ချဲလ်ဆီးမှထွက်ခွာမှုမှာ ကြီးမားတဲ့အမှားဖြစ်လာနိုင်တယ်လို့ ခရစ်တင်ဆင်ကို တူချယ်သတိပေး

သောမတ်စ်တူချယ်ကအင်ဒရေခရစ်တင်ဆင်အတွက်ချဲလ်ဆီးမှထွက်ခွာမှုမှာကြီးမားတဲ့အမှားတစ်ခုဖြစ်လာနိုင်ကြောင်းသတိပေးပြောကြားလာပါတယ်။

ဒိန်းမတ်နောက်ခံလူဟာချဲလ်ဆီးနှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်နွေရာသီတွင်ဘာစီလိုနာသို့ငါးနှစ်စာချုပ်ဖြင့်ပြောင်းရန်သဘောတူညီမှုရထားကြောင်းသတင်းထွက်နေပါတယ်။

ဂျာမန်လူမျိုးနည်းပြက “အခြားကလပ်ကမှပိုကြီးတယ်လို့မထင်ပါဘူး။သူ့အနေနဲ့ဒီမှာပဲသူ့အိပ်မက်အားလုံးပြည့်နိုင်ပါတယ်။ကျွန်တော်တို့အနေနဲ့ကိုယ့်ကိုယ်ကိုလည်းအရမ်းနှိမ့်ချနေဖို့မလိုပါဘူး။အင်ဒရေရဲ့အခြေအနေက ရှင်းရှင်းလင်းလင်းဖြစ်နေတာရက်သတ္တပတ်အနည်းငယ်ရှိပါပြီ။သူ့အတွက် ဒီမှာနေတာကအကောင်းဆုံးဖြစ်တာကြောင့်ဒီအခြေအနေအပေါ်မပျော်ပါဘူး။စာချုပ်သက်တမ်းကုန်တဲ့အထိတော့သူကချဲလ်ဆီးကစားသမားပါ”လို့ပြောကြားသွားပါတယ်။

အသက်၂၅နှစ်ရှိခရစ်တင်ဆင်ဟာကြွေးနွံနစ်နေတဲ့ဘာစီလိုနာတွင်မြင့်မားတဲ့လုပ်ခရရှိလာမယ်လို့ယုံကြည်ရပါတယ်။

ဆက်လက်ပြီးတူချယ်က “သူ့ကစားသမားဘဝရဲ့အရေးပါတဲ့ကာလသို့ရောက်နေပါတယ်။အကောင်းဆုံးအရွယ်၊အကောင်းဆုံးအခြေအနေ၊ကစားရာနေရာနဲ့သူတွဲကစားတဲ့ကစားသမားတွေကလည်းပြည့်စုံပါတယ်။အခြေအနေအရပ်ရပ်ကိုသုံးသပ်နိုင်ပါတယ်။သူ့အတွက်အဆုံးအဖြတ်ကာလပါ။သူ့အနေနဲ့နောက်နှစ်များစွာကြီးကျယ်တဲ့ချဲလ်ဆီးကစားသမားတစ်ဦးအဖြစ်ရှိနေနိုင်ပါမယ်။တကယ်လို့သူ့ဘက်ကအခြားအရာကိုဆုံးဖြတ်ရင်လည်းကျွန်တော်ဘာမှမပြောလိုပါဘူး။သူ့ဆုံးဖြတ်ချက်ကိုကျွန်တော်နားလည်တယ်၊မလည်ဘူးဆိုတာကအရေးမကြီးပါဘူး။နောက်ဆုံးနေ့အထိသူ့ကိုကိုယ့်ကစားသမားအဖြစ်ပဲဆက်ဆံပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ခ်ဲလ္ဆီးမွထြက္ခြာမႈမွာ ႀကီးမားတဲ့အမွားျဖစ္လာႏိုင္တယ္လို႔ ခရစ္တင္ဆင္ကို တူခ်ယ္သတိေပး

ေသာမတ္စ္တူခ်ယ္ကအင္ဒေရခရစ္တင္ဆင္အတြက္ခ်ဲလ္ဆီးမွထြက္ခြာမႈမွာႀကီးမားတဲ့အမွားတစ္ခုျဖစ္လာႏိုင္ေၾကာင္းသတိေပးေျပာၾကားလာပါတယ္။

ဒိန္းမတ္ေနာက္ခံလူဟာခ်ဲလ္ဆီးႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ေႏြရာသီတြင္ဘာစီလိုနာသို႔ငါးႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းရန္သေဘာတူညီမႈရထားေၾကာင္းသတင္းထြက္ေနပါတယ္။

ဂ်ာမန္လူမ်ိဳးနည္းျပက “အျခားကလပ္ကမွပိုႀကီးတယ္လို႔မထင္ပါဘူး။သူ႔အေနနဲ႔ဒီမွာပဲသူ႔အိပ္မက္အားလုံးျပည့္ႏိုင္ပါတယ္။ကြၽန္ေတာ္တို႔အေနနဲ႔ကိုယ့္ကိုယ္ကိုလည္းအရမ္းႏွိမ့္ခ်ေနဖို႔မလိုပါဘူး။အင္ဒေရရဲ႕အေျခအေနက ရွင္းရွင္းလင္းလင္းျဖစ္ေနတာရက္သတၱပတ္အနည္းငယ္ရွိပါၿပီ။သူ႔အတြက္ ဒီမွာေနတာကအေကာင္းဆုံးျဖစ္တာေၾကာင့္ဒီအေျခအေနအေပၚမေပ်ာ္ပါဘူး။စာခ်ဳပ္သက္တမ္းကုန္တဲ့အထိေတာ့သူကခ်ဲလ္ဆီးကစားသမားပါ”လို႔ေျပာၾကားသြားပါတယ္။

အသက္၂၅ႏွစ္ရွိခရစ္တင္ဆင္ဟာေႂကြးႏြံနစ္ေနတဲ့ဘာစီလိုနာတြင္ျမင့္မားတဲ့လုပ္ခရရွိလာမယ္လို႔ယုံၾကည္ရပါတယ္။

ဆက္လက္ၿပီးတူခ်ယ္က “သူ႔ကစားသမားဘဝရဲ႕အေရးပါတဲ့ကာလသို႔ေရာက္ေနပါတယ္။အေကာင္းဆုံးအ႐ြယ္၊အေကာင္းဆုံးအေျခအေန၊ကစားရာေနရာနဲ႔သူတြဲကစားတဲ့ကစားသမားေတြကလည္းျပည့္စုံပါတယ္။အေျခအေနအရပ္ရပ္ကိုသုံးသပ္ႏိုင္ပါတယ္။သူ႔အတြက္အဆုံးအျဖတ္ကာလပါ။သူ႔အေနနဲ႔ေနာက္ႏွစ္မ်ားစြာႀကီးက်ယ္တဲ့ခ်ဲလ္ဆီးကစားသမားတစ္ဦးအျဖစ္ရွိေနႏိုင္ပါမယ္။တကယ္လို႔သူ႔ဘက္ကအျခားအရာကိုဆုံးျဖတ္ရင္လည္းကြၽန္ေတာ္ဘာမွမေျပာလိုပါဘူး။သူ႔ဆုံးျဖတ္ခ်က္ကိုကြၽန္ေတာ္နားလည္တယ္၊မလည္ဘူးဆိုတာကအေရးမႀကီးပါဘူး။ေနာက္ဆုံးေန႔အထိသူ႔ကိုကိုယ့္ကစားသမားအျဖစ္ပဲဆက္ဆံပါမယ္”လို႔ေျပာၾကားသြားပါတယ္။