ချဲလ်ဆီးသို့ ပြောင်းတော့မယ့် လူကာကူရဲ့ မီလန်ရှိ နံရံဆေးပန်းချီ ဖျက်ဆီးခံရ

အင်တာမီလန်ပရိသတ်များဟာချဲလ်ဆီးသို့ပြောင်းရွှေ့တော့မယ့်တိုက်စစ်မှူးရိုမဲလူလူကာကူအပေါ်လုံးဝမနှစ်မြို့တော့ကြောင်းပြသလာပါတယ်။

လူကာကူဟာလွန်ခဲ့တဲ့ခုနှစ်နှစ်တုန်းကထွက်ခွာလာခဲ့တဲ့စတမ်းဖို့ဒ်ဘရစ်ချ်သို့တစ်ကျော့ပြန်တော့မှာဖြစ်ပါတယ်။အင်တာမီလန်ဟာဘယ်လ်ဂျီယံတိုက်စစ်မှူးကိုပေါင်၉၇.၅သန်းဖြင့်ရောင်းချရန်သဘောတူညီမှုရထားပြီဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကအင်တာမီလန်အား၁၁နှစ်အတွင်းပထမဆုံးစကူဒက်တိုဖလားဆွတ်ခူးနိုင်အောင်အဓိကနေရာမှကူညီခဲ့သူဖြစ်ပါတယ်။

တနင်္လာနေ့ညမှာတော့အင်တာမီလန်ပရိသတ်များဟာဆန်စီရိုကွင်းအပြင်ဘက်ရှိလူကာကူရဲ့နံရံဆေးပန်းချီကိုဖျက်ဆီးမှုပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင်အင်တာပရိသတ်များကလူကာကူကိုငွေကြေးအတွက်ချဲလ်ဆီးသို့ပြောင်းရွှေ့တာလို့လည်းတိုက်ခိုက်ရေးသားခဲ့ပါသေးတယ်။

အင်တာမီလန်ဟာဘဏ္ဍာရေးပြဿနာကြောင့်နည်းပြကွန်တီနှင့်လမ်းခွဲခဲ့ရပြီးဖြစ်သလိုညာနောက်ခံလူဟာကီမီကိုလည်းပီအက်စ်ဂျီသို့ရောင်းချထားပါတယ်။

ZawGyi

ခ်ဲလ္ဆီးသို႔ ေျပာင္းေတာ့မယ့္ လူကာကူရဲ႕ မီလန္ရွိ နံရံေဆးပန္းခ်ီ ဖ်က္ဆီးခံရ

အင္တာမီလန္ပရိသတ္မ်ားဟာခ်ဲလ္ဆီးသို႔ေျပာင္းေ႐ႊ႕ေတာ့မယ့္တိုက္စစ္မႉး႐ိုမဲလူလူကာကူအေပၚလုံးဝမႏွစ္ၿမိဳ႕ေတာ့ေၾကာင္းျပသလာပါတယ္။

လူကာကူဟာလြန္ခဲ့တဲ့ခုႏွစ္ႏွစ္တုန္းကထြက္ခြာလာခဲ့တဲ့စတမ္းဖို႔ဒ္ဘရစ္ခ်္သို႔တစ္ေက်ာ့ျပန္ေတာ့မွာျဖစ္ပါတယ္။အင္တာမီလန္ဟာဘယ္လ္ဂ်ီယံတိုက္စစ္မႉးကိုေပါင္၉၇.၅သန္းျဖင့္ေရာင္းခ်ရန္သေဘာတူညီမႈရထားၿပီျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကအင္တာမီလန္အား၁၁ႏွစ္အတြင္းပထမဆုံးစကူဒက္တိုဖလားဆြတ္ခူးႏိုင္ေအာင္အဓိကေနရာမွကူညီခဲ့သူျဖစ္ပါတယ္။

တနလၤာေန႔ညမွာေတာ့အင္တာမီလန္ပရိသတ္မ်ားဟာဆန္စီ႐ိုကြင္းအျပင္ဘက္ရွိလူကာကူရဲ႕နံရံေဆးပန္းခ်ီကိုဖ်က္ဆီးမႈျပဳလုပ္ခဲ့ပါတယ္။

ဒါ့အျပင္အင္တာပရိသတ္မ်ားကလူကာကူကိုေငြေၾကးအတြက္ခ်ဲလ္ဆီးသို႔ေျပာင္းေ႐ႊ႕တာလို႔လည္းတိုက္ခိုက္ေရးသားခဲ့ပါေသးတယ္။

အင္တာမီလန္ဟာဘ႑ာေရးျပႆနာေၾကာင့္နည္းျပကြန္တီႏွင့္လမ္းခြဲခဲ့ရၿပီးျဖစ္သလိုညာေနာက္ခံလူဟာကီမီကိုလည္းပီအက္စ္ဂ်ီသို႔ေရာင္းခ်ထားပါတယ္။