ချဲလ်ဆီးအားရှုံးနိမ့်တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှ Lineup ရွေးချယ်မှုအပေါ် ဂွါဒီယိုလာကာကွယ်

ပက်ဂွါဒီယိုလာဟာစနေနေ့တုန်းကချဲလ်ဆီးအား၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှ မန်စီးတီး Lineup ရွေးချယ်မှုအပေါ်ကာကွယ်ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးဟာချဲလ်ဆီးနှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာအလယ်တန်းတွင်တိုက်စစ်သမားများကိုသာထည့်သွင်းပြီးကွင်းအဖျက်ကစားသမားအသုံးပြုသွားခြင်းမရှိပါဘူး။

ဒါကြောင့်လည်းချဲလ်ဆီးကမန်စီးတီးကွင်းလယ်ကိုအုပ်စိုးကစားသွားနိုင်ခဲ့ပါဘူး။အထူးသဖြင့်ချဲလ်ဆီးကွင်းလယ်အဖျက်ကစားသမားအန်ဂိုလိုကန်တီကတစ်ကွင်းလုံးပတ်လိုက်ကစားကာမန်စီးတီးကွင်းလယ်ကိုအုပ်စိုးခဲ့ပါတယ်။

ဒါပေမယ့်ဂွါဒီယိုလာက “အကောင်းဆုံးဖြစ်မယ့်ရွေးချယ်မှုကိုလုပ်ခဲ့တာပါ။ကီဗင်(ဒီဘရိုင်း)ဒဏ်ရာရခဲ့တယ်။ဒါမျိုးကဒီလိုပွဲမျိုးမှာဖြစ်တတ်ပါတယ်။အခုစိတ်ထဲရှိတာကတော့နားပါမယ်။ပြီးရင်လာမယ့်ရာသီအတွက်ပြင်ဆင်ပါမယ်”လို့ပြောကြားသွားပါတယ်။

ဂွါဒီယိုလာဟာကွင်းလယ်မှာဖန်တီးမှုပိုင်းအားသန်တဲ့ကီဗင်ဒီဘရိုင်း၊ရာဟမ်းစတာလင်း၊ဘာနတ်ဒိုဆေးလ်ဗား၊ရီယက်မရာ့ဇ်၊ဖီးလ်ဖိုဒန်နှင့်အိုင်ကေးဂန်ဒိုဂန်ကိုသုံးခဲ့ပါတယ်။အိုင်ကေးဂန်ဒိုဂန်မှာဗဟိုကွင်းလယ်ကစားသမားတစ်ဦးဖြစ်သော်လည်းအဖျက်အားသန်သူတစ်ဦးမဟုတ်ပါဘူး။ဒါကြောင့်လည်းချဲလ်ဆီးဟာပထမပိုင်းမှာဘောလုံးဆုံးရှုံးသွားချိန်မှာချဲလ်ဆီးရဲ့တန်ပြန်တိုက်စစ်ကိုစနစ်တကျခံခုနိုင်ခဲ့ခြင်းမရှိပါဘူး။

ပထမပိုင်းမှာချဲလ်ဆီးတိုက်စစ်မှူးဝါနာသာအပိုင်အခွင့်အရေးကိုအသုံးချနိုင်မယ်ဆိုရင်မန်စီးတီးဟာယင်းထက်ဂိုးပေးရနိုင်ပါသေးတယ်။

အခြားတစ်ဖက်တွင်မန်စီးတီးဟာဖန်တီးမှုအားကောင်းတဲ့တိုက်စစ်အားသန်ကစားသမားများကိုအားပြုအသုံးပြုသော်လည်းကျစ်လစ်တဲ့ချဲလ်ဆီးကိုထိုးဖောက်ရခက်ခဲခဲ့ကာဖန်တီးမှုပိုင်းမှာအားနည်းခဲ့ပါတယ်။

ZawGyi

ခ်ဲလ္ဆီးအားရႈံးနိမ့္တဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲစဥ္မွ Lineup ေ႐ြးခ်ယ္မႈအေပၚ ဂြါဒီယိုလာကာကြယ္

