ချဲလ်ဆီးသို့ ပြောင်းရွှေ့မှုမှာ အမှားတစ်ခုဖြစ်ခဲ့ကြောင်းနှင့် အင်တာကို မစွန့်ခွာသင့်ကြောင်း လူကာကူ ဖွင့်ဟလာ

ရိုမဲလူလူကာကူက အင်တာမီလန်ကိုစွန့်ခွာကာချဲလ်ဆီးသို့ပြောင်းရွှေ့ခဲ့မှုမှာမှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်းဖွင့်ဟပြောကြားလာပါတယ်။

အသက်၂၉နှစ်ရှိဘယ်လ်ဂျီယံတိုက်စစ်မှူးဟာပြီးခဲ့တဲ့နွေရာသီတုန်းကအင်တာမီလန်မှချဲလ်ဆီးသို့ပေါင်၉၇.၅သန်းဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့သူဟာ ချဲလ်ဆီးသို့ပြောင်းပြီး၁၀လအကြာမှာဘဲအသင်းဟောင်းအင်တာမီလန်သို့အငှားဖြင့်ပြန်ပြောင်းလာခဲ့ပါတယ်။

လူကာကူဟာအင်တာမီလန်သို့ပြန်လည်ပြောင်းရွှေ့နိုင်ခဲ့မှုအတွက်ဝမ်းသာလျက်ရှိပြီးအင်တာမီလန်တွင်လှပတဲ့အနာဂတ်ပိုင်ဆိုင်ထားတယ်လို့ယုံကြည်နေပါတယ်။

လူကာကူဟာတစ်နေ့တွင်အင်တာမီလန်သို့ပြန်လာလိုနေမှုနဲ့အတူ မီလန်ရှိသူ့အိမ်ကိုမရောင်းချဘဲထားထားခဲ့သူလည်းဖြစ်ပါတယ်။

လူကာကူက “ကျွန်တော်ထွက်ခွာခဲ့တယ်။ဒါကအမှားတစ်ခုပါ။အခုဒီဝတ်စုံဝတ်ပြီးပျော်နေပါတယ်။ဒီအသင်းကကျွန်တော်တို့ဘာလုပ်ဖို့လိုသလဲသိတဲ့အသင်းပါ။ဒီရာသီမှာကြီးကျယ်တဲ့စိန်ခေါ်မှုတစ်ခုပြုလုပ်လာပါမယ်။ဒီအတိုင်းပဲဆက်သွားရပါမယ်။ပြီးခဲ့တဲ့ရာသီတုန်းကအင်္ဂလန်မှာရှိနေတုန်း ကမ္ဘာမှာအင်တာမီလန်ကဘယ်လောက်အရေးပါတယ်ဆိုတာသိလာခဲ့ပါတယ်။ကလပ်ပရိုဖိုင်းဟာနိုင်ငံတကာပိုင်းအရတိုးတက်နေတယ်။ဆိုရှယ်မီဒီယာပိုင်းချဉ်းကပ်မှုကလည်းအရေးကြီးတယ်။အဝတ်အစားလဲခန်း၊လေ့ကျင့်ရေးကွင်း၊ ကျွန်တော်တို့အပျော်လုပ်နေကြတာတွေကိုမြင်ရနိုင်ပါတယ်။မီလန်ကအံ့ဩစရာကောင်းတဲ့မြို့ပါ။ဒါကြောင့်လည်းလန်ဒန်ကိုထွက်ခွာသွားတုန်းကကျွန်တော့်အခန်းကိုထားထားခဲ့တယ်။ကျွန်တော့်အမေကလည်းဒီကိုပဲအမြဲတမ်းလာနေတယ်။ကျွန်တော်လည်းပြန်လိုတယ်”လို့ပြောကြားသွားခဲ့ပါတယ်။

လူကာကူဟာအင်တာမီလန်သို့အငှားဖြင့်သာပြောင်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သောမတ်စ်တူချယ်ကတော့လူကာကူမှာအင်တာမီလန်တွင်ပိုမိုရှိနေလာနိုင်ကြောင်းဆိုသွားပါတယ်။

Zawgyi

ခ်ဲလ္ဆီးသို႔ ေျပာင္းေ႐ႊ႕မႈမွာ အမွားတစ္ခုျဖစ္ခဲ့ေၾကာင္းႏွင့္ အင္တာကို မစြန႔္ခြာသင့္ေၾကာင္း လူကာကူ ဖြင့္ဟလာ

