ချဲလ်ဆီးရဲ့ချန်ပီယံလိဂ်ချန်ပီယံအထူးစပါယ်ရှယ်အင်္ကျီဝေဖန်ခံရပေမယ့် ၂ နာရီမပြည့်မီအကုန်ရောင်းချခဲ့ရ

ချဲလ်ဆီးဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့မှုအတွက်အထိမ်းအမှတ်အဖြစ် အထူးအင်္ကျီထုတ်လုပ်ရောင်းချခဲ့ရာ ဈေးနှုန်းမြင့်မားနှင့်ဒီဇိုင်းတို့ကြောင့်အပြင်းအထန်ဝေဖန်မှုများနှင့်ရင်ဆိုင်ရပေမယ့်လည်း ၂နာရီမပြည့်မီအတွင်းတွင်ပင်အားလုံးအကုန်ရောင်းချခဲ့ရပါတယ်။

သောမတ်စ်တူချယ်ဦးဆောင်တဲ့ချဲလ်ဆီးဟာပြီးခဲ့တဲ့မေလတုန်းကပေါ်တိုမှာပရီးမီးယားလိဂ်ပြိုင်ဘက်မန်စီးတီးအသင်းကို၁-၀ဂိုးဖြင့်အနိုင်ရရှိကာချဲလဆ်ီးအတွက်ဒုတိယမြောက်ချန်ပီယံလိဂ်ဖလားအားရယူပေးခဲ့ပါတယ်။

ချဲလ်ဆီးဟာချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှစပါယ်ရှယ်အခိုက်အတန့်ပုံများပါဝင်တဲ့အထူးစပါယ်ရှယ်အင်္ကျီကို အွန်လိုင်းမှရောင်းချခဲ့ပါတယ်။ယင်းအင်္ကျီကို အလုံးရေ၄၂၀တည်းသာရောင်းချခဲ့တာဖြစ်တဲ့အပြင်ဈေးနှုန်းကိုလည်း ပေါင်၁၉၅အထိသတ်မှတ်ထားပါတယ်။

ပရိသတ်များဟာချဲလ်ဆီးရဲ့ချန်ပီယံလိဂ်ချန်ပီယံအထူးစပါယ်ရှယ်အင်္ကျီရဲ့ဒီဇိုင်းနှင့်ပတ်သက်ပြီးအထူးဝေဖန်ခဲ့ကြပါတယ်။အထူးသဖြင့်ယင်းအင်္ကျီမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ဝတ်ဆင်ခဲ့တဲ့အင်္ကျီမဟုတ်ဘဲယခုရာသီအိမ်ကွင်းဝတ်စုံကိုအခြေခံလုပ်ဆောင်ထားတာဖြစ်ပါတယ်။

ယင်းအင်္ကျီတွင်အနိုင်ဂိုးသွင်းပြီးနောက်ကိုင်ဟာဗတ်ဇ်ဒူးထောက်အောင်ပွဲခံနေပုံ၊အန်ဂိုလိုကန်တီရဲ့ပွဲစဉ်အလိုက်အကောင်းဆုံးခြေစွမ်း၊သောမတ်စ်တူချယ်ရဲ့ပွဲပြီးအောင်ပွဲခံပုံ၊ပွဲထွက်ကစားသမားပုံတို့ပါဝင်ပါတယ်။

ချဲလ်ဆီးဟာချန်ပီယံလိဂ်ချန်ပီယံစပါယ်ရှယ်ဝတ်စုံဒီဇိုင်းပိုင်း၊ဈေးနှုန်းမြင့်မားစွာသတ်မှတ်ထားမှုတို့နှင့်ပတ်သက်ပြီးဝေဖန်မှုများနှင့်ကြုံရပေမယ့်လည်းယင်းအင်္ကျီများကိုစတင်ရောင်းချပြီး၂နာရီမပြည့်မီအချိန်တွင်ပင် အကုန်ရောင်းချခဲ့ရပါတယ်။

