ချဲလ်ဆီးပရိသတ်ဖြစ်ကြောင်း ဖွင့်ဟလာတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ဒိတ်ဖို့ ဆန္ဒပြင်းပြနေတဲ့ ကမ္ဘာ့အလှဆုံးဘောလုံးမယ်

ကမ္ဘာ့အလှဆုံးဘောလုံးမယ်အဖြစ်သတ်မှတ်ခံထားရတဲ့အန်နာမာရီယာမာကိုဗစ်ကခရစ္စတီယာနိုရော်နယ်ဒိုနှင့်ဒိတ်ရန်ဆန္ဒပြင်းပြနေကြောင်းနှင့် ချဲလ်ဆီးပရိသတ်ဖြစ်ကြောင်းဖွင့်ဟလာပါတယ်။

ကမ္ဘာ့အလှဆုံးဘောလုံးမယ်ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုအကြီးအကျယ်လေးစားအားကျသူဖြစ်ကြောင်းဘယ်တုန်းကမှမလျို့ဝှက်ထားခဲ့သူလည်းဖြစ်ပါတယ်။

သူမဟာခရစ္စတီယာနိုရော်နယ်ဒိုကိုအတုယူလုပ်ဆောင်မှုကြောင့်ခရိုအေးရှားအမျိုးသမီးလက်ရွေးစင်အသင်းတွင်လည်းရွေးချယ်ခြင်းခံလာခဲ့ရသူလည်းဖြစ်ပါတယ်။

အသက်၂၃နှစ်ရှိသူမဟာအသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုနှင့်ဒိတ်ဖို့ကြိုးစားခဲ့ပေမဲ့လည်းပေါ်တူဂီစူပါစတားရဲ့တုံ့ပြန်ခြင်းမခံခဲ့ရပါဘူး။

Al Nassr သို့ပြောင်းရွှေ့ကစားခဲ့တဲ့ခရစ္စတီယာနိုရော်နယ်ဒိုမှာကာလရှည်ကြာလက်တွဲလာတဲ့ဂျော်ဂျီနာရိုဒရီဂွက်ဇ်ရှိနေပါတယ်။

သူမဟာအကြိုက်ဆုံးအင်္ဂလိပ်အသင်းကိုမေးမြန်းလာချိန်မှာတော့ချဲလ်ဆီးပရီသတ်ဖြစ်ကြောင်းဖွင့်ဟလာပါတယ်။

ခရိုအေးရှားစတားကိုဗာဆစ်ဟာချဲလ်ဆီးနှင့်အတူ ချန်ပီယံလိဂ်ဖလားဆွတ်ခူးထားနိုင်ပေမဲ့အန်နာမာရီယာမာကိုဗစ်အတွက်အကြိုက်ဆုံးချဲလ်ဆီးကစားသမားအဖြစ်ဖရန့်လမ်းပတ်ဖြစ်နေတုန်းဖြစ်ပါတယ်။

မာကိုဗစ်ဟာလက်ရှိအချိန်တွင်ဆွစ်ဇာလန်ကလပ် Grasshopperတွင်ကစားနေပါတယ်။သူမဟာခရိုအေးရှားလက်ရွေစင်အသင်းအတွက်၉ပွဲကစားကာ၁ဂိုးသွင်းထားနိုင်ပါတယ်။

ZawGyi








