ချဲလ်ဆီးရဲ့ပရိသတ်ရဲ့မင်္ဂလာပွဲသို့ တက်ရောက်ပြီး မမေ့နိုင်စရာ မင်္ဂလာပွဲဖြစ်အောင် ပြုလုပ်ခဲ့တဲ့ အန်ဂိုလိုကန်တီ

ချဲလ်ဆီးအလယ်တန်းကစားသမားအန်ဂိုလိုကန်တီဟာဘောလုံးလောကမှာနှိမ့်ချစွာနေထိုင်တတ်တဲ့ကစားသမားတစ်ဦးအဖြစ်နာမည်ကျော်ကြားတဲ့သူဖြစ်ပါတယ်။သူနဲ့ပတ်သက်ပြီး ပြောစရာတွေအများကြီးရှိပါတယ်။ဒါပေမဲ့၂၀၁၉ခုနှစ်တုန်းကအဖြစ်အပျက်ကတော့ဘယ်သူမှမထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။

ပြင်သစ်ကွင်းလယ်ကစားသမားဟာ၂၀၁၉ခုနှစ်တုန်းကဒဏ်ရာပြဿနာကြောင့်ချဲလ်ဆီးရဲ့ရှက်ဖီးလ်ယူနိုက်တက်နှင့်ပရီးမီးယားလိဂ်ပွဲကိုလွဲချော်ခဲ့ပါတယ်။ဒါကြောင့်လည်းသူဟာချဲလ်ဆီးပရိသတ်တစ်ဦးရဲ့မင်္ဂလာပွဲသို့တက်ရောက်ခဲ့နိုင်ခဲ့ပါတယ်။

အန်ဂိုလိုကန်တီဟာအစောပိုင်းတုန်းကဟန်နာခါလစ်နှင့်ရာဟီးလ်မာလစ်ခ်တို့ရဲ့လက်ထပ်ပွဲသို့တက်ရောက်ဖို့အစီအစဉ်မရှိပါဘူး။သူဟာပွဲကစားဖို့ရှိနေတာကြောင့်သတို့သမီးရဲ့ဖခင်ဖရန့်ခါလစ်ရဲ့ဖိတ်ကြားမှုကိုငြင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့အန်ဂိုလိုကန်တီဟာဒဏ်ရာကြောင့်ချဲလ်ဆီးရဲ့ပွဲမှာပါဝင်မကစားနိုင်ရန်သေချာသွားပြီးတဲ့နောက် ချဲလ်ဆီးပရိသတ်ရဲ့မင်္ဂလာပွဲသို့တက်ရောက်ခဲ့ပါတယ်။

ဖရန့်က “သူငယ်ချင်းတစ်ဦးရဲ့မိတ်ဆက်မှုကြောင့်ကျွန်တော်တို့သူငယ်ချင်းဖြစ်သွားခဲ့တာပါ။ကျွန်တော့်ရဲ့Chak89 စားသောက်ဆိုင်သို့သူလာလေ့ရှိတယ်။မင်္ဂလာပွဲကိုတက်ဖို့အစကတည်းကသူ့ကိုဖိတ်ထားခဲ့တာပါ။ပြင်သစ်လက်ရွေးစင်အသင်းနဲ့ပူးပေါင်းရဖို့ရှိတော့မတက်ရောက်နိုင်ဘူးလို့ငြင်းထားတာပါ။ဒါပေမဲ့ဒဏ်ရာရသွားတော့သူလာမယ်လို့စာပို့လာပါတယ်။ကျွန်တော့်မိသားစုနဲ့ကျွန်တော်တို့ကအန်ဂိုလိုနဲ့တော်တော်ရင်းနှီးပါတယ်။၂၀၁၈ခုနှစ်တုန်းကနှလုံးခွဲစိတ်ရတော့အဦးဆုံးလာတဲ့သူတွေမှာသူပါဝင်ပါတယ်။တနေကုန်နေသွားတယ်။သူကအားလုံးအပေါ်မှာကြင်နာတယ်။လက်မှတ်ထိုးပေးတယ်။ဧည့်သည်တွေနဲ့Selfie ရိုက်ပေးတယ်”လို့ပြောကြားသွားပါတယ်။

အန်ဂိုလိုကန်တီဟာမင်္ဂလာပွဲသို့တက်ချိန်တွင်ဓာတ်ပုံရိုက်ကူးရန်လူပေါင်းများစွာတို့ရဲ့တောင်းဆိုခြင်းခံခဲ့ရပေမဲ့တစ်ဦးချင်းကိုဂရုတစိုက်ရိုက်ကူးခြင်းပြုလုပ်ပေးခဲ့ပါတယ်။

ZawGyi

ခ်ဲလ္ဆီးရဲ႕ပရိသတ္ရဲ႕မဂၤလာပြဲသို႔ တက္ေရာက္ၿပီး မေမ့ႏိုင္စရာ မဂၤလာပြဲျဖစ္ေအာင္ ျပဳလုပ္ခဲ့တဲ့ အန္ဂိုလိုကန္တီ