ZawGyi

ခ်ဲလ္ဆီးရဲ႕ခ်န္ပီယံလိဂ္ခ်န္ပီယံအထူးစပါယ္ရွယ္အက်ႌေဝဖန္ခံရေပမယ့္ ၂ နာရီမျပည့္မီအကုန္ေရာင္းခ်ခဲ့ရ

ခ်ဲလ္ဆီးဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့မႈအတြက္အထိမ္းအမွတ္အျဖစ္ အထူးအက်ႌထုတ္လုပ္ေရာင္းခ်ခဲ့ရာ ေဈးႏႈန္းျမင့္မားႏွင့္ဒီဇိုင္းတို႔ေၾကာင့္အျပင္းအထန္ေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ရေပမယ့္လည္း ၂နာရီမျပည့္မီအတြင္းတြင္ပင္အားလုံးအကုန္ေရာင္းခ်ခဲ့ရပါတယ္။

ေသာမတ္စ္တူခ်ယ္ဦးေဆာင္တဲ့ခ်ဲလ္ဆီးဟာၿပီးခဲ့တဲ့ေမလတုန္းကေပၚတိုမွာပရီးမီးယားလိဂ္ၿပိဳင္ဘက္မန္စီးတီးအသင္းကို၁-၀ဂိုးျဖင့္အႏိုင္ရရွိကာခ်ဲလဆ္ီးအတြက္ဒုတိယေျမာက္ခ်န္ပီယံလိဂ္ဖလားအားရယူေပးခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာခ်န္ပီယံလိဂ္ဗိုလ္လုပြဲစဥ္မွစပါယ္ရွယ္အခိုက္အတန႔္ပုံမ်ားပါဝင္တဲ့အထူးစပါယ္ရွယ္အက်ႌကို အြန္လိုင္းမွေရာင္းခ်ခဲ့ပါတယ္။ယင္းအက်ႌကို အလုံးေရ၄၂၀တည္းသာေရာင္းခ်ခဲ့တာျဖစ္တဲ့အျပင္ေဈးႏႈန္းကိုလည္း ေပါင္၁၉၅အထိသတ္မွတ္ထားပါတယ္။

ပရိသတ္မ်ားဟာခ်ဲလ္ဆီးရဲ႕ခ်န္ပီယံလိဂ္ခ်န္ပီယံအထူးစပါယ္ရွယ္အက်ႌရဲ႕ဒီဇိုင္းႏွင့္ပတ္သက္ၿပီးအထူးေဝဖန္ခဲ့ၾကပါတယ္။အထူးသျဖင့္ယင္းအက်ႌမွာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ဝတ္ဆင္ခဲ့တဲ့အက်ႌမဟုတ္ဘဲယခုရာသီအိမ္ကြင္းဝတ္စုံကိုအေျခခံလုပ္ေဆာင္ထားတာျဖစ္ပါတယ္။

ယင္းအက်ႌတြင္အႏိုင္ဂိုးသြင္းၿပီးေနာက္ကိုင္ဟာဗတ္ဇ္ဒူးေထာက္ေအာင္ပြဲခံေနပုံ၊အန္ဂိုလိုကန္တီရဲ႕ပြဲစဥ္အလိုက္အေကာင္းဆုံးေျခစြမ္း၊ေသာမတ္စ္တူခ်ယ္ရဲ႕ပြဲၿပီးေအာင္ပြဲခံပုံ၊ပြဲထြက္ကစားသမားပုံတို႔ပါဝင္ပါတယ္။

ခ်ဲလ္ဆီးဟာခ်န္ပီယံလိဂ္ခ်န္ပီယံစပါယ္ရွယ္ဝတ္စုံဒီဇိုင္းပိုင္း၊ေဈးႏႈန္းျမင့္မားစြာသတ္မွတ္ထားမႈတို႔ႏွင့္ပတ္သက္ၿပီးေဝဖန္မႈမ်ားႏွင့္ႀကဳံရေပမယ့္လည္းယင္းအက်ႌမ်ားကိုစတင္ေရာင္းခ်ၿပီး၂နာရီမျပည့္မီအခ်ိန္တြင္ပင္ အကုန္ေရာင္းခ်ခဲ့ရပါတယ္။