ချဲလ်ဆီးမှာ သွင်းတဲ့ဂိုးအရေအတွက်အတွက် ဒိုင်ခွင့်မပြုတဲ့ဂိုးအရေအတွက် ပိုများနေတဲ့ တီမိုဝါနာ

တီမိုဝါနာဟာသူ့သွင်းဂိုးတွေဒိုင်လူကြီးတွေရဲ့ငြင်းပယ်ခြင်းခံရမှုနဲ့ဆက်လက်ကြုံတွေ့ခဲ့ပြန်ပါတယ်။တီမိုဝါနာဟာမနေ့ညတုန်းကဆောက်သမ်တန်နှင့်ပွဲစဉ်တွင်သူ့သွင်းဂိုးတစ်ဂိုးကိုဒိုင်လူကြီးကငြင်းပယ်လိုက်ပြီးတဲ့နောက် ချဲလ်ဆီးသို့ရောက်လာပြီးနောက်ဒိုင်လူကြီးရဲ့ခွင့်ပြုချက်မခံခဲ့ရတဲ့သွင်းဂိုး၁၆ဂိုးအထိကြုံတွေ့နေရပြီဖြစ်ပါတယ်။

ပြောရမယ်ဆိုရင်ဂျာမနီလက်ရွေးစင်တိုက်စစ်မှူးဟာချဲလ်ဆီးသို့ရောက်လာပြီးနောက်သွင်းယူနိုင်တဲ့ဂိုးပမာဏထက်ဒိုင်လူကြီးရဲ့ခွင့်ပြုခြင်းမခံရတဲ့ဂိုးအရေအတွက်ပိုများနေတာလည်းဖြစ်နေပါတယ်။

တီမိုဝါနာဟာမနေ့ညတုန်းကဆောက်သမ်တန်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာပွဲပြီးခါနီးမှာအနိုင်ဂိုးတစ်ဂိုးတော့သွင်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့်သူဟာပထမပိုင်းမှာချဲလ်ဆီးအတွက်ဒုတိယဦးဆောင်ဂိုးကိုခေါင်းတိုက်သွင်းယူနိုင်ခဲ့ပေမယ့်ခွင့်ပြုခြင်းမခံခဲ့ရပါဘူး။ချဲလ်ဆီးဟာချာလိုဘာရဲ့ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပြီးဝါနာကဒုတိယဂိုးသွင်းခဲ့ပါတယ်။

ဒါပေမယ့်VAR ကယင်းဂိုးအတွက်တည်ဆောက်စဉ်အက်ဇ်ပီလီကူတာကပြစ်ဒဏ်ဘောကျူးလွန်တယ်ဆိုပြီးခွင့်မပြုခဲ့ပါဘူး။ဒိုင်လူကြီးမာတင်အက်ကင်ဆင်ဟာကွင်းဘေးရှိ မော်နီတာသို့ကိုယ်တိုင်သွားရောက်ကြည့်ကာစစ်ဆေးမှုပြုလုပ်ခဲ့ပါသေးတယ်။ဒိုင်လူကြီးကလည်းခွင့်မပြုခဲ့ပါဘူး။

ဒါကြောင့်လည်းတီမိုဝါနာဟာချဲလ်ဆီးသို့ရောက်လာပြီးနောက်ဂိုးသွင်းနိုင်ခဲ့ပေမယ့်ဒိုင်လူကြီးရဲ့ခွင့်မပြုမှုကြောင့်သွင်းဂိုး၁၆ဂိုးအထိနစ်နာထားရကာသူသွင်းယူနိုင်တဲ့ဂိုးအရေအတွက်ထက်မြင့်မားနေပါတယ်။သူဟာချဲလ်ဆီးအတွက်၁၄ဂိုးဘဲသွင်းယူထားနိုင်ပါတယ်။

ဝါနာဟာဆောက်သမ်တန်နဲ့ပွဲရဲ့ပွဲချိန်၈၄မှာချဲလ်ဆီးအတွက်ဒုတိယဂိုးကိုသွင်းယူခဲ့တာဖြစ်ပြီးယင်းဂိုးကသူ့အတွက်ယခုရာသီပထမဆုံးပရီးမီးယားလိဂ်ဂိုးဖြစ်ပါတယ်။

တီမိုဝါနာက “ဒါမျိုးဆက်ဖြစ်လာဖို့မမျှော်လင့်ခဲ့ပါဘူး။ဂိုးသွင်းပြီးပရိသတ်နဲ့အတူအောင်ပွဲခံပြီးတော့မှခွင့်မပြုဘူးဆိုတော့ကသိကအောက်ဖြစ်ရတာပေါ့။တစ်နှစ်မှာ၁၆ကြိမ်တောင်ကြုံတာလား။တကယ့်ကိုဆိုးလွန်းတယ်။ဒါပေမယ့်ဆက်ပြီးတော့ကြိုးစားသွားပါဦးမယ်”လို့ပြောကြားသွားပါတယ်။

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာတီမိုဝါနာရဲ့ဂိုးကိုခွင့်မပြုမှုအပေါ်ဒိုင်လူကြီးအက်ကင်ဆင်အားဒေါသတကြီးစောဒကတက်မှုအတွက်အဝါကတ်ပြသတိပေးခြင်းခံခဲ့ရပါတယ်။

ZawGyi

ခ်ဲလ္ဆီးမွာ သြင္းတဲ့ဂိုးအေရအတြက္အတြက္ ဒိုင္ခြင့္မျပဳတဲ့ဂိုးအေရအတြက္ ပိုမ်ားေနတဲ့ တီမိုဝါနာ

