ချဲလ်ဆီးသို့ ပြောင်းသွားပြီးနောက် လူကာကူရဲ့ဒုတိယမြောက်နံရံဆေးပန်းချီ ထပ်မံ ဖျက်ဆီးခံရ

အင်တာမီလန်ပရိသတ်များဟာချဲလ်ဆီးသို့ပြောင်းရွှေ့သွားခဲ့တဲ့တိုက်စစ်မှူးရိုမဲလူလူကာကူအပေါ်ယခုတိုင်အစာမကြေဖြစ်နေဆဲဖြစ်ပါတယ်။

အင်တာမီလန်ပရိသတ်များဟာချဲလ်ဆီးသို့လူကာကူပြောင်းရွှေ့သွားပြီးနောက်ဆန်စီရိုကွင်းအနီးတွင်ရေးဆွဲထားတဲ့လူကာကူရဲ့ဒုတိယမြောက်နံရံဆေးပန်းချီကိုလည်းဖျက်ဆီးမှုပြုလုပ်ခဲ့ပါတယ်။

ဒုတိယမြောက်ဖျက်ဆီးခံရတဲ့လူကာကူရဲ့နံရံဆေးပန်းချီမှာပြီးခဲ့တဲ့ရာသီတုန်းကမီလန်ဒါဘီပွဲတွင်လူကာကူနဲ့အီဘရာဟီမိုဗစ်တို့ခေါင်းချင်းဆိုင်ရန်ဖြစ်ပွားနေတဲ့ပုံကိုရေးဆွဲထားတာဖြစ်ပါတယ်။

ယင်းနံရံပန်းချီကားရဲ့လူကာကူရဲ့ပုံရိပ်ကိုဆေးဖြူဖြင့်မှုတ်ကာဖျက်လိုက်တဲ့အပြင် “သစ္စာဖောက်ကိုရောင်းလိုက်ပြီ”ဟူ၍လည်းရေးသားခဲ့ပါတယ်။

လူကာကူဟာသူ့ရဲ့ဒုတိယမြောက်နံရံဆေးပန်းချီကိုဖျက်ဆီးမှုမခံရမီအင်တာမီလန်ပရိသတ်များအားသူ့ဆုံးဖြတ်ချက်အပေါ်နားလည်စေလိုကြောင်း၊အင်တာတွင်ကစားတဲ့၂ရာသီအတွင်းတွင်သူ့ကိုအားပေးခဲ့ကြတဲ့ပရိသတ်များကိုကျေးဇူးတင်ကြောင်းအွနလိုင်းတွင်ရေးသားခဲ့ပါသေးတယ်။

ZawGyi

ခ်ဲလ္ဆီးသို႔ ေျပာင္းသြားၿပီးေနာက္ လူကာကူရဲ႕ဒုတိယေျမာက္နံရံေဆးပန္းခ်ီ ထပ္မံ ဖ်က္ဆီးခံရ

အင္တာမီလန္ပရိသတ္မ်ားဟာခ်ဲလ္ဆီးသို႔ေျပာင္းေ႐ႊ႕သြားခဲ့တဲ့တိုက္စစ္မႉး႐ိုမဲလူလူကာကူအေပၚယခုတိုင္အစာမေၾကျဖစ္ေနဆဲျဖစ္ပါတယ္။

အင္တာမီလန္ပရိသတ္မ်ားဟာခ်ဲလ္ဆီးသို႔လူကာကူေျပာင္းေ႐ႊ႕သြားၿပီးေနာက္ဆန္စီ႐ိုကြင္းအနီးတြင္ေရးဆြဲထားတဲ့လူကာကူရဲ႕ဒုတိယေျမာက္နံရံေဆးပန္းခ်ီကိုလည္းဖ်က္ဆီးမႈျပဳလုပ္ခဲ့ပါတယ္။

ဒုတိယေျမာက္ဖ်က္ဆီးခံရတဲ့လူကာကူရဲ႕နံရံေဆးပန္းခ်ီမွာၿပီးခဲ့တဲ့ရာသီတုန္းကမီလန္ဒါဘီပြဲတြင္လူကာကူနဲ႔အီဘရာဟီမိုဗစ္တို႔ေခါင္းခ်င္းဆိုင္ရန္ျဖစ္ပြားေနတဲ့ပုံကိုေရးဆြဲထားတာျဖစ္ပါတယ္။

ယင္းနံရံပန္းခ်ီကားရဲ႕လူကာကူရဲ႕ပုံရိပ္ကိုေဆးျဖဴျဖင့္မႈတ္ကာဖ်က္လိုက္တဲ့အျပင္ “သစၥာေဖာက္ကိုေရာင္းလိုက္ၿပီ”ဟူ၍လည္းေရးသားခဲ့ပါတယ္။

လူကာကူဟာသူ႔ရဲ႕ဒုတိယေျမာက္နံရံေဆးပန္းခ်ီကိုဖ်က္ဆီးမႈမခံရမီအင္တာမီလန္ပရိသတ္မ်ားအားသူ႔ဆုံးျဖတ္ခ်က္အေပၚနားလည္ေစလိုေၾကာင္း၊အင္တာတြင္ကစားတဲ့၂ရာသီအတြင္းတြင္သူ႔ကိုအားေပးခဲ့ၾကတဲ့ပရိသတ္မ်ားကိုေက်းဇူးတင္ေၾကာင္းအြနလိုင္းတြင္ေရးသားခဲ့ပါေသးတယ္။