ချဲလ်ဆီးရဲ့ ၂-၀ဂိုးဖြင့်နိုင်ပွဲ ပို့စ်ကို Like လုပ်ခဲ့တဲ့ ဝီလီယံကို စာချုပ်ဖျက်ရန် အာဆင်နယ်ပရိသတ်များတောင်းဆို

ဝီလီယံဟာမနေ့ညတုန်းကချဲလ်ဆီးရဲ့အာဆင်နယ်အား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲပြီးအွန်လိုင်းပို့စ်အား Like ပေးခဲ့မှုအတွက်အာဆင်နယ်ပရိသတ်များရဲ့အကြီးအကျယ်ဒေါသထွက်ခြင်းခံနေရပါတယ်။

ချဲလ်ဆီးဟာမနေ့ညတုန်းကအမ်းမရိတ်ကွင်းတွင်ပထမပိုင်းတွင်လူကာကူနှင့်ရီစီဂျိမ်းစ်တို့သွင်းယူတဲ့ဂိုးများဖြင့်အာဆင်နယ်ကို၂-၀ဂိုးဖြင့်သက်တောင့်သက်သာဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ချဲလ်ဆီးဟာပရီးမီးယားလိဂ်တွင်နှစ်ပွဲဆက်အနိုင်ရရှိကာပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင်ဦးဆောင်လာနိုင်ပြီးအာဆင်နယ်ကတော့နှစ်ပွဲဆက်အရှုံးနှင့်ကြုံနေရပါတယ်။

အသင်းရှုံးနိမ့်လို့ပေါက်ကွဲနေကြတဲ့အာဆင်နယ်ပရိသတ်များဟာချဲလ်ဆီးရဲ့ပွဲပြီးနိုင်ပွဲရလဒ်ပို့စ်ကို Like ပေးခဲ့တဲ့ အာဆင်နယ်ကွင်းလယ်ကစားသမားဝီလီယံဘက်ကိုဒေါသမြှားဦးလှည့်လာခဲ့ကြပါတယ်။

အာဆင်နယ်ပရိသတ်များက၁၁လစာချုပ်သက်တမ်းသာကျန်တော့တဲ့ဝီလီယံရဲ့စာချုပ်ကိုဖျက်သိမ်းပြီးအသင်းမှထွက်ခွာစေရန်အထိပါပြောဆိုခဲ့ကြပါတယ်။

ဝီလီယံဟာချဲလ်ဆီးတွင်၇ရာသီကြာကစားခဲ့သူဖြစ်ပြီးပြီးခဲ့တဲ့နှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်အာဆင်နယ်သို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်ဘရာဇီးတိုက်စစ်သမားဟာအာဆင်နယ်တွင်ခြေစွမ်းပျောက်နေမှုနဲ့အတူယခုနွေရာသီတွင်အသင်းပြောင်းမယ်လို့ယူဆခြင်းခံနေရပါတယ်။

သူဟာယခုရာသီမှာအာဆင်နယ်အတွက်တစ်ပွဲမျှပါဝင်မကစားရသေးပါဘူး။

ZawGyi

ခ်ဲလ္ဆီးရဲ႕ ၂-၀ဂိုးျဖင့္ႏိုင္ပြဲ ပို႔စ္ကို Like လုပ္ခဲ့တဲ့ ဝီလီယံကို စာခ်ဳပ္ဖ်က္ရန္ အာဆင္နယ္ပရိသတ္မ်ားေတာင္းဆို

ဝီလီယံဟာမေန႔ညတုန္းကခ်ဲလ္ဆီးရဲ႕အာဆင္နယ္အား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲၿပီးအြန္လိုင္းပို႔စ္အား Like ေပးခဲ့မႈအတြက္အာဆင္နယ္ပရိသတ္မ်ားရဲ႕အႀကီးအက်ယ္ေဒါသထြက္ျခင္းခံေနရပါတယ္။

ခ်ဲလ္ဆီးဟာမေန႔ညတုန္းကအမ္းမရိတ္ကြင္းတြင္ပထမပိုင္းတြင္လူကာကူႏွင့္ရီစီဂ်ိမ္းစ္တို႔သြင္းယူတဲ့ဂိုးမ်ားျဖင့္အာဆင္နယ္ကို၂-၀ဂိုးျဖင့္သက္ေတာင့္သက္သာျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာပရီးမီးယားလိဂ္တြင္ႏွစ္ပြဲဆက္အႏိုင္ရရွိကာပရီးမီးယားလိဂ္အမွတ္ေပးဇယားတြင္ဦးေဆာင္လာႏိုင္ၿပီးအာဆင္နယ္ကေတာ့ႏွစ္ပြဲဆက္အရႈံးႏွင့္ႀကဳံေနရပါတယ္။

အသင္းရႈံးနိမ့္လို႔ေပါက္ကြဲေနၾကတဲ့အာဆင္နယ္ပရိသတ္မ်ားဟာခ်ဲလ္ဆီးရဲ႕ပြဲၿပီးႏိုင္ပြဲရလဒ္ပို႔စ္ကို Like ေပးခဲ့တဲ့ အာဆင္နယ္ကြင္းလယ္ကစားသမားဝီလီယံဘက္ကိုေဒါသျမႇားဦးလွည့္လာခဲ့ၾကပါတယ္။

အာဆင္နယ္ပရိသတ္မ်ားက၁၁လစာခ်ဳပ္သက္တမ္းသာက်န္ေတာ့တဲ့ဝီလီယံရဲ႕စာခ်ဳပ္ကိုဖ်က္သိမ္းၿပီးအသင္းမွထြက္ခြာေစရန္အထိပါေျပာဆိုခဲ့ၾကပါတယ္။

ဝီလီယံဟာခ်ဲလ္ဆီးတြင္၇ရာသီၾကာကစားခဲ့သူျဖစ္ၿပီးၿပီးခဲ့တဲ့ႏွစ္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အာဆင္နယ္သို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေရာက္လာခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္ဘရာဇီးတိုက္စစ္သမားဟာအာဆင္နယ္တြင္ေျခစြမ္းေပ်ာက္ေနမႈနဲ႔အတူယခုေႏြရာသီတြင္အသင္းေျပာင္းမယ္လို႔ယူဆျခင္းခံေနရပါတယ္။

သူဟာယခုရာသီမွာအာဆင္နယ္အတြက္တစ္ပြဲမွ်ပါဝင္မကစားရေသးပါဘူး။