ခ်ဲလ္ဆီးအလယ္တန္းကစားသမားအန္ဂိုလိုကန္တီဟာေဘာလုံးေလာကမွာႏွိမ့္ခ်စြာေနထိုင္တတ္တဲ့ကစားသမားတစ္ဦးအျဖစ္နာမည္ေက်ာ္ၾကားတဲ့သူျဖစ္ပါတယ္။သူနဲ႔ပတ္သက္ၿပီး ေျပာစရာေတြအမ်ားႀကီးရွိပါတယ္။ဒါေပမဲ့၂၀၁၉ခုႏွစ္တုန္းကအျဖစ္အပ်က္ကေတာ့ဘယ္သူမွမထင္မွတ္ထားတဲ့အျဖစ္အပ်က္တစ္ခုျဖစ္ပါတယ္။

ျပင္သစ္ကြင္းလယ္ကစားသမားဟာ၂၀၁၉ခုႏွစ္တုန္းကဒဏ္ရာျပႆနာေၾကာင့္ခ်ဲလ္ဆီးရဲ႕ရွက္ဖီးလ္ယူႏိုက္တက္ႏွင့္ပရီးမီးယားလိဂ္ပြဲကိုလြဲေခ်ာ္ခဲ့ပါတယ္။ဒါေၾကာင့္လည္းသူဟာခ်ဲလ္ဆီးပရိသတ္တစ္ဦးရဲ႕မဂၤလာပြဲသို႔တက္ေရာက္ခဲ့ႏိုင္ခဲ့ပါတယ္။

အန္ဂိုလိုကန္တီဟာအေစာပိုင္းတုန္းကဟန္နာခါလစ္ႏွင့္ရာဟီးလ္မာလစ္ခ္တို႔ရဲ႕လက္ထပ္ပြဲသို႔တက္ေရာက္ဖို႔အစီအစဥ္မရွိပါဘူး။သူဟာပြဲကစားဖို႔ရွိေနတာေၾကာင့္သတို႔သမီးရဲ႕ဖခင္ဖရန႔္ခါလစ္ရဲ႕ဖိတ္ၾကားမႈကိုျငင္းဆိုခဲ့ပါတယ္။

ဒါေပမဲ့အန္ဂိုလိုကန္တီဟာဒဏ္ရာေၾကာင့္ခ်ဲလ္ဆီးရဲ႕ပြဲမွာပါဝင္မကစားႏိုင္ရန္ေသခ်ာသြားၿပီးတဲ့ေနာက္ ခ်ဲလ္ဆီးပရိသတ္ရဲ႕မဂၤလာပြဲသို႔တက္ေရာက္ခဲ့ပါတယ္။

ဖရန႔္က “သူငယ္ခ်င္းတစ္ဦးရဲ႕မိတ္ဆက္မႈေၾကာင့္ကြၽန္ေတာ္တို႔သူငယ္ခ်င္းျဖစ္သြားခဲ့တာပါ။ကြၽန္ေတာ့္ရဲ႕Chak89 စားေသာက္ဆိုင္သို႔သူလာေလ့ရွိတယ္။မဂၤလာပြဲကိုတက္ဖို႔အစကတည္းကသူ႔ကိုဖိတ္ထားခဲ့တာပါ။ျပင္သစ္လက္ေ႐ြးစင္အသင္းနဲ႔ပူးေပါင္းရဖို႔ရွိေတာ့မတက္ေရာက္ႏိုင္ဘူးလို႔ျငင္းထားတာပါ။ဒါေပမဲ့ဒဏ္ရာရသြားေတာ့သူလာမယ္လို႔စာပို႔လာပါတယ္။ကြၽန္ေတာ့္မိသားစုနဲ႔ကြၽန္ေတာ္တို႔ကအန္ဂိုလိုနဲ႔ေတာ္ေတာ္ရင္းႏွီးပါတယ္။၂၀၁၈ခုႏွစ္တုန္းကႏွလုံးခြဲစိတ္ရေတာ့အဦးဆုံးလာတဲ့သူေတြမွာသူပါဝင္ပါတယ္။တေနကုန္ေနသြားတယ္။သူကအားလုံးအေပၚမွာၾကင္နာတယ္။လက္မွတ္ထိုးေပးတယ္။ဧည့္သည္ေတြနဲ႔Selfie ႐ိုက္ေပးတယ္”လို႔ေျပာၾကားသြားပါတယ္။

အန္ဂိုလိုကန္တီဟာမဂၤလာပြဲသို႔တက္ခ်ိန္တြင္ဓာတ္ပုံ႐ိုက္ကူးရန္လူေပါင္းမ်ားစြာတို႔ရဲ႕ေတာင္းဆိုျခင္းခံခဲ့ရေပမဲ့တစ္ဦးခ်င္းကိုဂ႐ုတစိုက္႐ိုက္ကူးျခင္းျပဳလုပ္ေပးခဲ့ပါတယ္။