ချဲလ်ဆီးရဲ့ပရီးမီးယားလိဂ်ပြိုင်ဘက်နှစ်သင်းနဲ့ ဆွေးနွေးနေတဲ့ ရူဒီဂါ

ဂျာမနီနောက်ခံလူအန်တိုနီယိုရူဒီဂါဟာချဲလ်ဆီးရဲ့ပရီးမီးယားလိဂ်ပြိုင်ဘက်နှစ်သင်းနှင့်အပြောင်းအရွှေ့အတွက်ဆွေးနွေးမှုပြုလုပ်နေကြောင်းသိရပါတယ်။

ချဲလ်ဆီးဗဟိုနောက်ခံလူဟာယခုရာသီအကုန်တွင်ချဲလ်ဆီးနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးစာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုအဆင်မပြေဖြစ်နေသူလည်းဖြစ်ပါတယ်။

ဂျာမနီလက်ရွေးစင်နောက်ခံလူဟာကမ္ဘာ့လုပ်ခအမြင့်မားဆုံးရရှိတဲ့ဗဟိုနောက်ခံလူအဖြစ်တစ်ပတ်လုပ်ခပေါင်၄၀၀၀၀၀အထိရရှိလိုနေပါတယ်။

သူဟာချဲလ်ဆီးနှင့်စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုမအောင်မြင်ပါကလာမယ့်ဇန်နဝါရီမှစတင်ကာနိုင်ငံခြားကလပ်နှင့်လွတ်လပ်စွာဆွေးနွေးခွင့်ရှိနေပါတယ်။

သူ့ကိုဥရောပထိပ်သီးကလပ်များဖြစ်ကြတဲ့ပီအက်စ်ဂျီ၊ဘိုင်ယန်မြူးနစ်၊ရီးရဲလ်မက်ဒရစ်၊ဂျူဗင်တပ်တို့ကစိတ်ဝင်စားနေပါတယ်။

ဒါပေမယ့်ယနေ့ထွက်ပေါ်လာတဲ့သတင်းအရရူဒီဂါအားခေါ်ယူရန်ကြိုးပမ်းလာတဲ့ကလပ်များထဲမှာချဲလ်ဆီးရဲ့ပရီးမီးယားလိဂ်ပြိုင်ဘက်များဖြစ်ကြတဲ့စပါးစ်နှင့်မန်စီးတီးတို့လည်းပါဝင်လာကြောင်းသိရပါတယ်။

လက်ရှိအနေအထားအရရူဒီဂါဟာချဲလ်ဆီးနှင့်စာချုပ်သစ်ချုပ်ဆိုရန်အလွန်ခက်ခဲနေပြီးဂျူဗင်တပ်၊မန်စီးတီး၊စပါးစ်၊ပီအက်စ်ဂျီတို့မှတစ်သင်းသို့ပြောင်းရန်အလားအလာများနေကြောင်းအပြောင်းအရွှေ့ကျွမ်းကျင်သူများကသုံးသပ်နေပါတယ်။

ZawGyi

ခ်ဲလ္ဆီးရဲ႕ပရီးမီးယားလိဂ္ၿပိဳင္ဘက္ႏွစ္သင္းနဲ႔ ေဆြးေႏြးေနတဲ့ ႐ူဒီဂါ

ဂ်ာမနီေနာက္ခံလူအန္တိုနီယို႐ူဒီဂါဟာခ်ဲလ္ဆီးရဲ႕ပရီးမီးယားလိဂ္ၿပိဳင္ဘက္ႏွစ္သင္းႏွင့္အေျပာင္းအေ႐ႊ႕အတြက္ေဆြးေႏြးမႈျပဳလုပ္ေနေၾကာင္းသိရပါတယ္။

ခ်ဲလ္ဆီးဗဟိုေနာက္ခံလူဟာယခုရာသီအကုန္တြင္ခ်ဲလ္ဆီးႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးမႈအဆင္မေျပျဖစ္ေနသူလည္းျဖစ္ပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္ေနာက္ခံလူဟာကမာၻ႔လုပ္ခအျမင့္မားဆုံးရရွိတဲ့ဗဟိုေနာက္ခံလူအျဖစ္တစ္ပတ္လုပ္ခေပါင္၄၀၀၀၀၀အထိရရွိလိုေနပါတယ္။

သူဟာခ်ဲလ္ဆီးႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးမႈမေအာင္ျမင္ပါကလာမယ့္ဇန္နဝါရီမွစတင္ကာႏိုင္ငံျခားကလပ္ႏွင့္လြတ္လပ္စြာေဆြးေႏြးခြင့္ရွိေနပါတယ္။

သူ႔ကိုဥေရာပထိပ္သီးကလပ္မ်ားျဖစ္ၾကတဲ့ပီအက္စ္ဂ်ီ၊ဘိုင္ယန္ျမဴးနစ္၊ရီးရဲလ္မက္ဒရစ္၊ဂ်ဴဗင္တပ္တို႔ကစိတ္ဝင္စားေနပါတယ္။

ဒါေပမယ့္ယေန႔ထြက္ေပၚလာတဲ့သတင္းအရ႐ူဒီဂါအားေခၚယူရန္ႀကိဳးပမ္းလာတဲ့ကလပ္မ်ားထဲမွာခ်ဲလ္ဆီးရဲ႕ပရီးမီးယားလိဂ္ၿပိဳင္ဘက္မ်ားျဖစ္ၾကတဲ့စပါးစ္ႏွင့္မန္စီးတီးတို႔လည္းပါဝင္လာေၾကာင္းသိရပါတယ္။

လက္ရွိအေနအထားအရ႐ူဒီဂါဟာခ်ဲလ္ဆီးႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အလြန္ခက္ခဲေနၿပီးဂ်ဴဗင္တပ္၊မန္စီးတီး၊စပါးစ္၊ပီအက္စ္ဂ်ီတို႔မွတစ္သင္းသို႔ေျပာင္းရန္အလားအလာမ်ားေနေၾကာင္းအေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူမ်ားကသုံးသပ္ေနပါတယ္။