
ဂျော်ဂျင်ဟိုကဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တုန်းကချဲလ်ဆီးမှထွက်ခွာပြီးအာဆင်နယ်သို့ပြောင်းရွှေ့လာရတဲ့အဓိကအကြောင်းရင်းကိုဖွင့်ဟလာပါတယ်။
အသက်၃၁နှစ်ရှိအီတလီကွင်းလယ်ကစားသမားဟာဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင်ချဲလ်ဆီးမှထွက်ခွာကာအာဆင်နယ်သို့အံ့ဩသင့်ဖွယ်ပြောင်းခဲ့သူလည်းဖြစ်ပါတယ်။
ချဲလ်ဆီးဟာဇန်နဝါရီအပြောင်းအရွေ့ဈေးကွက်တွင်ပေါင်သန်း၃၀၀ကျော်အသုံးပြုပြီးနောက် ကစားသမားများကိုရောင်းချရန်လိုအပ်နေခဲ့ပါတယ်။
ယခုအခါဂျော်ဂျင်ဟိုက၎င်းမှာချဲလ်ဆီးရဲ့အလိုမရှိခြင်းခံရမှုနှင့်အတူအာဆင်နယ်သို့ပြောင်းလာခြင်းဖြစ်ကြောင်းဆိုလာပါတယ်။
ဂျော်ဂျင်ဟိုက “ချဲလ်ဆီးနဲ့စကားပြောကြည့်တော့သူတို့ရဲ့အစီအစဉ်မှာကျွန်တော်မပါဝင်တော့ဘူးဆိုတာသိလိုက်ရတယ်။တစ်ခါတလေစီမံကိန်းတစ်ခုမှာကိုယ်မပါဝင်ဘူးဆိုတာလက်ခံရပါတယ်။အဆုံးသတ်ဖြစ်လာတယ်။ကျွန်တော်ကလည်းကစားသမားဘဝဆက်လက်တိုးတက်ချင်တယ်။အာဆင်နယ်ရဲ့စီမံကိန်းကကျွန်တော့်နဲ့သင့်တော်တယ်။သူတို့ရဲ့စိတ်ကူးတွေကိုကျွန်တော်ကြိုက်တယ်”လို့ပြောကြားသွားပါတယ်။
ဂျော်ဂျင်ဟိုဟာ၂၀၁၈ခုနှစ်တုန်းကနာပိုလီမှပေါင်သန်း၅၀ဖြင့်ပြောင်းလာပြီးနောက်ချဲလ်ဆီးတွင်ကစားတဲ့၄နှစ်ခွဲကာလတွင်ယူရိုပါလိဂ်ဖလား၊ချန်ပီယံလိဂ်ဖလားတို့ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ZawGyi
ခ်ဲလ္ဆီးမွ ထြက္ခြာၿပီး လန္ဒန္ၿပိဳင္ဘက္အာဆင္နယ္သို႔ ေျပာင္းေ႐ႊ႕ခဲ့ရတဲ့ အဓိကအေၾကာင္းရင္းကို ေဂ်ာ္ဂ်င္ဟို ဖြင့္ဟလာ
ေဂ်ာ္ဂ်င္ဟိုကဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကခ်ဲလ္ဆီးမွထြက္ခြာၿပီးအာဆင္နယ္သို႔ေျပာင္းေ႐ႊ႕လာရတဲ့အဓိကအေၾကာင္းရင္းကိုဖြင့္ဟလာပါတယ္။
အသက္၃၁ႏွစ္ရွိအီတလီကြင္းလယ္ကစားသမားဟာေဆာင္းရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္တြင္ခ်ဲလ္ဆီးမွထြက္ခြာကာအာဆင္နယ္သို႔အံ့ဩသင့္ဖြယ္ေျပာင္းခဲ့သူလည္းျဖစ္ပါတယ္။
ခ်ဲလ္ဆီးဟာဇန္နဝါရီအေျပာင္းအေ႐ြ႕ေဈးကြက္တြင္ေပါင္သန္း၃၀၀ေက်ာ္အသုံးျပဳၿပီးေနာက္ ကစားသမားမ်ားကိုေရာင္းခ်ရန္လိုအပ္ေနခဲ့ပါတယ္။
ယခုအခါေဂ်ာ္ဂ်င္ဟိုက၎မွာခ်ဲလ္ဆီးရဲ႕အလိုမရွိျခင္းခံရမႈႏွင့္အတူအာဆင္နယ္သို႔ေျပာင္းလာျခင္းျဖစ္ေၾကာင္းဆိုလာပါတယ္။
ေဂ်ာ္ဂ်င္ဟိုက “ခ်ဲလ္ဆီးနဲ႔စကားေျပာၾကည့္ေတာ့သူတို႔ရဲ႕အစီအစဥ္မွာကြၽန္ေတာ္မပါဝင္ေတာ့ဘူးဆိုတာသိလိုက္ရတယ္။တစ္ခါတေလစီမံကိန္းတစ္ခုမွာကိုယ္မပါဝင္ဘူးဆိုတာလက္ခံရပါတယ္။အဆုံးသတ္ျဖစ္လာတယ္။ကြၽန္ေတာ္ကလည္းကစားသမားဘဝဆက္လက္တိုးတက္ခ်င္တယ္။အာဆင္နယ္ရဲ႕စီမံကိန္းကကြၽန္ေတာ့္နဲ႔သင့္ေတာ္တယ္။သူတို႔ရဲ႕စိတ္ကူးေတြကိုကြၽန္ေတာ္ႀကိဳက္တယ္”လို႔ေျပာၾကားသြားပါတယ္။
ေဂ်ာ္ဂ်င္ဟိုဟာ၂၀၁၈ခုႏွစ္တုန္းကနာပိုလီမွေပါင္သန္း၅၀ျဖင့္ေျပာင္းလာၿပီးေနာက္ခ်ဲလ္ဆီးတြင္ကစားတဲ့၄ႏွစ္ခြဲကာလတြင္ယူ႐ိုပါလိဂ္ဖလား၊ခ်န္ပီယံလိဂ္ဖလားတို႔ဆြတ္ခူးႏိုင္ခဲ့ပါတယ္။