ချဲလ်ဆီးရဲ့ကစားဟန်မှာ ဝါနာနှင့်အံမဝင်ကြောင်း တူချယ်ဝန်ခံ

သောမတ်စ်တူချယ်ကချဲလ်ဆီးရဲ့ဘောလုံးပိုင်ဆိုင်အသားပေးကစားဟန်မှာတီမိုဝါနာနဲ့လိုက်ဖက်မှုမရှိကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးဟာတူချယ်ရောက်လာတဲ့ပရီးမီးယားလိဂ်ပွဲ၆ပွဲတွင်ဘောလုံးပိုင်ဆိုင်မှု၆၉ရာခိုင်နှုန်းအထိရရှိပါတယ်။ယင်းသို့ချဲလ်ဆီးရဲ့ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကစားမှုကြောင့်ပြိုင်ဘက်အသင်းမှာခံစစ်ဇုန်တွင်ပိတ်ဆို့ကစားရပါတယ်။

ဝါနာဟာတူချယ်လက်အောက်တွင်ပွဲ၈ပွဲကစားထားရာတွင်၁ဂိုးတည်းသာသွင်းယူထားနိုင်သော်လည်းနောက်ပိုင်းတွင်အသင်းရဲ့ကစားဟန်နဲ့တဖြည်းဖြည်းအံဝင်လာဟန်ပြနေပါတယ်။

တူချယ်က “တီမိုရဲ့အားအကောင်းဆုံးအရာကပြိုင်ဘက်နောက်ဆုံးခံစစ်လိုင်းနောက်မှာနေရာလွတ်ရှာဖွေဖို့ ဖြစ်ပါတယ်။အခုသူအကောင်းဆုံးပုံစံမရတာဟာကျွန်တော်တို့ရဲ့ဘောလုံးပိုင်ဆိုင်မှုအသာပေးကစားဟန်ကြောင့် ဖြစ်နိုင်ပါတယ်။အက်သလက်တီကိုနဲ့ပွဲမျိုးဆိုပါစို့။အက်သလက်တီကိုလိုအသင်းမျိုးကိုကမ္ဘာပေါ်ကဘယ်အသင်းမျိုးများနေရာလွတ်ရှာနိုင်လဲ။ဒီလိုပွဲမျိုးကတီမိုအစွမ်းပြဖို့မျှော်လင့်လို့ရတဲ့ပွဲမျိုးမဟုတ်ပါဘူး။ကျွန်တော်တို့ဟာဒါနဲ့ ပတ်သက်ပြီးတော့နားလည်ပါတယ်။သူနဲ့လည်းအလုပ်တွေအများကြီးလုပ်နေပါတယ်။သူ့ရဲ့တိကျမှုကိုကောင်းကောင်းအသုံးချနိုင်ဖို့ကျွန်တော်တို့လို့ကျဉ်းထဲကြပ်ထဲမှာကျဉ်းမြောင်းတဲ့နေရာလွတ်ရှာပြီးအဖြေရှာဖို့ကြိုးစားနေပါတယ်”လို့ပြောကြားသွားပါတယ်။

လက်ရှိအချိန်တွင်တီမိုဝါနာကချဲလ်ဆီးတွင်ဂိုးပေါက်ပျောက်နေတဲ့ဖြစ်ရပ်မှာကစားသမားဘဝတွင်အဆိုးရွားဆုံးဂိုး ပေါက်ပျောက်မှုဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။သူဟာချဲလ်ဆီးတွင်နိုဝင်ဘာလ၇ရက်နေ့မှဖေဖော်ဝါရီလ၁၅ရက်နေ့အထိကာလရှည်ကြာဂိုးပေါက်ပျောက်ခဲ့သူလည်းဖြစ်ပါတယ်။

ချဲလ်ဆီးဟာယနေ့ညမှာချန်ပီယံလိဂ်ဝင်ခွင့်အတွက်အရေးပါတဲ့ပွဲစဉ်အဖြစ်စတမ်းဖို့ဒ်ဘရစ်ချ်တွင်အမှတ်ပေးဇယား ဒုတိယနေရာမှာမန်ယူကိုဧည့်ခံကစားရပါမယ်။

