္မန္နစ္ဂီဟာခ်ဲလ္ဆီးအသင္းပစ္မွတ္ထားေနတဲ့ေနာက္ခံလူနစ္ကလပ္စ္ဆူးလ္ရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး ေျပာၾကားလာပါတယ္။

ဆူးလ္ဟာဘိုင္ယန္ျမဴးနစ္ႏွင့္၁၈လစာခ်ဳပ္သာက်န္ေတာ့သူျဖစ္ၿပီးဘိုင္ယန္ျမဴးနစ္ကစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္ ကမ္းလွမ္းမႈတစ္စုံတစ္ရာျပဳလုပ္ထားျခင္းမရွိေသးပါဘူး။

ခ်ဲလ္ဆီးဟာလာမယ့္ေႏြရာသီမွာအသက္၂၅ႏွစ္ရွိဂ်ာမနီလက္ေ႐ြးစင္ေနာက္ခံလူကိုေခၚယူေရးကမ္းလွမ္းမႈျပဳလုပ္ လာႏိုင္ေၾကာင္းသတင္းထြက္ေနပါတယ္။

ဒါေပမယ့္ဘိုင္ယန္ျမဴးနစ္အႀကီးအကဲကေတာ့ဆူးလ္ကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္ကမ္းလွမ္းမႈျပဳလုပ္သြားမွာ ျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

ရမ္မန္နစ္ဂီက “ဘိုင္ယန္ျမဴးနစ္မွာဂ်ာမနီလက္ေ႐ြးစင္ကစားသမားေတြကိုရွိေစခ်င္ပါတယ္။နစ္ကလပ္စ္မွာတစ္ ႏွစ္စာခ်ဳပ္က်န္ရွိေနပါေသးတယ္။ကြၽန္ေတာ္တို႔ေဆြးေႏြးသြားပါမယ္။ၿပီးေတာ့မွဘာျဖစ္လာမလဲၾကည့္ပါမယ္။ကြၽန္ ေတာ္တို႔ဟာအေျခအေနအရပ္ရပ္ကိုေႏြရာသီမွာမွဆုံးျဖတ္သြားပါမယ္။ကိုဗစ္ေၾကာင့္ဘိုင္ယန္ရဲ႕ဘ႑ာေရးအေျခ အေနကိုမ်ားစြာထိခိုက္ေစပါတယ္။အေျဖရွိလာမယ္ဆိုရင္ေတာ့စာခ်ဳပ္သက္တမ္းတိုးပါမယ္။ဒါေပမယ့္ျဖစ္ႏိုင္တဲ့ အေျခအေနမ်ိဳးမွာဘဲလုပ္သြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာေႏြရာသီအထိဆူးလ္ကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေအာင္ျမင္မႈမရရွိပါကေရာင္းခ်သြားရန္ေသခ်ာ သေလာက္ရွိေနပါတယ္။ခ်ဲလ္ဆီးဟာတစ္ႏွစ္စာခ်ဳပ္သာက်န္ေတာ့တဲ့ဆူးလ္ကိုေပါင္၃၃သန္းခန႔္ျဖင့္ေခၚယူႏိုင္ရန္ ေမွ်ာ္လင့္ေနပါတယ္။

ဆူးလ္ဟာ၂၀၁၇ခုႏွစ္တြင္ေဟာ္ဖန္ဟိမ္းမွေျပာင္းေ႐ႊ႕လာၿပီးေနာက္ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ၿပိဳင္ပြဲအရပ္ရပ္ တြင္၁၂၅ပြဲကစားကာ၆ဂိုးသြင္းယူထားပါတယ္။