ချဲလ်ဆီးလေ့ကျင့်ခန်းအစီအစဉ်မှ ဂိုးသွင်းစွမ်းရည်ကြောင့် ဝါနာနေရာတွင် ကီပါကိုသုံးရန် ပရိသတ်များတောင်းဆိုလာ

ချဲလ်ဆီးဂိုးသမားပီပါအာရီဇာဘာလာဂါတာဟာလေ့ကျင့်ခန်းအစီအစဉ်မှာဂိုးအပေါ်ဘားတိုင်ကို၈ကြိမ်ဆက်တိုက်ထိအောင်ကန်ပြီးသူ့ဂိုးသွင်းစွမ်းရည်ဘယ်လောက်ကောင်းတယ်ဆိုတာပြသခဲ့ပါတယ်။

၂၀၁၉ခုနှစ်တွင်ဘီလ်ဘာအိုမှပေါင်၇၂သန်းဖြင့်ပြောင်းလာတဲ့ချဲလ်ဆီးဂိုးသမားဟာစတမ်းဖို့ဒ်ဘရစ်ချ်တွင်အမှားများပြုလုပ်မှုကြောင့်ပြီးခဲ့တဲ့ဘောလုံးရာသီတွင်အင်ဒီနောက် ဒုတိယဦးစားပေးဂိုးသမားအြဖစ်သာကစားခွင့်ရရှိလာခဲ့ပါတယ်။

အသက်၂၆နှစ်ရှိဂိုးသမားဟာစပိန်အသင်းနှင့်အတူယူရို၂၀၂၀ပြိုင်ပွဲမကစားရမှုနဲ့အတူ ချဲလ်ဆီးရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့်စောစောစီးစီးပူးပေါင်းခဲ့ရပါတယ်။

ဆိုရှယ်မီဒီယာမှာတင်လာတဲ့ဗီဒီယိုဖိုင်အရကီပါဟာချဲလ်ဆီးလေ့ကျင့်ရေးအစီအစဉ်မှာ ဂိုးအပေါ်ဘားတိုင်ကိုရှစ်ကြိမ်ဆက်တိုက်ထိအောင်ကန်ပြခဲ့တာတွေ့ရပါတယ်။

ဂိုးဘားတိုင်ကိုရှစ်ကြိမ်ဆက်တိုက်ထိအောင်ကန်ဖို့ဆိုတာဂိုးသွင်းတိကျမှန်ကန်မှဖြစ်နိုင်တာမျိုးပါ။

ဒါကြောင့်လည်းချဲလ်ဆီးပရိသတ်များကပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကအပိုင်အခွင့်အရေးများကိုဖြုန်းတီးခဲ့တဲ့ဂျာမန်တိုက်စစ်မှူးနေရာတွင်ကီပါကိုအစားထိုးကာတိုက်စစ်မှူးအဖြစ်အသုံးပြုသင့်ကြောင်းအွန်လိုင်းတွင်ဟာသနှောရေးသားလာကြပါတယ်။

ကီပါဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကချဲလ်ဆီးအတွက်၁၂ပွဲတည်းသာကစားခွင့်ရခဲ့ပါတယ်။

ZawGyi

ခ်ဲလ္ဆီးေလ့က်င့္ခန္းအစီအစဥ္မွ ဂိုးသြင္းစြမ္းရည္ေၾကာင့္ ဝါနာေနရာတြင္ ကီပါကိုသုံးရန္ ပရိသတ္မ်ားေတာင္းဆိုလာ

ခ်ဲလ္ဆီးဂိုးသမားပီပါအာရီဇာဘာလာဂါတာဟာေလ့က်င့္ခန္းအစီအစဥ္မွာဂိုးအေပၚဘားတိုင္ကို၈ႀကိမ္ဆက္တိုက္ထိေအာင္ကန္ၿပီးသူ႔ဂိုးသြင္းစြမ္းရည္ဘယ္ေလာက္ေကာင္းတယ္ဆိုတာျပသခဲ့ပါတယ္။

၂၀၁၉ခုႏွစ္တြင္ဘီလ္ဘာအိုမွေပါင္၇၂သန္းျဖင့္ေျပာင္းလာတဲ့ခ်ဲလ္ဆီးဂိုးသမားဟာစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္အမွားမ်ားျပဳလုပ္မႈေၾကာင့္ၿပီးခဲ့တဲ့ေဘာလုံးရာသီတြင္အင္ဒီေနာက္ ဒုတိယဦးစားေပးဂိုးသမားျအဖစ္သာကစားခြင့္ရရွိလာခဲ့ပါတယ္။

အသက္၂၆ႏွစ္ရွိဂိုးသမားဟာစပိန္အသင္းႏွင့္အတူယူ႐ို၂၀၂၀ၿပိဳင္ပြဲမကစားရမႈနဲ႔အတူ ခ်ဲလ္ဆီးရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ႏွင့္ေစာေစာစီးစီးပူးေပါင္းခဲ့ရပါတယ္။

ဆိုရွယ္မီဒီယာမွာတင္လာတဲ့ဗီဒီယိုဖိုင္အရကီပါဟာခ်ဲလ္ဆီးေလ့က်င့္ေရးအစီအစဥ္မွာ ဂိုးအေပၚဘားတိုင္ကိုရွစ္ႀကိမ္ဆက္တိုက္ထိေအာင္ကန္ျပခဲ့တာေတြ႕ရပါတယ္။

ဂိုးဘားတိုင္ကိုရွစ္ႀကိမ္ဆက္တိုက္ထိေအာင္ကန္ဖို႔ဆိုတာဂိုးသြင္းတိက်မွန္ကန္မွျဖစ္ႏိုင္တာမ်ိဳးပါ။

ဒါေၾကာင့္လည္းခ်ဲလ္ဆီးပရိသတ္မ်ားကၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကအပိုင္အခြင့္အေရးမ်ားကိုျဖဳန္းတီးခဲ့တဲ့ဂ်ာမန္တိုက္စစ္မႉးေနရာတြင္ကီပါကိုအစားထိုးကာတိုက္စစ္မႉးအျဖစ္အသုံးျပဳသင့္ေၾကာင္းအြန္လိုင္းတြင္ဟာသေႏွာေရးသားလာၾကပါတယ္။

ကီပါဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကခ်ဲလ္ဆီးအတြက္၁၂ပြဲတည္းသာကစားခြင့္ရခဲ့ပါတယ္။