ချဲလ်ဆီးရဲ့လုပ်ခအများဆုံးရကစားသမားဖြစ်လာတဲ့ ရာဟမ်းစတာလင်း

ရာဟမ်းစတာလင်းဟာမန်စီးတီးမှချဲလ်ဆီးသို့ပြောင်းရွှေ့အပြီးသတ်လာပြီးတဲ့နောက် ချဲလ်ဆီးရဲ့လုပ်ခအများဆုံးရကစားသမားဖြစ်လာပါတယ်။

အသက်၂၇နှစ်ရှိစတာလင်းဟာမနေ့ညတုန်းကမန်စီးတီးမှချဲလ်ဆီးသို့ပေါင်သန်း၅၀ဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။သူဟာချဲလ်ဆီးနှင့်ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့ပြီးစာချုပ်အတွင်းတွင်တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။

သူဟာချဲလ်ဆီးသို့ပြောင်းရွှေ့မှုအပြီးသတ်ပြီးနောက်ချက်ချင်းပင်ချဲလ်ဆီးရဲ့အမေရိကန်ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းကာလေ့ကျင့်ခန်းဆင်းမှုပြုလုပ်ခဲ့ပါတယ်။

သူဟာချဲလ်ဆီးသို့ပြောင်းရွှေ့လာပြီးတဲ့နောက်အန်ဂိုလိုကန်တီကိုကျော်ဖြတ်ကာချဲလ်ဆီးရဲ့လုပ်ခအများဆုံးရကစားသမားဖြစ်လာပါတယ်။

ကန်တီဟာချဲလ်ဆီးတွင်တစ်ပတ်လုပ်ခပေါင်၂၉၀၀၀၀ရရှိနေတာဖြစ်ပါတယ်။ဒါပေမဲ့စတာလင်းဟာတစ်ပတ်လုပ်ခပေါင်၃၁၀၀၀၀ဖြင့်ချဲလ်ဆီးရဲ့လုပ်ခအများဆုံးရကစားသမားဖြစ်လာပါတယ်။

စတာလင်းဟာမန်စီးတီးတွင်ကစားစဉ်တုန်းကပေါင်၂၀၀၀၀၀မှပေါင်၂၅၀၀၀၀အတွင်းသာရရှိခဲ့တာဖြစ်ပါတယ်။

သူဟာမန်စီးတီးတွင်ကစားစဉ်အတွင်း၁၃၁ဂိုးသွင်းယူကာပရီးမီးယားလိဂ်ဖလား၄ကြိမ်အပါအဝင်ဆုဖလား၁၁လုံးဆွတ်ခူးနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးသို့ပြောင်းရွှေ့ပြီးနောက်စတာလင်းက “အရိုးသားဆုံးပြောရရင်စတင်ဖို့မစောင့်နိုင်အောင်ဖြစ်နေပါပြီ။အတူတကွသမိုင်းရေးကြစို့”လို့ပြောကြားသွားပါတယ်။

သူဟာလာမယ့်စနေနေ့တွင်ကလပ်အမေရိကန်နှင့်ကစားမယ့်ခြေစမ်းပွဲတွင်ချဲလ်ဆီးအတွက်ပထမဆုံးပွဲကိုကစားလာဖို့ရှိပါတယ်။

Zawgyi

ခ်ဲလ္ဆီးရဲ႕လုပ္ခအမ်ားဆုံးရကစားသမားျဖစ္လာတဲ့ ရာဟမ္းစတာလင္း

ရာဟမ္းစတာလင္းဟာမန္စီးတီးမွခ်ဲလ္ဆီးသို႔ေျပာင္းေ႐ႊ႕အၿပီးသတ္လာၿပီးတဲ့ေနာက္ ခ်ဲလ္ဆီးရဲ႕လုပ္ခအမ်ားဆုံးရကစားသမားျဖစ္လာပါတယ္။

အသက္၂၇ႏွစ္ရွိစတာလင္းဟာမေန႔ညတုန္းကမန္စီးတီးမွခ်ဲလ္ဆီးသို႔ေပါင္သန္း၅၀ျဖင့္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။သူဟာခ်ဲလ္ဆီးႏွင့္ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီးစာခ်ဳပ္အတြင္းတြင္တစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

သူဟာခ်ဲလ္ဆီးသို႔ေျပာင္းေ႐ႊ႕မႈအၿပီးသတ္ၿပီးေနာက္ခ်က္ခ်င္းပင္ခ်ဲလ္ဆီးရဲ႕အေမရိကန္ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ႏွင့္ပူးေပါင္းကာေလ့က်င့္ခန္းဆင္းမႈျပဳလုပ္ခဲ့ပါတယ္။

သူဟာခ်ဲလ္ဆီးသို႔ေျပာင္းေ႐ႊ႕လာၿပီးတဲ့ေနာက္အန္ဂိုလိုကန္တီကိုေက်ာ္ျဖတ္ကာခ်ဲလ္ဆီးရဲ႕လုပ္ခအမ်ားဆုံးရကစားသမားျဖစ္လာပါတယ္။

ကန္တီဟာခ်ဲလ္ဆီးတြင္တစ္ပတ္လုပ္ခေပါင္၂၉၀၀၀၀ရရွိေနတာျဖစ္ပါတယ္။ဒါေပမဲ့စတာလင္းဟာတစ္ပတ္လုပ္ခေပါင္၃၁၀၀၀၀ျဖင့္ခ်ဲလ္ဆီးရဲ႕လုပ္ခအမ်ားဆုံးရကစားသမားျဖစ္လာပါတယ္။

စတာလင္းဟာမန္စီးတီးတြင္ကစားစဥ္တုန္းကေပါင္၂၀၀၀၀၀မွေပါင္၂၅၀၀၀၀အတြင္းသာရရွိခဲ့တာျဖစ္ပါတယ္။

သူဟာမန္စီးတီးတြင္ကစားစဥ္အတြင္း၁၃၁ဂိုးသြင္းယူကာပရီးမီးယားလိဂ္ဖလား၄ႀကိမ္အပါအဝင္ဆုဖလား၁၁လုံးဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ခ်ဲလ္ဆီးသို႔ေျပာင္းေ႐ႊ႕ၿပီးေနာက္စတာလင္းက “အ႐ိုးသားဆုံးေျပာရရင္စတင္ဖို႔မေစာင့္ႏိုင္ေအာင္ျဖစ္ေနပါၿပီ။အတူတကြသမိုင္းေရးၾကစို႔”လို႔ေျပာၾကားသြားပါတယ္။

သူဟာလာမယ့္စေနေန႔တြင္ကလပ္အေမရိကန္ႏွင့္ကစားမယ့္ေျခစမ္းပြဲတြင္ခ်ဲလ္ဆီးအတြက္ပထမဆုံးပြဲကိုကစားလာဖို႔ရွိပါတယ္။