ချဲလ်ဆီးမှ အင်္ဂလန်ယူ-၂၁ လက်ရွေးစင်နောက်ခံလူဟီကို ပေါင် ၁၈ သန်းဖြင့် ပဲလေ့စ်ခေါ်ယူ

ခရစ္စတယ်ပဲလေ့စ်ဟာချဲလ်ဆီးနောက်ခံလူမာ့ခ်ဂူဟီကိုပြောင်းရွှေ့ကြေးပေါင်၁၈သန်းဖြင့်ငါးနှစ်စာချုပ်ချုပ်ဆိုခေါ်ယူလိုက်ပါတယ်။

အသက်၂၁နှစ်ရှိဗဟိုနောက်ခံလူဟာဆွမ်စီးတွင်၁၈လကြာအငှားဖြင့်ကစားစဉ်အတွင်းခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက်ခရစ္စတယ်ပဲလေ့စ်သို့ပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။

ဂူဟီဟာခရစ္စတယ်ပဲလေ့စ်နည်းပြသစ်ပက်ထရစ်ဗီအဲရာခေါ်ယူတဲ့ပထမဆုံးကစားသမားလည်းဖြစ်ပါတယ်။

ဂူဟီက “အရမ်းစိတ်လှုပ်ရပါတယ်။ပရီးမီးယားလိဂ်ကကလပ်ကြီးတစ်ခုသို့လာကစားခွင့်ရတာကြီးမားတဲ့အခွင့်အရေးဖြစ်ပါတယ်။ကလပ်ဟာနည်းပြသစ်ရောက်လာမှုနဲ့အတူစိတ်လှုပ်ရှားဖို့ကောင်းတဲ့ဦးတည်ချက်နဲ့လျှောက်လှမ်းနေပါတယ်။လူငယ်ကစားသမားကောင်းတွေလည်းအများကြီးပါ။ဒီကလပ်ကထိပ်တန်းကစားသမားတွေနဲ့တည်ငြိမ်တဲ့ကလပ်ဖြစ်တာကြောင့်ဒီကိုပြောင်းကစားဖို့ဆုံးဖြတ်ခဲ့တာပါ”လို့ပြောကြားခဲ့ပါတယ်။

ဂူဟီဟာအိုင်ဗရီကို့စ်တွင်မွေးဖွားပြီးလန်ဒန်တွင်ကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။သူဟာအသက်၈နှစ်အရွယ်မှာချဲလ်ဆီးသို့ရောက်လာခဲ့ပြီးအင်္ဂလန်ယူ-၂၁အသင်းတွင်ပုံမှန်ရွေးချယ်ခံနေရသူလည်းဖြစ်ပါတယ်။

ချဲလ်ဆီးဟာဒေါ့မွန်တိုက်စစ်မှူးဟာလန်းကိုခေါ်ယူရေးအတွက်ကစားသမားရောင်းချကာငွေရှာဖွေလျက်ရှိနေပြီးတီမိုဝါနာ၊အေဘရာဟမ်အပါအဝင်ကစားသမားအချို့တို့ကိုရောင်းချရန်စီစဉ်နေပါတယ်။

ZawGyi

ခ်ဲလ္ဆီးမွ အဂၤလန္ယူ-၂၁ လက္ေ႐ြးစင္ေနာက္ခံလူဟီကို ေပါင္ ၁၈ သန္းျဖင့္ ပဲေလ့စ္ေခၚယူ

ခရစၥတယ္ပဲေလ့စ္ဟာခ်ဲလ္ဆီးေနာက္ခံလူမာ့ခ္ဂူဟီကိုေျပာင္းေ႐ႊ႕ေၾကးေပါင္၁၈သန္းျဖင့္ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုေခၚယူလိုက္ပါတယ္။

အသက္၂၁ႏွစ္ရွိဗဟိုေနာက္ခံလူဟာဆြမ္စီးတြင္၁၈လၾကာအငွားျဖင့္ကစားစဥ္အတြင္းေျခစြမ္းျပကစားႏိုင္ခဲ့ၿပီးေနာက္ခရစၥတယ္ပဲေလ့စ္သို႔ေျပာင္းေ႐ႊ႕လာခဲ့တာလည္းျဖစ္ပါတယ္။

ဂူဟီဟာခရစၥတယ္ပဲေလ့စ္နည္းျပသစ္ပက္ထရစ္ဗီအဲရာေခၚယူတဲ့ပထမဆုံးကစားသမားလည္းျဖစ္ပါတယ္။

ဂူဟီက “အရမ္းစိတ္လႈပ္ရပါတယ္။ပရီးမီးယားလိဂ္ကကလပ္ႀကီးတစ္ခုသို႔လာကစားခြင့္ရတာႀကီးမားတဲ့အခြင့္အေရးျဖစ္ပါတယ္။ကလပ္ဟာနည္းျပသစ္ေရာက္လာမႈနဲ႔အတူစိတ္လႈပ္ရွားဖို႔ေကာင္းတဲ့ဦးတည္ခ်က္နဲ႔ေလွ်ာက္လွမ္းေနပါတယ္။လူငယ္ကစားသမားေကာင္းေတြလည္းအမ်ားႀကီးပါ။ဒီကလပ္ကထိပ္တန္းကစားသမားေတြနဲ႔တည္ၿငိမ္တဲ့ကလပ္ျဖစ္တာေၾကာင့္ဒီကိုေျပာင္းကစားဖို႔ဆုံးျဖတ္ခဲ့တာပါ”လို႔ေျပာၾကားခဲ့ပါတယ္။

ဂူဟီဟာအိုင္ဗရီကို႔စ္တြင္ေမြးဖြားၿပီးလန္ဒန္တြင္ႀကီးျပင္းလာခဲ့သူျဖစ္ပါတယ္။သူဟာအသက္၈ႏွစ္အ႐ြယ္မွာခ်ဲလ္ဆီးသို႔ေရာက္လာခဲ့ၿပီးအဂၤလန္ယူ-၂၁အသင္းတြင္ပုံမွန္ေ႐ြးခ်ယ္ခံေနရသူလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာေဒါ့မြန္တိုက္စစ္မႉးဟာလန္းကိုေခၚယူေရးအတြက္ကစားသမားေရာင္းခ်ကာေငြရွာေဖြလ်က္ရွိေနၿပီးတီမိုဝါနာ၊ေအဘရာဟမ္အပါအဝင္ကစားသမားအခ်ိဳ႕တို႔ကိုေရာင္းခ်ရန္စီစဥ္ေနပါတယ္။