ချဲလ်ဆီးသို့ ပြောင်းရွှေ့ရေး အပြီးသတ်ရန် လန်ဒန်သို့ စင်းလုံးငှားလေယာဉ်ဖြင့် ရောက်နေပြီဖြစ်တဲ့ ဖီးလစ်

ဂျိုအာဖီးလစ်ဟာချဲလ်ဆီးသို့ပြောင်းရွှေ့ရေးအပြီးသတ်ရန်အတွက်စင်းလုံးငှားလေယာဉ်ဖြင့်လန်ဒန်သို့ရောက်ရှိနေပြီဖြစ်ပါတယ်။

အက်သလက်တီကိုစတားရဲ့ချစ်သူမာဂရီဒါကော်ကိုင်ရိုကစင်းလုံးငှားလေယာဉ်ပေါ်တွင်ဓာတ်ပုံရိုက်ကူးပြီးလန်ဒန်သို့လာနေပြီဖြစ်ကြောင်းပရိသတ်များကိုအသိပေးလာတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးဟာဂျိုအာဖီးလစ်ကိုအာဆင်နယ်၊ယူနိုက်တက်တို့အားကျော်ဖြတ်ကာအငှားဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးဟာဖီးလစ်ကိုရာသီအကုန်အထိငှားရမ်းခအဖြစ်အက်သလက်တီကိုအားပေါင်၁၀သန်းပေးရပါမယ်။

ဒါပေမဲ့Marca ရဲ့ဖော်ပြမှုအရဖီးလစ်ရဲ့စာချုပ်အတွင်းတွင်အက်သလက်တီကိုမှချဲလ်ဆီးသို့အပြီးသတ်ပြောင်းရေးအချက်ထည့်သွင်းလာမှာမဟုတ်ကြောင်းသိရပါတယ်။

အက်သလက်တီကိုဟာဖီးလစ်အားချဲလ်ဆီးသို့အငှားမချမီလက်ရှိစာချုပ်အား၁၂လသက်တမ်းတိုးကာ၂၀၂၇ခုနှစ်အထိစာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့ပါတယ်။

အက်သလက်တီကိုဟာနည်းပြဆီမြွန်နီအဆင်မပြေဖြစ်ကာအသင်းတွင်လုံးဝကစားလိုခြင်းမရှိတော့မှုကြောင့်ဖီးလစ်ကိုအငှားချရန်ဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။

ဖီးလစ်ဟာ၂၀၁၉ခုနှစ်တုန်းကဘင်ဖီကာမှပေါင်၁၁၂သန်းဖြင့်ပြောင်းလာပြီးနောက်အက်သလက်တီကိုတွင်ဆက်တိုက်ခြေစွမ်းပြနိုင်ရန်ရုန်းကန်လာခဲ့ရသူဖြစ်ပါတယ်။

ZawGyi

ခ်ဲလ္ဆီးသို႔ ေျပာင္းေ႐ႊ႕ေရး အၿပီးသတ္ရန္ လန္ဒန္သို႔ စင္းလုံးငွားေလယာဥ္ျဖင့္ ေရာက္ေနၿပီျဖစ္တဲ့ ဖီးလစ္

ဂ်ိဳအာဖီးလစ္ဟာခ်ဲလ္ဆီးသို႔ေျပာင္းေ႐ႊ႕ေရးအၿပီးသတ္ရန္အတြက္စင္းလုံးငွားေလယာဥ္ျဖင့္လန္ဒန္သို႔ေရာက္ရွိေနၿပီျဖစ္ပါတယ္။

အက္သလက္တီကိုစတားရဲ႕ခ်စ္သူမာဂရီဒါေကာ္ကိုင္႐ိုကစင္းလုံးငွားေလယာဥ္ေပၚတြင္ဓာတ္ပုံ႐ိုက္ကူးၿပီးလန္ဒန္သို႔လာေနၿပီျဖစ္ေၾကာင္းပရိသတ္မ်ားကိုအသိေပးလာတာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာဂ်ိဳအာဖီးလစ္ကိုအာဆင္နယ္၊ယူႏိုက္တက္တို႔အားေက်ာ္ျဖတ္ကာအငွားျဖင့္ေခၚယူရန္သေဘာတူညီမႈရရွိသြားခဲ့တာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာဖီးလစ္ကိုရာသီအကုန္အထိငွားရမ္းခအျဖစ္အက္သလက္တီကိုအားေပါင္၁၀သန္းေပးရပါမယ္။

ဒါေပမဲ့Marca ရဲ႕ေဖာ္ျပမႈအရဖီးလစ္ရဲ႕စာခ်ဳပ္အတြင္းတြင္အက္သလက္တီကိုမွခ်ဲလ္ဆီးသို႔အၿပီးသတ္ေျပာင္းေရးအခ်က္ထည့္သြင္းလာမွာမဟုတ္ေၾကာင္းသိရပါတယ္။

အက္သလက္တီကိုဟာဖီးလစ္အားခ်ဲလ္ဆီးသို႔အငွားမခ်မီလက္ရွိစာခ်ဳပ္အား၁၂လသက္တမ္းတိုးကာ၂၀၂၇ခုႏွစ္အထိစာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုခဲ့ပါတယ္။

အက္သလက္တီကိုဟာနည္းျပဆီႁမြန္နီအဆင္မေျပျဖစ္ကာအသင္းတြင္လုံးဝကစားလိုျခင္းမရွိေတာ့မႈေၾကာင့္ဖီးလစ္ကိုအငွားခ်ရန္ျဖစ္လာခဲ့တာလည္းျဖစ္ပါတယ္။

ဖီးလစ္ဟာ၂၀၁၉ခုႏွစ္တုန္းကဘင္ဖီကာမွေပါင္၁၁၂သန္းျဖင့္ေျပာင္းလာၿပီးေနာက္အက္သလက္တီကိုတြင္ဆက္တိုက္ေျခစြမ္းျပႏိုင္ရန္႐ုန္းကန္လာခဲ့ရသူျဖစ္ပါတယ္။