ချဲလ်ဆီးအတွက် ကန်တီ ပြန်ကစားနိုင်မယ့်ရက်ကို လမ်းပတ် အတည်ပြုလာ

ဖရန့်လမ်းပတ်ကကွင်းလယ်ခံစစ်ကစားသမားအန်ဂိုလိုကန်တီမှာလာမယ့်အပတ်ဘန်လေနှင့်ပရီးမီးယားလိဂ်ပွဲစဉ်တွင်ပြန်လည်ကစားလာနိုင်ရန်မျှော်လင့်ကြောင်းပြောကြားလိုက်ပါတယ်။

ပြင်သစ်လက်ရွေးစင်ကစားသမားဟာဇန်နဝါရီလ၃ရက်နေ့တုန်းကမန်စီးတီးအား၃-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်တွင် တံ ကောက်ကြောဒဏ်ရာရရှိခဲ့ပါတယ်။

သူဟာမိုကမ်ဘီ(အက်ဖ်အေ)၊ဖူလ်ဟမ်(ပရီးမီးယားလိဂ်)၊လက်စတာ(ပရီးမီးယားလိဂ်)တို့နှင့်ပွဲစဉ်အပြင်ယနေ့ညတွင်လူတန်နှင့်ကစားရမယ့်အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်ကိုလည်းလွဲချော်မည်ဖြစ်ပါတယ်။ဒါ့အပြင်သူဟာကြားရက်တွင်ဝုဗ်နှင့်ရင်ဆိုင်ကစားရမယ့်ပရီးမီးယားလိဂ်ပွဲကိုလည်းလွဲချော်ပါမယ်။

ဖရန့်လမ်းပတ်က “အန်ဂိုလိုကြံ့ခိုင်မှုမပြည့်သေးပါဘူး။မကစားနိုင်သေးပါဘူး။အခုအချိန်မှာကြံ့ခိုင်မှုကောင်းလာ အောင်သီးသန့်လုပ်နေပါတယ်။ဒါပေမယ့်လာမယ့်အပတ်မှာပြန်ကောင်းလာဖို့မျှော်လင့်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါပေမယ့်လက်စတာပွဲစဉ်ကိုလွဲချော်ခဲ့တဲ့ပြင်သစ်ဝါရင့်တိုက်စစ်မှူးဂီရောက်မှာကြံ့ခိုင်မှုပြည့်ဝလာပြီဖြစ်လို့ ယနေ့ညလူတန်နှင့်ပွဲတွင်ပါဝင်ကစားလာပါမယ်။

ZawGyi

ခ်ဲလ္ဆီးအတြက္ ကန္တီ ျပန္ကစားႏိုင္မယ့္ရက္ကို လမ္းပတ္ အတည္ျပဳလာ

ဖရန႔္လမ္းပတ္ကကြင္းလယ္ခံစစ္ကစားသမားအန္ဂိုလိုကန္တီမွာလာမယ့္အပတ္ဘန္ေလႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္တြင္ျပန္လည္ကစားလာႏိုင္ရန္ေမွ်ာ္လင့္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ကစားသမားဟာဇန္နဝါရီလ၃ရက္ေန႔တုန္းကမန္စီးတီးအား၃-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္တြင္ တံ ေကာက္ေၾကာဒဏ္ရာရရွိခဲ့ပါတယ္။

သူဟာမိုကမ္ဘီ(အက္ဖ္ေအ)၊ဖူလ္ဟမ္(ပရီးမီးယားလိဂ္)၊လက္စတာ(ပရီးမီးယားလိဂ္)တို႔ႏွင့္ပြဲစဥ္အျပင္ယေန႔ညတြင္လူတန္ႏွင့္ကစားရမယ့္အက္ဖ္ေအဖလားစတုတၳအဆင့္ပြဲစဥ္ကိုလည္းလြဲေခ်ာ္မည္ျဖစ္ပါတယ္။ဒါ့အျပင္သူဟာၾကားရက္တြင္ဝုဗ္ႏွင့္ရင္ဆိုင္ကစားရမယ့္ပရီးမီးယားလိဂ္ပြဲကိုလည္းလြဲေခ်ာ္ပါမယ္။

ဖရန႔္လမ္းပတ္က “အန္ဂိုလိုႀကံ့ခိုင္မႈမျပည့္ေသးပါဘူး။မကစားႏိုင္ေသးပါဘူး။အခုအခ်ိန္မွာႀကံ့ခိုင္မႈေကာင္းလာ ေအာင္သီးသန႔္လုပ္ေနပါတယ္။ဒါေပမယ့္လာမယ့္အပတ္မွာျပန္ေကာင္းလာဖို႔ေမွ်ာ္လင့္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါေပမယ့္လက္စတာပြဲစဥ္ကိုလြဲေခ်ာ္ခဲ့တဲ့ျပင္သစ္ဝါရင့္တိုက္စစ္မႉးဂီေရာက္မွာႀကံ့ခိုင္မႈျပည့္ဝလာၿပီျဖစ္လို႔ ယေန႔ညလူတန္ႏွင့္ပြဲတြင္ပါဝင္ကစားလာပါမယ္။