ZawGyi

ခ်ဲလ္ဆီးရဲ႕ကစားဟန္မွာ ဝါနာႏွင့္အံမဝင္ေၾကာင္း တူခ်ယ္ဝန္ခံ

ေသာမတ္စ္တူခ်ယ္ကခ်ဲလ္ဆီးရဲ႕ေဘာလုံးပိုင္ဆိုင္အသားေပးကစားဟန္မွာတီမိုဝါနာနဲ႔လိုက္ဖက္မႈမရွိေၾကာင္း ဝန္ခံေျပာၾကားလိုက္ပါတယ္။

ခ်ဲလ္ဆီးဟာတူခ်ယ္ေရာက္လာတဲ့ပရီးမီးယားလိဂ္ပြဲ၆ပြဲတြင္ေဘာလုံးပိုင္ဆိုင္မႈ၆၉ရာခိုင္ႏႈန္းအထိရရွိပါတယ္။ယင္းသို႔ခ်ဲလ္ဆီးရဲ႕ေဘာလုံးပိုင္ဆိုင္မႈအသာစီးရယူကစားမႈေၾကာင့္ၿပိဳင္ဘက္အသင္းမွာခံစစ္ဇုန္တြင္ပိတ္ဆို႔ကစားရပါတယ္။

ဝါနာဟာတူခ်ယ္လက္ေအာက္တြင္ပြဲ၈ပြဲကစားထားရာတြင္၁ဂိုးတည္းသာသြင္းယူထားႏိုင္ေသာ္လည္းေနာက္ပိုင္းတြင္အသင္းရဲ႕ကစားဟန္နဲ႔တျဖည္းျဖည္းအံဝင္လာဟန္ျပေနပါတယ္။

တူခ်ယ္က “တီမိုရဲ႕အားအေကာင္းဆုံးအရာကၿပိဳင္ဘက္ေနာက္ဆုံးခံစစ္လိုင္းေနာက္မွာေနရာလြတ္ရွာေဖြဖို႔ ျဖစ္ပါတယ္။အခုသူအေကာင္းဆုံးပုံစံမရတာဟာကြၽန္ေတာ္တို႔ရဲ႕ေဘာလုံးပိုင္ဆိုင္မႈအသာေပးကစားဟန္ေၾကာင့္ ျဖစ္ႏိုင္ပါတယ္။အက္သလက္တီကိုနဲ႔ပြဲမ်ိဳးဆိုပါစို႔။အက္သလက္တီကိုလိုအသင္းမ်ိဳးကိုကမာၻေပၚကဘယ္အသင္းမ်ိဳးမ်ားေနရာလြတ္ရွာႏိုင္လဲ။ဒီလိုပြဲမ်ိဳးကတီမိုအစြမ္းျပဖို႔ေမွ်ာ္လင့္လို႔ရတဲ့ပြဲမ်ိဳးမဟုတ္ပါဘူး။ကြၽန္ေတာ္တို႔ဟာဒါနဲ႔ ပတ္သက္ၿပီးေတာ့နားလည္ပါတယ္။သူနဲ႔လည္းအလုပ္ေတြအမ်ားႀကီးလုပ္ေနပါတယ္။သူ႔ရဲ႕တိက်မႈကိုေကာင္းေကာင္းအသုံးခ်ႏိုင္ဖို႔ကြၽန္ေတာ္တို႔လို႔က်ဥ္းထဲၾကပ္ထဲမွာက်ဥ္းေျမာင္းတဲ့ေနရာလြတ္ရွာၿပီးအေျဖရွာဖို႔ႀကိဳးစားေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

လက္ရွိအခ်ိန္တြင္တီမိုဝါနာကခ်ဲလ္ဆီးတြင္ဂိုးေပါက္ေပ်ာက္ေနတဲ့ျဖစ္ရပ္မွာကစားသမားဘဝတြင္အဆိုး႐ြားဆုံးဂိုး ေပါက္ေပ်ာက္မႈျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။သူဟာခ်ဲလ္ဆီးတြင္ႏိုဝင္ဘာလ၇ရက္ေန႔မွေဖေဖာ္ဝါရီလ၁၅ရက္ေန႔အထိကာလရွည္ၾကာဂိုးေပါက္ေပ်ာက္ခဲ့သူလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာယေန႔ညမွာခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္အေရးပါတဲ့ပြဲစဥ္အျဖစ္စတမ္းဖို႔ဒ္ဘရစ္ခ်္တြင္အမွတ္ေပးဇယား ဒုတိယေနရာမွာမန္ယူကိုဧည့္ခံကစားရပါမယ္။