ချဲလ်ဆီးမှ ထွက်ခွာပြီးနောက် ပရီးမီးယားလိဂ်ကလပ် သုံးခုကို ငြင်းပယ်ထားပြီးဖြစ်တဲ့ သောမတ်စ်တူချယ်

သောမတ်စ်တူချယ်ဟာယခုရာသီအစောပိုင်းတုန်းကချဲလ်ဆီးနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပြီးနောက်ပရီးမီးယားလိဂ်ကလပ်သုံးခုတို့ရဲ့ကမ်းလှမ်းမှုရရှိခဲ့ပေမဲ့ပယ်ချခဲ့ကြောင်းသိရပါတယ်။

ဂျာမန်လူမျိုးနည်းပြဟာချဲလ်ဆီးကိုချန်ပီယံလိဂ်ဖလား၊ဥရောပစူပါဖလား၊ဖီဖာကမ္ဘာ့ကလပ်ဖလားတို့ဆွတ်ခူးနိုင်အောင်ဦးဆောင်နိုင်ခဲ့ပေမဲ့လည်း ဒိုင်နမိုဇာဂရက်ကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် ချဲလ်ဆီးပိုင်ရှင်သစ်တော့ဒ်ဘိုလေးရဲ့ရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ယင်းနောက်ပိုင်းတွင်သူဟာအက်စတွန်ဗီလာ၊လေဗာကူဆင်အပါအဝင်ကလပ်များရဲ့ဆက်သွယ်ခြင်းခံခဲ့ရပါတယ်။

သူဟာချဲလ်ဆီးအသင်းကိုမကိုင်တွယ်မီမိန့်ဇ်၊ဒေါ့မွန်နှင့်ပီအက်စ်ဂျီတို့ကိုကိုင်တွယ်ခဲ့ဖူးသူဖြစ်ပါတယ်။

သူဟာပီအက်စ်ဂျီကိုကလပ်သမိုင်းတွင်ပထမဆုံးအကြိမ်အဖြစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ပို့ဆောင်ပေးနိုင်ခဲ့ပေမဲ့လည်းတံခါးပိတ်ကစားရတဲ့ယင်းပွဲတွင်ဘိုင်ယန်မြူးနစ်ကိုရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမဲ့လည်းသူဟာတစ်နှစ်အကြာတွင်ချဲလ်ဆီးကိုချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ZawGyi

ခ်ဲလ္ဆီးမွ ထြက္ခြာၿပီးေနာက္ ပရီးမီးယားလိဂ္ကလပ္ သုံးခုကို ျငင္းပယ္ထားၿပီးျဖစ္တဲ့ ေသာမတ္စ္တူခ်ယ္

ေသာမတ္စ္တူခ်ယ္ဟာယခုရာသီအေစာပိုင္းတုန္းကခ်ဲလ္ဆီးနည္းျပရာထူးမွထုတ္ပယ္ျခင္းခံရၿပီးေနာက္ပရီးမီးယားလိဂ္ကလပ္သုံးခုတို႔ရဲ႕ကမ္းလွမ္းမႈရရွိခဲ့ေပမဲ့ပယ္ခ်ခဲ့ေၾကာင္းသိရပါတယ္။

ဂ်ာမန္လူမ်ိဳးနည္းျပဟာခ်ဲလ္ဆီးကိုခ်န္ပီယံလိဂ္ဖလား၊ဥေရာပစူပါဖလား၊ဖီဖာကမာၻ႔ကလပ္ဖလားတို႔ဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ႏိုင္ခဲ့ေပမဲ့လည္း ဒိုင္နမိုဇာဂရက္ကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ ခ်ဲလ္ဆီးပိုင္ရွင္သစ္ေတာ့ဒ္ဘိုေလးရဲ႕ရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ယင္းေနာက္ပိုင္းတြင္သူဟာအက္စတြန္ဗီလာ၊ေလဗာကူဆင္အပါအဝင္ကလပ္မ်ားရဲ႕ဆက္သြယ္ျခင္းခံခဲ့ရပါတယ္။

သူဟာခ်ဲလ္ဆီးအသင္းကိုမကိုင္တြယ္မီမိန႔္ဇ္၊ေဒါ့မြန္ႏွင့္ပီအက္စ္ဂ်ီတို႔ကိုကိုင္တြယ္ခဲ့ဖူးသူျဖစ္ပါတယ္။

သူဟာပီအက္စ္ဂ်ီကိုကလပ္သမိုင္းတြင္ပထမဆုံးအႀကိမ္အျဖစ္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔ပို႔ေဆာင္ေပးႏိုင္ခဲ့ေပမဲ့လည္းတံခါးပိတ္ကစားရတဲ့ယင္းပြဲတြင္ဘိုင္ယန္ျမဴးနစ္ကိုရႈံးနိမ့္ခဲ့ပါတယ္။

ဒါေပမဲ့လည္းသူဟာတစ္ႏွစ္အၾကာတြင္ခ်ဲလ္ဆီးကိုခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။