ချဲလ်ဆီးအတွက် ပထမဆုံးကစားတဲ့ လီဗာပူးနှင့်ပွဲတွင် ၃၅ မိနစ်ကစားပြီး ပရီးမီးယားလိဂ်စံချိန်သစ်တင်ခဲ့တဲ့ မူဒရစ်

မိုင်ခေလိုမူဒရစ်ဟာလီဗာပူးနှင့်ပွဲတွင်ချဲလ်ဆီးအတွက်ပထမဆုံးကစားတဲ့ပွဲမှာဘဲယခုရာသီပရီးမီးယားလိဂ်စံချိန်သစ်တစ်ခုရေးထိုးနိုင်ခဲ့ပါတယ်။

မူဒရစ်ဟာရှက်တာဒိုးနက်စ်မှချဲလ်ဆီးသို့ပြောင်းရွှေ့ကြေးပေါင်၈၉သန်းဖြင့်ပြောင်းရွှေ့ပြီးတဲ့နောက်စနေနေ့တုန်းကချဲလ်ဆီးအတွက်ပထမဆုံးပွဲအဖြစ်ပါဝင်ကစားခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြဂရေဟမ်ပေါ်တာဟာအန်ဖီးလ်တွင်ကစားတဲ့ပွဲစဉ်ရဲ့ပွဲချိန်၅၅မိနစ်မှာယူကရိန်းတောင်ပံကစားသမားကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။

သူဟာပွဲချိန်အနည်းငယ်ကစားရပေမဲ့လည်းချဲလ်ဆီးပရိသတ်များအနေဖြင့် ကလပ်ဂန္ထဝင်ကစားသမားအေဒင်ဟာဇက်ကိုအမှတ်ရစေတဲ့အထိလုပ်ပြနိုင်ခဲ့ပါတယ်။

အသက်၂၂နှစ်ရှိကစားသမားဟာကစားချိန်၃၅မိနစ်တည်းသာကစားခဲ့ရပေမဲ့လည်းယခုရာသီပရီးမီးယားလိဂ်စံချိန်သစ်တစ်ခုတင်ခဲ့ပါတယ်။သူဟာလီဗာပူးနှင့်ပွဲမှာတစ်နာရီ၃၆.၆၃ကီလိုမီတာနှုန်းပြေးလွှားကာယခုရာသီတွင်ပရီးမီးယားလိဂ်ရဲ့အမြန်ဆုံးပြေးလွှားနှုန်းစံချိန်တင်ခဲ့ကြောင်း Optajoe ကဖော်ပြလာပါတယ်။

သူဟာအဲဗာတန်စတားအန်တိုနီဂေါ်ဒွန်ရဲ့မြန်နှုန်းစံချိန်ကိုရိုက်ချိုးလာတာလည်းဖြစ်ပါတယ်။

မိုင်ခေလိုမူဒရစ်မရောက်လာမီတုန်းကဂေါ်ဒွန်ဟာ၃၆.၆၁ကီလီမီတာနှုန်းဖြင့်ကစားပြီးပရီးမီးယားလိဂ်ရဲ့အမြန်ဆုံးကစားသမားအဖြစ်ရပ်တည်နေခဲ့တာဖြစ်ပါတယ်။သူ့နောက်တွင်ဒါဝင်းနှူနက်ဇ်က၃၆.၅၃ကီလီမီတာနှုန်းဖြင့်ရပ်တည်နေပြီးအာလင်းဟာလန်းက၃၆.၂၂ကီလီမီတာနှုန်းဖြင့်လည်းကောင်း၊ဒင်းနစ်ဇာကာရီယာက၃၆.၀၉ကီလီမီတာနှုန်းဖြင့်လည်းကောင်းမြန်နှုန်းရှိခဲ့ကြပါတယ်။

ဒါပေမဲ့ယခုအခါမှာတော့ယူကရိန်းတောင်ပံကစားသမားဟာလီဗာပူးနှင့်ပွဲမှာ၃၅မိနစ်ကစားရချိန်မှာဘဲပရီးမီးယားလိဂ်ရဲ့အမြန်ဆုံးပြေးလွှားနှုန်းစံချိန်သစ်ရေးထိုးလာခဲ့ပြီလည်းဖြစ်ပါတယ်။

ZawGyi

ခ်ဲလ္ဆီးအတြက္ ပထမဆုံးကစားတဲ့ လီဗာပူးႏွင့္ပြဲတြင္ ၃၅ မိနစ္ကစားၿပီး ပရီးမီးယားလိဂ္စံခ်ိန္သစ္တင္ခဲ့တဲ့ မူဒရစ္

