ချဲလ်ဆီးအတွက် ပထမဆုံးပွဲတွင် ဆောလ် အမှားကြီးပြုလုပ်ခဲ့ကြောင်း တူချယ်ပြောကြား

သောမတ်စ်တူချယ်ကဆောလ်နီဂူးဇ်မှာချဲလ်ဆီးအတွက်ပထမဆုံးကစားတဲ့ပွဲတွင်အမှားကြီးပြုလုပ်ခဲ့ကြောင်းပြောကြားလိုက်ပါတယ်။ဒါပေမယ့်တူချယ်ကဆောလ်ခြေစွမ်းမပြနိုင်မှုအတွက်မိမိတွင်သာတာဝန်ရှိကြောင်းပြောကြားသွားပါတယ်။

သောမတ်စ်တူချယ်ဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင်အက်သလက်တီကိုမှအငှားဖြင့်ပြောင်းရွှေ့လာခဲ့တဲ့ဆောလ်အားမနေ့ညတုန်းကဗီလာအား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာပွဲထွက်ကစားသမားအဖြစ်အသုံးပြုခဲ့ပါတယ်။

ဒါပေမယ့်ဂျာမန်လူမျိုးနည်းပြဟာစပိန်ကွင်းလယ်ကစားသမားခြေစွမ်းမပြနိုင်မှုကြောင့်ပထမပိုင်းအပြီးတွင်လူစားလဲလှယ်ခဲ့ပါတယ်။

တူချယ်က “သူရုန်းကန်နေရတယ်လို့ခံစားခဲ့ရတယ်။အမှားကြီးတစ်ချို့လည်းလုပ်ခဲ့တယ်။ဘောလုံးပေးပို့မှုအမှားလည်းလုပ်ခဲ့တယ်။သူအပြည့်အဝအံမဝင်သေးတာမြင်နိုင်မှာပါ။ဒီအတွက်ကျွန်တော့်မှာဘဲတာဝန်ရှိပါတယ်”လို့ပြောကြားသွားပါတယ်။

ဆောလ်ဟာဘောလုံးယှဉ်လုရာတွင်တစ်ကြိမ်သာအောင်မြင်ခဲ့ပြီးဘောလုံးပြန်ဆယ်မှုတစ်ကြိမ်တည်းသာပြုလုပ်နိုင်ခဲ့ပါတယ်။သူဟာဘောလုံးပေးပို့မှု၃၇ကြိမ်ပြုလုပ်ခဲ့ရာမှာ၃၁ကြိမ်ရောက်အောင်ပေးပို့နိုင်ခဲ့ပါတယ်။ဒါ့အပြင်သူဟာဘောလုံးဆုံးရှုံးမှု၃ကြိမ်ဖြစ်ခဲ့ပါတယ်။

ZawGyi

ခ်ဲလ္ဆီးအတြက္ ပထမဆုံးပြဲတြင္ ေဆာလ္ အမွားႀကီးျပဳလုပ္ခဲ့ေၾကာင္း တူခ်ယ္ေျပာၾကား

ေသာမတ္စ္တူခ်ယ္ကေဆာလ္နီဂူးဇ္မွာခ်ဲလ္ဆီးအတြက္ပထမဆုံးကစားတဲ့ပြဲတြင္အမွားႀကီးျပဳလုပ္ခဲ့ေၾကာင္းေျပာၾကားလိုက္ပါတယ္။ဒါေပမယ့္တူခ်ယ္ကေဆာလ္ေျခစြမ္းမျပႏိုင္မႈအတြက္မိမိတြင္သာတာဝန္ရွိေၾကာင္းေျပာၾကားသြားပါတယ္။

ေသာမတ္စ္တူခ်ယ္ဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္တြင္အက္သလက္တီကိုမွအငွားျဖင့္ေျပာင္းေ႐ႊ႕လာခဲ့တဲ့ေဆာလ္အားမေန႔ညတုန္းကဗီလာအား၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာပြဲထြက္ကစားသမားအျဖစ္အသုံးျပဳခဲ့ပါတယ္။

ဒါေပမယ့္ဂ်ာမန္လူမ်ိဳးနည္းျပဟာစပိန္ကြင္းလယ္ကစားသမားေျခစြမ္းမျပႏိုင္မႈေၾကာင့္ပထမပိုင္းအၿပီးတြင္လူစားလဲလွယ္ခဲ့ပါတယ္။

တူခ်ယ္က “သူ႐ုန္းကန္ေနရတယ္လို႔ခံစားခဲ့ရတယ္။အမွားႀကီးတစ္ခ်ိဳ႕လည္းလုပ္ခဲ့တယ္။ေဘာလုံးေပးပို႔မႈအမွားလည္းလုပ္ခဲ့တယ္။သူအျပည့္အဝအံမဝင္ေသးတာျမင္ႏိုင္မွာပါ။ဒီအတြက္ကြၽန္ေတာ့္မွာဘဲတာဝန္ရွိပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ေဆာလ္ဟာေဘာလုံးယွဥ္လုရာတြင္တစ္ႀကိမ္သာေအာင္ျမင္ခဲ့ၿပီးေဘာလုံးျပန္ဆယ္မႈတစ္ႀကိမ္တည္းသာျပဳလုပ္ႏိုင္ခဲ့ပါတယ္။သူဟာေဘာလုံးေပးပို႔မႈ၃၇ႀကိမ္ျပဳလုပ္ခဲ့ရာမွာ၃၁ႀကိမ္ေရာက္ေအာင္ေပးပို႔ႏိုင္ခဲ့ပါတယ္။ဒါ့အျပင္သူဟာေဘာလုံးဆုံးရႈံးမႈ၃ႀကိမ္ျဖစ္ခဲ့ပါတယ္။