ပက္ဂြါဒီယိုလာဟာစေနေန႔တုန္းကခ်ဲလ္ဆီးအား၁-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ခ်န္ပီယံလိဂ္ဗိုလ္လုပြဲစဥ္မွ မန္စီးတီး Lineup ေ႐ြးခ်ယ္မႈအေပၚကာကြယ္ေျပာၾကားသြားခဲ့ပါတယ္။

မန္စီးတီးဟာခ်ဲလ္ဆီးႏွင့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲစဥ္မွာအလယ္တန္းတြင္တိုက္စစ္သမားမ်ားကိုသာထည့္သြင္းၿပီးကြင္းအဖ်က္ကစားသမားအသုံးျပဳသြားျခင္းမရွိပါဘူး။

ဒါေၾကာင့္လည္းခ်ဲလ္ဆီးကမန္စီးတီးကြင္းလယ္ကိုအုပ္စိုးကစားသြားႏိုင္ခဲ့ပါဘူး။အထူးသျဖင့္ခ်ဲလ္ဆီးကြင္းလယ္အဖ်က္ကစားသမားအန္ဂိုလိုကန္တီကတစ္ကြင္းလုံးပတ္လိုက္ကစားကာမန္စီးတီးကြင္းလယ္ကိုအုပ္စိုးခဲ့ပါတယ္။

ဒါေပမယ့္ဂြါဒီယိုလာက “အေကာင္းဆုံးျဖစ္မယ့္ေ႐ြးခ်ယ္မႈကိုလုပ္ခဲ့တာပါ။ကီဗင္(ဒီဘ႐ိုင္း)ဒဏ္ရာရခဲ့တယ္။ဒါမ်ိဳးကဒီလိုပြဲမ်ိဳးမွာျဖစ္တတ္ပါတယ္။အခုစိတ္ထဲရွိတာကေတာ့နားပါမယ္။ၿပီးရင္လာမယ့္ရာသီအတြက္ျပင္ဆင္ပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဂြါဒီယိုလာဟာကြင္းလယ္မွာဖန္တီးမႈပိုင္းအားသန္တဲ့ကီဗင္ဒီဘ႐ိုင္း၊ရာဟမ္းစတာလင္း၊ဘာနတ္ဒိုေဆးလ္ဗား၊ရီယက္မရာ့ဇ္၊ဖီးလ္ဖိုဒန္ႏွင့္အိုင္ေကးဂန္ဒိုဂန္ကိုသုံးခဲ့ပါတယ္။အိုင္ေကးဂန္ဒိုဂန္မွာဗဟိုကြင္းလယ္ကစားသမားတစ္ဦးျဖစ္ေသာ္လည္းအဖ်က္အားသန္သူတစ္ဦးမဟုတ္ပါဘူး။ဒါေၾကာင့္လည္းခ်ဲလ္ဆီးဟာပထမပိုင္းမွာေဘာလုံးဆုံးရႈံးသြားခ်ိန္မွာခ်ဲလ္ဆီးရဲ႕တန္ျပန္တိုက္စစ္ကိုစနစ္တက်ခံခုႏိုင္ခဲ့ျခင္းမရွိပါဘူး။

ပထမပိုင္းမွာခ်ဲလ္ဆီးတိုက္စစ္မႉးဝါနာသာအပိုင္အခြင့္အေရးကိုအသုံးခ်ႏိုင္မယ္ဆိုရင္မန္စီးတီးဟာယင္းထက္ဂိုးေပးရႏိုင္ပါေသးတယ္။

အျခားတစ္ဖက္တြင္မန္စီးတီးဟာဖန္တီးမႈအားေကာင္းတဲ့တိုက္စစ္အားသန္ကစားသမားမ်ားကိုအားျပဳအသုံးျပဳေသာ္လည္းက်စ္လစ္တဲ့ခ်ဲလ္ဆီးကိုထိုးေဖာက္ရခက္ခဲခဲ့ကာဖန္တီးမႈပိုင္းမွာအားနည္းခဲ့ပါတယ္။