မိုင္ေခလိုမူဒရစ္ဟာလီဗာပူးႏွင့္ပြဲတြင္ခ်ဲလ္ဆီးအတြက္ပထမဆုံးကစားတဲ့ပြဲမွာဘဲယခုရာသီပရီးမီးယားလိဂ္စံခ်ိန္သစ္တစ္ခုေရးထိုးႏိုင္ခဲ့ပါတယ္။

မူဒရစ္ဟာရွက္တာဒိုးနက္စ္မွခ်ဲလ္ဆီးသို႔ေျပာင္းေ႐ႊ႕ေၾကးေပါင္၈၉သန္းျဖင့္ေျပာင္းေ႐ႊ႕ၿပီးတဲ့ေနာက္စေနေန႔တုန္းကခ်ဲလ္ဆီးအတြက္ပထမဆုံးပြဲအျဖစ္ပါဝင္ကစားခဲ့ပါတယ္။

ခ်ဲလ္ဆီးနည္းျပဂေရဟမ္ေပၚတာဟာအန္ဖီးလ္တြင္ကစားတဲ့ပြဲစဥ္ရဲ႕ပြဲခ်ိန္၅၅မိနစ္မွာယူကရိန္းေတာင္ပံကစားသမားကိုထည့္သြင္းအသုံးျပဳခဲ့တာလည္းျဖစ္ပါတယ္။

သူဟာပြဲခ်ိန္အနည္းငယ္ကစားရေပမဲ့လည္းခ်ဲလ္ဆီးပရိသတ္မ်ားအေနျဖင့္ ကလပ္ဂႏၴဝင္ကစားသမားေအဒင္ဟာဇက္ကိုအမွတ္ရေစတဲ့အထိလုပ္ျပႏိုင္ခဲ့ပါတယ္။

အသက္၂၂ႏွစ္ရွိကစားသမားဟာကစားခ်ိန္၃၅မိနစ္တည္းသာကစားခဲ့ရေပမဲ့လည္းယခုရာသီပရီးမီးယားလိဂ္စံခ်ိန္သစ္တစ္ခုတင္ခဲ့ပါတယ္။သူဟာလီဗာပူးႏွင့္ပြဲမွာတစ္နာရီ၃၆.၆၃ကီလိုမီတာႏႈန္းေျပးလႊားကာယခုရာသီတြင္ပရီးမီးယားလိဂ္ရဲ႕အျမန္ဆုံးေျပးလႊားႏႈန္းစံခ်ိန္တင္ခဲ့ေၾကာင္း Optajoe ကေဖာ္ျပလာပါတယ္။

သူဟာအဲဗာတန္စတားအန္တိုနီေဂၚဒြန္ရဲ႕ျမန္ႏႈန္းစံခ်ိန္ကို႐ိုက္ခ်ိဳးလာတာလည္းျဖစ္ပါတယ္။

မိုင္ေခလိုမူဒရစ္မေရာက္လာမီတုန္းကေဂၚဒြန္ဟာ၃၆.၆၁ကီလီမီတာႏႈန္းျဖင့္ကစားၿပီးပရီးမီးယားလိဂ္ရဲ႕အျမန္ဆုံးကစားသမားအျဖစ္ရပ္တည္ေနခဲ့တာျဖစ္ပါတယ္။သူ႔ေနာက္တြင္ဒါဝင္းႏႉနက္ဇ္က၃၆.၅၃ကီလီမီတာႏႈန္းျဖင့္ရပ္တည္ေနၿပီးအာလင္းဟာလန္းက၃၆.၂၂ကီလီမီတာႏႈန္းျဖင့္လည္းေကာင္း၊ဒင္းနစ္ဇာကာရီယာက၃၆.၀၉ကီလီမီတာႏႈန္းျဖင့္လည္းေကာင္းျမန္ႏႈန္းရွိခဲ့ၾကပါတယ္။

ဒါေပမဲ့ယခုအခါမွာေတာ့ယူကရိန္းေတာင္ပံကစားသမားဟာလီဗာပူးႏွင့္ပြဲမွာ၃၅မိနစ္ကစားရခ်ိန္မွာဘဲပရီးမီးယားလိဂ္ရဲ႕အျမန္ဆုံးေျပးလႊားႏႈန္းစံခ်ိန္သစ္ေရးထိုးလာခဲ့ၿပီလည္းျဖစ္ပါတယ္။