
နာပိုလီစတားခါလီဒူကူလီဘာလီကချဲလ်ဆီးသို့ပြောင်းရန်နီးစပ်နေပြီဖြစ်ကြောင်းအတည်ပြုပြောကြားလာပါတယ်။
ပရီးမီးယားလိဂ်ထိပ်သီးဟာအန်တိုနီယိုရူဒီဂါနှင့်ခရစ်တင်ဆင်တို့ကိုဆုံးရှုံးရပြီးနောက်ယခုနွေတွင်ဗဟိုနောက်ခံလူတစ်ဦး(သို့မဟုတ်)နှစ်ဦးခေါ်ယူရန်စီစဉ်နေပါတယ်။
နာပိုလီစတားကူလီဘာလီမှာချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်လိုချင်နေတဲ့ဗဟိုခံစစ်သမားမျိုးဖြစ်ပြီးနာပိုလီကပေါင်၃၄သန်းတောင်းဆိုထားပါတယ်။
ယင်းပမာဏမှာချဲလ်ဆီးဥက္ကဌသစ်တော့ဒ်ဘိုလီအတွက်ပြဿနာတစုံတရာမရှိပါဘူး။
ဆီနီဂေါလက်ရွေးစင်ကစားသမားဟာနာပိုလီနှင့်တစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့သူဖြစ်ပြီးသူကိုယ်တိုင်ကလည်းစတမ်းဖို့ဒ်ဘရစ်ချ်သို့ပြောင်းလိုနေပါတယ်။
ကူလီဘာလီကိုယ်တိုင်က “နောက်ပိုင်းမှာအတည်ပြုနိုင်ပါမယ်။ဒါပေမဲ့လမ်းကြောင်းမှန်ပေါ်မှာရှိနေပါတယ်”လို့ပြောကြားသွားပါတယ်။
နာပိုလီနည်းပြလူစီယာနိုစပယ်လက်တီကလည်းကူလီဘာလီမှာထွက်ခွာနိုင်ကြောင်းဝန်ခံထားပါတယ်။၎င်းက “ကူလီဘာလီကိုကျွန်တော်တို့နဲ့အတူရှိစေချင်ပါတယ်။အထူးသဖြင့်သူကဒီရာသီမှာအသင်းခေါင်းဆောင်ဖြစ်လာမယ့်သူပါ။သူ့ဘက်ကထွက်ခွာဖို့ရွေးချယ်မယ်ဆိုရင်တောင်ကျွန်တော်တို့ကိုကူညီခဲ့တာတွေအားလုံးအတွက်ကျေးဇူးတင်မှုရပ်တန့်သွားမှာမဟုတ်ပါဘူး။သူဘာကိုရွေးရွေး သူ့အတွက်အကောင်းဆုံးဖြစ်လာစေလို့ပဲဆုတောင်းပါတယ်။ဘာကြောင့်လဲဆိုတော့သူကဒါနဲ့ထိုက်တန်ပါတယ်”လို့ပြောကြားသွားပါတယ်။
ချဲလ်ဆီးဟာမန်စီးတီးမှ၎င်းတို့အကယ်ဒမီထွက်ကစားသမားဟောင်းနသန်အကဲကိုလည်းခေါ်ယူရန်ကြိုးပမ်းနေပါတယ်။
ချဲလ်ဆီးဟာစတာလင်းကိုလည်းခေါ်ယူရန်အပြီးသတ်ထားပြီးဖြစ်ကာမကြာမီအပြောင်းအရွှေ့ကိုအတည်ပြုလာဖို့ရှိနေပါတယ်။
ZawGyi
ခ်ဲလ္ဆီးသို႔ ေျပာင္းရန္ နီးစပ္ေနၿပီျဖစ္ေၾကာင္း ကူလီဘာလီအတည္ျပဳလာ
နာပိုလီစတားခါလီဒူကူလီဘာလီကခ်ဲလ္ဆီးသို႔ေျပာင္းရန္နီးစပ္ေနၿပီျဖစ္ေၾကာင္းအတည္ျပဳေျပာၾကားလာပါတယ္။
ပရီးမီးယားလိဂ္ထိပ္သီးဟာအန္တိုနီယို႐ူဒီဂါႏွင့္ခရစ္တင္ဆင္တို႔ကိုဆုံးရႈံးရၿပီးေနာက္ယခုေႏြတြင္ဗဟိုေနာက္ခံလူတစ္ဦး(သို႔မဟုတ္)ႏွစ္ဦးေခၚယူရန္စီစဥ္ေနပါတယ္။
နာပိုလီစတားကူလီဘာလီမွာခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္လိုခ်င္ေနတဲ့ဗဟိုခံစစ္သမားမ်ိဳးျဖစ္ၿပီးနာပိုလီကေပါင္၃၄သန္းေတာင္းဆိုထားပါတယ္။
ယင္းပမာဏမွာခ်ဲလ္ဆီးဥကၠဌသစ္ေတာ့ဒ္ဘိုလီအတြက္ျပႆနာတစုံတရာမရွိပါဘူး။
ဆီနီေဂါလက္ေ႐ြးစင္ကစားသမားဟာနာပိုလီႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့သူျဖစ္ၿပီးသူကိုယ္တိုင္ကလည္းစတမ္းဖို႔ဒ္ဘရစ္ခ်္သို႔ေျပာင္းလိုေနပါတယ္။
ကူလီဘာလီကိုယ္တိုင္က “ေနာက္ပိုင္းမွာအတည္ျပဳႏိုင္ပါမယ္။ဒါေပမဲ့လမ္းေၾကာင္းမွန္ေပၚမွာရွိေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။
နာပိုလီနည္းျပလူစီယာႏိုစပယ္လက္တီကလည္းကူလီဘာလီမွာထြက္ခြာႏိုင္ေၾကာင္းဝန္ခံထားပါတယ္။၎က “ကူလီဘာလီကိုကြၽန္ေတာ္တို႔နဲ႔အတူရွိေစခ်င္ပါတယ္။အထူးသျဖင့္သူကဒီရာသီမွာအသင္းေခါင္းေဆာင္ျဖစ္လာမယ့္သူပါ။သူ႔ဘက္ကထြက္ခြာဖို႔ေ႐ြးခ်ယ္မယ္ဆိုရင္ေတာင္ကြၽန္ေတာ္တို႔ကိုကူညီခဲ့တာေတြအားလုံးအတြက္ေက်းဇူးတင္မႈရပ္တန႔္သြားမွာမဟုတ္ပါဘူး။သူဘာကိုေ႐ြးေ႐ြး သူ႔အတြက္အေကာင္းဆုံးျဖစ္လာေစလို႔ပဲဆုေတာင္းပါတယ္။ဘာေၾကာင့္လဲဆိုေတာ့သူကဒါနဲ႔ထိုက္တန္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။
ခ်ဲလ္ဆီးဟာမန္စီးတီးမွ၎တို႔အကယ္ဒမီထြက္ကစားသမားေဟာင္းနသန္အကဲကိုလည္းေခၚယူရန္ႀကိဳးပမ္းေနပါတယ္။
ခ်ဲလ္ဆီးဟာစတာလင္းကိုလည္းေခၚယူရန္အၿပီးသတ္ထားၿပီးျဖစ္ကာမၾကာမီအေျပာင္းအေ႐ႊ႕ကိုအတည္ျပဳလာဖို႔ရွိေနပါတယ္။