႐ိုမဲလူလူကာကူက အင္တာမီလန္ကိုစြန႔္ခြာကာခ်ဲလ္ဆီးသို႔ေျပာင္းေ႐ႊ႕ခဲ့မႈမွာမွားယြင္းတဲ့ဆုံးျဖတ္ခ်က္တစ္ခုျဖစ္ေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

အသက္၂၉ႏွစ္ရွိဘယ္လ္ဂ်ီယံတိုက္စစ္မႉးဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကအင္တာမီလန္မွခ်ဲလ္ဆီးသို႔ေပါင္၉၇.၅သန္းျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။ဒါေပမဲ့သူဟာ ခ်ဲလ္ဆီးသို႔ေျပာင္းၿပီး၁၀လအၾကာမွာဘဲအသင္းေဟာင္းအင္တာမီလန္သို႔အငွားျဖင့္ျပန္ေျပာင္းလာခဲ့ပါတယ္။

လူကာကူဟာအင္တာမီလန္သို႔ျပန္လည္ေျပာင္းေ႐ႊ႕ႏိုင္ခဲ့မႈအတြက္ဝမ္းသာလ်က္ရွိၿပီးအင္တာမီလန္တြင္လွပတဲ့အနာဂတ္ပိုင္ဆိုင္ထားတယ္လို႔ယုံၾကည္ေနပါတယ္။

လူကာကူဟာတစ္ေန႔တြင္အင္တာမီလန္သို႔ျပန္လာလိုေနမႈနဲ႔အတူ မီလန္ရွိသူ႔အိမ္ကိုမေရာင္းခ်ဘဲထားထားခဲ့သူလည္းျဖစ္ပါတယ္။

လူကာကူက “ကြၽန္ေတာ္ထြက္ခြာခဲ့တယ္။ဒါကအမွားတစ္ခုပါ။အခုဒီဝတ္စုံဝတ္ၿပီးေပ်ာ္ေနပါတယ္။ဒီအသင္းကကြၽန္ေတာ္တို႔ဘာလုပ္ဖို႔လိုသလဲသိတဲ့အသင္းပါ။ဒီရာသီမွာႀကီးက်ယ္တဲ့စိန္ေခၚမႈတစ္ခုျပဳလုပ္လာပါမယ္။ဒီအတိုင္းပဲဆက္သြားရပါမယ္။ၿပီးခဲ့တဲ့ရာသီတုန္းကအဂၤလန္မွာရွိေနတုန္း ကမာၻမွာအင္တာမီလန္ကဘယ္ေလာက္အေရးပါတယ္ဆိုတာသိလာခဲ့ပါတယ္။ကလပ္ပ႐ိုဖိုင္းဟာႏိုင္ငံတကာပိုင္းအရတိုးတက္ေနတယ္။ဆိုရွယ္မီဒီယာပိုင္းခ်ဥ္းကပ္မႈကလည္းအေရးႀကီးတယ္။အဝတ္အစားလဲခန္း၊ေလ့က်င့္ေရးကြင္း၊ ကြၽန္ေတာ္တို႔အေပ်ာ္လုပ္ေနၾကတာေတြကိုျမင္ရႏိုင္ပါတယ္။မီလန္ကအံ့ဩစရာေကာင္းတဲ့ၿမိဳ႕ပါ။ဒါေၾကာင့္လည္းလန္ဒန္ကိုထြက္ခြာသြားတုန္းကကြၽန္ေတာ့္အခန္းကိုထားထားခဲ့တယ္။ကြၽန္ေတာ့္အေမကလည္းဒီကိုပဲအၿမဲတမ္းလာေနတယ္။ကြၽန္ေတာ္လည္းျပန္လိုတယ္”လို႔ေျပာၾကားသြားခဲ့ပါတယ္။

လူကာကူဟာအင္တာမီလန္သို႔အငွားျဖင့္သာေျပာင္းခဲ့တာျဖစ္ပါတယ္။ဒါေပမဲ့ေသာမတ္စ္တူခ်ယ္ကေတာ့လူကာကူမွာအင္တာမီလန္တြင္ပိုမိုရွိေနလာႏိုင္ေၾကာင္းဆိုသြားပါတယ္။