တီမိုဝါနာဟာသူ႔သြင္းဂိုးေတြဒိုင္လူႀကီးေတြရဲ႕ျငင္းပယ္ျခင္းခံရမႈနဲ႔ဆက္လက္ႀကဳံေတြ႕ခဲ့ျပန္ပါတယ္။တီမိုဝါနာဟာမေန႔ညတုန္းကေဆာက္သမ္တန္ႏွင့္ပြဲစဥ္တြင္သူ႔သြင္းဂိုးတစ္ဂိုးကိုဒိုင္လူႀကီးကျငင္းပယ္လိုက္ၿပီးတဲ့ေနာက္ ခ်ဲလ္ဆီးသို႔ေရာက္လာၿပီးေနာက္ဒိုင္လူႀကီးရဲ႕ခြင့္ျပဳခ်က္မခံခဲ့ရတဲ့သြင္းဂိုး၁၆ဂိုးအထိႀကဳံေတြ႕ေနရၿပီျဖစ္ပါတယ္။

ေျပာရမယ္ဆိုရင္ဂ်ာမနီလက္ေ႐ြးစင္တိုက္စစ္မႉးဟာခ်ဲလ္ဆီးသို႔ေရာက္လာၿပီးေနာက္သြင္းယူႏိုင္တဲ့ဂိုးပမာဏထက္ဒိုင္လူႀကီးရဲ႕ခြင့္ျပဳျခင္းမခံရတဲ့ဂိုးအေရအတြက္ပိုမ်ားေနတာလည္းျဖစ္ေနပါတယ္။

တီမိုဝါနာဟာမေန႔ညတုန္းကေဆာက္သမ္တန္ကို၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာပြဲၿပီးခါနီးမွာအႏိုင္ဂိုးတစ္ဂိုးေတာ့သြင္းႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္သူဟာပထမပိုင္းမွာခ်ဲလ္ဆီးအတြက္ဒုတိယဦးေဆာင္ဂိုးကိုေခါင္းတိုက္သြင္းယူႏိုင္ခဲ့ေပမယ့္ခြင့္ျပဳျခင္းမခံခဲ့ရပါဘူး။ခ်ဲလ္ဆီးဟာခ်ာလိုဘာရဲ႕ဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ၿပီးဝါနာကဒုတိယဂိုးသြင္းခဲ့ပါတယ္။

ဒါေပမယ့္VAR ကယင္းဂိုးအတြက္တည္ေဆာက္စဥ္အက္ဇ္ပီလီကူတာကျပစ္ဒဏ္ေဘာက်ဴးလြန္တယ္ဆိုၿပီးခြင့္မျပဳခဲ့ပါဘူး။ဒိုင္လူႀကီးမာတင္အက္ကင္ဆင္ဟာကြင္းေဘးရွိ ေမာ္နီတာသို႔ကိုယ္တိုင္သြားေရာက္ၾကည့္ကာစစ္ေဆးမႈျပဳလုပ္ခဲ့ပါေသးတယ္။ဒိုင္လူႀကီးကလည္းခြင့္မျပဳခဲ့ပါဘူး။

ဒါေၾကာင့္လည္းတီမိုဝါနာဟာခ်ဲလ္ဆီးသို႔ေရာက္လာၿပီးေနာက္ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ဒိုင္လူႀကီးရဲ႕ခြင့္မျပဳမႈေၾကာင့္သြင္းဂိုး၁၆ဂိုးအထိနစ္နာထားရကာသူသြင္းယူႏိုင္တဲ့ဂိုးအေရအတြက္ထက္ျမင့္မားေနပါတယ္။သူဟာခ်ဲလ္ဆီးအတြက္၁၄ဂိုးဘဲသြင္းယူထားႏိုင္ပါတယ္။

ဝါနာဟာေဆာက္သမ္တန္နဲ႔ပြဲရဲ႕ပြဲခ်ိန္၈၄မွာခ်ဲလ္ဆီးအတြက္ဒုတိယဂိုးကိုသြင္းယူခဲ့တာျဖစ္ၿပီးယင္းဂိုးကသူ႔အတြက္ယခုရာသီပထမဆုံးပရီးမီးယားလိဂ္ဂိုးျဖစ္ပါတယ္။

တီမိုဝါနာက “ဒါမ်ိဳးဆက္ျဖစ္လာဖို႔မေမွ်ာ္လင့္ခဲ့ပါဘူး။ဂိုးသြင္းၿပီးပရိသတ္နဲ႔အတူေအာင္ပြဲခံၿပီးေတာ့မွခြင့္မျပဳဘူးဆိုေတာ့ကသိကေအာက္ျဖစ္ရတာေပါ့။တစ္ႏွစ္မွာ၁၆ႀကိမ္ေတာင္ႀကဳံတာလား။တကယ့္ကိုဆိုးလြန္းတယ္။ဒါေပမယ့္ဆက္ၿပီးေတာ့ႀကိဳးစားသြားပါဦးမယ္”လို႔ေျပာၾကားသြားပါတယ္။

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ဟာတီမိုဝါနာရဲ႕ဂိုးကိုခြင့္မျပဳမႈအေပၚဒိုင္လူႀကီးအက္ကင္ဆင္အားေဒါသတႀကီးေစာဒကတက္မႈအတြက္အဝါကတ္ျပသတိေပးျခင္းခံခဲ့ရပါတယ္။