ချဲလ်ဆီးသို့ ဆောလ်နီဂွက်ဇ် ပြောင်းလာအောင် အေးဂျင့်အဖြစ်လုပ်ဆောင်ခဲ့တဲ့ ကီပါ

ချဲလ်ဆီးကစားသမားသစ်ဆောလ်နီဂွက်ဇ်ကစတမ်းဖို့ဒ်ဘရစ်ချ်ပြောင်းလာအောင်အဓိကနေရာမှကူညီခဲ့သူမှာစပိန်ဂိုးသမားကီပါအာရီဇာဘာဂါလာဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

အသက်၂၆နှစ်ရှိစပိန်ကွင်းလယ်ကစားသမားဟာဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးရက်တွင်အက်သလက်တီကိုမှချဲလ်ဆီးသို့တစ်ရာသီအငှားဖြင့်ပြောင်းခဲ့ပါတယ်။ချဲလ်ဆီးဟာဆောလ်နီဂွက်ဇ်အတွက်ငှားရမ်းခပေါင်၄.၅သန်းပေးရမှာဖြစ်ပြီးလာမယ့်နွေရာသီတွင်ပေါင်သန်း၄၀ဖြင့်အပြီးသတ်ခေါ်ယူမယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။

ဆောလ်နီဂွက်ဇ် “ဒီမှာကီပါရှိတယ်။မားကို့စ်ရှိတယ်။စပိန်စကားပြောတဲ့ကစားသမားတွေလည်းအများကြီးရှိပါတယ်။ကီပါရှိနေတာကတော့အရေးအကြီးဆုံးပါ။တကယ်လို့သူသာမရှိဘူးဆိုရင်အားလုံးပြောင်းလဲသွားပါလိမ့်မယ်။ကီပါနဲ့ကျွန်တော်ကသိကျွမ်းလာခဲ့တာကြာပါပြီ။စပိန်လူငယ်အသင်းတိုင်းမှာအတူကစားလာခဲ့ကြတာပါ။သူရှိနေတာအရမ်းကောင်းပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ကီပါဟာပြီးခဲ့တဲ့နှစ်နွေရာသီတွင်မင်ဒီရောက်လာပြီးနောက်ချဲလ်ဆီးရဲ့ဒုတိယဦးစားပေးဂိုးသမားအဖြစ်သာကစားခွင့်ရရှိလာသူဖြစ်ပါတယ်။ဒါပေမယ့်သူဟာဗီလာရီးရဲလ်အားအနိုင်ရရှိတဲ့ဥရောပစူပါဖလားပွဲတွင်ပင်နယ်တီအဆုံးအဖြတ်မှာပင်နယ်တီနှစ်ကြိမ်ကာကွယ်ပြီးသူရဲကောင်းဖြစ်ခဲ့သူဖြစ်ပါတယ်။

ZawGyi

ခ်ဲလ္ဆီးသို႔ ေဆာလ္နီဂြက္ဇ္ ေျပာင္းလာေအာင္ ေအးဂ်င့္အျဖစ္လုပ္ေဆာင္ခဲ့တဲ့ ကီပါ

ခ်ဲလ္ဆီးကစားသမားသစ္ေဆာလ္နီဂြက္ဇ္ကစတမ္းဖို႔ဒ္ဘရစ္ခ်္ေျပာင္းလာေအာင္အဓိကေနရာမွကူညီခဲ့သူမွာစပိန္ဂိုးသမားကီပါအာရီဇာဘာဂါလာျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အသက္၂၆ႏွစ္ရွိစပိန္ကြင္းလယ္ကစားသမားဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္တြင္အက္သလက္တီကိုမွခ်ဲလ္ဆီးသို႔တစ္ရာသီအငွားျဖင့္ေျပာင္းခဲ့ပါတယ္။ခ်ဲလ္ဆီးဟာေဆာလ္နီဂြက္ဇ္အတြက္ငွားရမ္းခေပါင္၄.၅သန္းေပးရမွာျဖစ္ၿပီးလာမယ့္ေႏြရာသီတြင္ေပါင္သန္း၄၀ျဖင့္အၿပီးသတ္ေခၚယူမယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုခဲ့ပါတယ္။

ေဆာလ္နီဂြက္ဇ္ “ဒီမွာကီပါရွိတယ္။မားကို႔စ္ရွိတယ္။စပိန္စကားေျပာတဲ့ကစားသမားေတြလည္းအမ်ားႀကီးရွိပါတယ္။ကီပါရွိေနတာကေတာ့အေရးအႀကီးဆုံးပါ။တကယ္လို႔သူသာမရွိဘူးဆိုရင္အားလုံးေျပာင္းလဲသြားပါလိမ့္မယ္။ကီပါနဲ႔ကြၽန္ေတာ္ကသိကြၽမ္းလာခဲ့တာၾကာပါၿပီ။စပိန္လူငယ္အသင္းတိုင္းမွာအတူကစားလာခဲ့ၾကတာပါ။သူရွိေနတာအရမ္းေကာင္းပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ကီပါဟာၿပီးခဲ့တဲ့ႏွစ္ေႏြရာသီတြင္မင္ဒီေရာက္လာၿပီးေနာက္ခ်ဲလ္ဆီးရဲ႕ဒုတိယဦးစားေပးဂိုးသမားအျဖစ္သာကစားခြင့္ရရွိလာသူျဖစ္ပါတယ္။ဒါေပမယ့္သူဟာဗီလာရီးရဲလ္အားအႏိုင္ရရွိတဲ့ဥေရာပစူပါဖလားပြဲတြင္ပင္နယ္တီအဆုံးအျဖတ္မွာပင္နယ္တီႏွစ္ႀကိမ္ကာကြယ္ၿပီးသူရဲေကာင္းျဖစ္ခဲ့သူျဖစ္ပါတယ္။