ချဲလ်ဆီးမှ တကျော့ပြန်ရောက်လာတဲ့ လူကာကူကို အင်တာမီလန်ပရိသတ်များတုံ့ပြန်လာ

အင်တာမီလန်အမာခံပရိသတ်များဟာအီတလီသို့တကျော့ပြန်ရောက်လာတဲ့ တိုက်စစ်မှူးရိုမဲလူလူကာကူအားဝမ်းပမ်းတသာကြိုဆိုလာမှာမဟုတ်ကြောင်းသတိပေးလာပါတယ်။

ချဲလ်ဆီးဟာပြီးခဲ့တဲ့နှစ်နွေတုန်းကပေါင်၉၇.၅သန်းဖြင့်ဝယ်ယူခဲ့တဲ့လူကာကူကိုအင်တာမီလန်သို့ပေါင်၇သန်းဖြင့်တစ်ရာသီအငှားချရန်သဘောတူညီမှုရရှိထားပါတယ်။

လူကာကူဟာအင်တာမီလန်သို့ပြန်လည်ပြောင်းရွှေ့ရန်အတွက်လုပ်ခများစွာလျှော့ယူခဲ့ရပြီးတစ်နှစ်လုပ်ခပေါင်၆.၈သန်းသာရရှိလာတော့မှာလည်းဖြစ်ပါတယ်။

အင်တာမီလန်ပရိသတ်များဟာလွန်ခဲ့တဲ့၁၂လခန့်တုန်းကကလပ်ကိုစွန့်ခွာသွားခဲ့စဉ်တုန်းကလူကာကူကိုသစ္စာဖောက်အဖြစ်သတ်မှတ်ခဲ့ပါတယ်။

ယခုအခါအင်တာမီလန်ပရိသတ်များကလူကာကူကိုကောင်းမွန်စွာကြိုဆိုသွားမှာမဟုတ်ကြောင်းနှင့်လူကာကူအနေဖြင့်နှိမ့်ချမှု၊ချွေးဖြင့်ပေးဆပ်မှုတို့ပြုလုပ်မှသာလျှင်ပရိသတ်များရဲ့မေတ္တာကိုပြန်လည်ရရှိလာမှာဖြစ်ကြောင်းသတိပေးလာပါတယ်။

အင်တာမီလန်ပရိသတ်အဖွဲ့က “လူကာကူအင်တာသို့ပြန်လာဖို့သေချာနေတာဖြစ်လို့ အင်တာပရိသတ်Curva Nordအနေနဲ့တချို့ကိုရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ဖို့လိုအပ်လာပါတယ်။ကစားသမားကိုဘာပစ်မှတ်မှထားမှာမဟုတ်ပါဘူး။Curva Nord(သို့မဟုတ်)အခြားပရိသတ်အုပ်စုတွေအနေနဲ့လည်းသူ့ကိုကြိုဆိုဖို့မသွားသင့်သလိုနဖူးစည်း၊လည်းစည်းနဲ့လည်းကြိုဆိုမနေနဲ့သင့်ပါဘူး။သူနဲ့ပတ်သက်ပြီးအနာဂတ်မှာဖြစ်ပျက်လာတာတွေကတော့သူ့ရဲ့ကွင်းထဲမှာနှိမ့်ချမှု၊ချွေးနဲ့ပဲသက်ဆိုင်ပါတယ်။သူဟာဘုရင်တစ်ပါးလို့အားပေးခံခဲ့ရတယ်။အခုသူလည်းအခြားသူတွေလိုပါပဲ”လို့ကြေညာသွားပါတယ်။

ZawGyi

ခ်ဲလ္ဆီးမွ တေက်ာ့ျပန္ေရာက္လာတဲ့ လူကာကူကို အင္တာမီလန္ပရိသတ္မ်ားတုံ႔ျပန္လာ

အင္တာမီလန္အမာခံပရိသတ္မ်ားဟာအီတလီသို႔တေက်ာ့ျပန္ေရာက္လာတဲ့ တိုက္စစ္မႉး႐ိုမဲလူလူကာကူအားဝမ္းပမ္းတသာႀကိဳဆိုလာမွာမဟုတ္ေၾကာင္းသတိေပးလာပါတယ္။

ခ်ဲလ္ဆီးဟာၿပီးခဲ့တဲ့ႏွစ္ေႏြတုန္းကေပါင္၉၇.၅သန္းျဖင့္ဝယ္ယူခဲ့တဲ့လူကာကူကိုအင္တာမီလန္သို႔ေပါင္၇သန္းျဖင့္တစ္ရာသီအငွားခ်ရန္သေဘာတူညီမႈရရွိထားပါတယ္။

လူကာကူဟာအင္တာမီလန္သို႔ျပန္လည္ေျပာင္းေ႐ႊ႕ရန္အတြက္လုပ္ခမ်ားစြာေလွ်ာ့ယူခဲ့ရၿပီးတစ္ႏွစ္လုပ္ခေပါင္၆.၈သန္းသာရရွိလာေတာ့မွာလည္းျဖစ္ပါတယ္။

အင္တာမီလန္ပရိသတ္မ်ားဟာလြန္ခဲ့တဲ့၁၂လခန႔္တုန္းကကလပ္ကိုစြန႔္ခြာသြားခဲ့စဥ္တုန္းကလူကာကူကိုသစၥာေဖာက္အျဖစ္သတ္မွတ္ခဲ့ပါတယ္။

ယခုအခါအင္တာမီလန္ပရိသတ္မ်ားကလူကာကူကိုေကာင္းမြန္စြာႀကိဳဆိုသြားမွာမဟုတ္ေၾကာင္းႏွင့္လူကာကူအေနျဖင့္ႏွိမ့္ခ်မႈ၊ေခြၽးျဖင့္ေပးဆပ္မႈတို႔ျပဳလုပ္မွသာလွ်င္ပရိသတ္မ်ားရဲ႕ေမတၱာကိုျပန္လည္ရရွိလာမွာျဖစ္ေၾကာင္းသတိေပးလာပါတယ္။

အင္တာမီလန္ပရိသတ္အဖြဲ႕က “လူကာကူအင္တာသို႔ျပန္လာဖို႔ေသခ်ာေနတာျဖစ္လို႔ အင္တာပရိသတ္Curva Nordအေနနဲ႔တခ်ိဳ႕ကိုရွင္းရွင္းလင္းလင္းျဖစ္ေအာင္လုပ္ဖို႔လိုအပ္လာပါတယ္။ကစားသမားကိုဘာပစ္မွတ္မွထားမွာမဟုတ္ပါဘူး။Curva Nord(သို႔မဟုတ္)အျခားပရိသတ္အုပ္စုေတြအေနနဲ႔လည္းသူ႔ကိုႀကိဳဆိုဖို႔မသြားသင့္သလိုနဖူးစည္း၊လည္းစည္းနဲ႔လည္းႀကိဳဆိုမေနနဲ႔သင့္ပါဘူး။သူနဲ႔ပတ္သက္ၿပီးအနာဂတ္မွာျဖစ္ပ်က္လာတာေတြကေတာ့သူ႔ရဲ႕ကြင္းထဲမွာႏွိမ့္ခ်မႈ၊ေခြၽးနဲ႔ပဲသက္ဆိုင္ပါတယ္။သူဟာဘုရင္တစ္ပါးလို႔အားေပးခံခဲ့ရတယ္။အခုသူလည္းအျခားသူေတြလိုပါပဲ”လို႔ေၾကညာသြားပါတယ္။