ချဲလ်ဆီး၊စပါးစ်နှင့်အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးဂျမ်မီဂရေ့ဗ် အသက်၈၁ နှစ်အရွယ်တွင် ကွယ်လွန်

စပါးစ်ဂန္ထဝင်တိုက်စစ်မှူးဂျမ်မီဂရေ့ဗ်ဟာအသက်၈၁နှစ်အရွယ်တွင်ကွယ်လွန်သွားခဲ့ပါတယ်။ဂျမ်ဂရေ့ဗ်ဟာအင်္ဂလန်အသင်းအတွက်၅၇ပွဲကစားခဲ့ရာမှာ၄၄ဂိုးသွင်းယူခဲ့ပြီးအင်္ဂလန်သမိုင်းတွင်အကောင်းဆုံးတိုက်စစ်မှူးများထဲမှတစ်ဦးအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။

သူဟာစပါးစ်အသင်းအတွက်၂၇၉ပွဲကစားခဲ့ရာမှာ၂၆၆ဂိုးသွင်းယူပြီးစပါးစ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေသူဖြစ်ပါတယ်။

ဂရေ့ဗ်ဟာချဲလ်ဆီး၊အေစီမီလန်၊ဝက်စ်ဟမ်းတို့တွင်လည်းကစားခဲ့သူဖြစ်ပြီးကစားသမားဘဝ၁၄နှစ်တာကာလအတွင်းတွင်၃၆၆ဂိုးသွင်းယူခဲ့သူဖြစ်ပြီး၂၀၁၇ခုနှစ်တုန်းကခရစ္စတီယာနိုရော်နယ်ဒိုစံချိန်မရိုက်ချိုးခင်အထိ ၄၆နှစ်တိုင်တိုင် ဥရောပထိပ်သီးလိဂ်ကြီးငါးခုတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဂရေ့ဗ်ဟာ၁၉၆၆ကမ္ဘာ့ဖလားချန်ပီယံအင်္ဂလန်အသင်းတွင်ပါဝင်ခဲ့သူဖြစ်ပြီးဒဏ်ရာပြဿနာကြောင့်ဗိုလ်လုပွဲကိုလွဲခဲ့ပါတယ်။သူ့နေရာမှာအစားထိုးဝင်ကစားခဲ့တဲ့ဂျော့ဖ်ဟတ်ရှ်ကအနောက်ဂျာမနီနှင့်ဗိုလ်လုပွဲမှာဟက်ထရစ်သွင်းယူပြီး၄-၂ဖြင့်အနိုင်ရရှိအောင်ကူညီခဲ့ပါတယ်။

ဂရေ့ဗ်ဟာအရက်စွဲပြဿနာကြောင့်အသက်၃၁နှစ်အရွယ်တွင်ပင်ကစားသမားဘဝမှအနားယူခဲ့ရပါတယ်။သူဟာနောက်ပိုင်းနှစ်များတွင်ကျန်းမာရေးပြဿနာများနှင့်ရင်ဆိုင်ရပြီး၂၀၁၂နှင့်၂၀၁၅ခုနှစ်တွင်လေဖြတ်ဝေဒနာခံစားခဲ့ရပါတယ်။

၁၉၄၀ခုနှစ်တွင်မွေးဖွားတဲ့ဂရေ့ဗ်ဟာချဲလ်ဆီးနှင့်စာချုပ်ချုပ်ဆိုပြီးနောက်အသက်၁၇နှစ်အရွယ်တွင်ပထမဆုံးပရော်ဖက်ရှင်နယ်ပွဲကစားခဲ့ပါတယ်။သူဟာချဲလ်ဆီးအတွက်၁၆၉ပွဲကစားခဲ့ရာမှာ၁၃၂ဂိုးသွင်းယူခဲ့ပြီးအသက်၂၀နှစ်အရွယ်မှာပင်လိဂ်ဂိုး၁၀၀သွင်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းသူဟာ၁၉၆၁ခုနှစ်တွင်အေစီမီလန်ရဲ့ခေါ်ယူခြင်းခံခဲ့ရပြီးယင်းတွင်တစ်ရာသီသာကစားခဲ့ရာမှာ၁၂ပွဲသာကစားခွင့်ရခဲ့ပေမယ့်၉ဂိုးသွင်းနိုင်ခဲ့ပါတယ်။

တိုက်ဆိုင်စွာယနေ့ညတွင် ဂျမ်မီဂရေ့ဗ်ကာလရှည်ကြာကစားခဲ့တဲ့စပါးစ်နှင့်ချဲလ်ဆီးတို့ ရင်ဆိုင်ကစားကြပါမယ်။

ZawGyi

ခ်ဲလ္ဆီး၊စပါးစ္ႏွင့္အဂၤလန္ဂႏၴဝင္တိုက္စစ္မႉးဂ်မ္မီဂေရ႕ဗ္ အသက္၈၁ ႏွစ္အ႐ြယ္တြင္ ကြယ္လြန္

စပါးစ္ဂႏၴဝင္တိုက္စစ္မႉးဂ်မ္မီဂေရ႕ဗ္ဟာအသက္၈၁ႏွစ္အ႐ြယ္တြင္ကြယ္လြန္သြားခဲ့ပါတယ္။ဂ်မ္ဂေရ႕ဗ္ဟာအဂၤလန္အသင္းအတြက္၅၇ပြဲကစားခဲ့ရာမွာ၄၄ဂိုးသြင္းယူခဲ့ၿပီးအဂၤလန္သမိုင္းတြင္အေကာင္းဆုံးတိုက္စစ္မႉးမ်ားထဲမွတစ္ဦးအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။

သူဟာစပါးစ္အသင္းအတြက္၂၇၉ပြဲကစားခဲ့ရာမွာ၂၆၆ဂိုးသြင္းယူၿပီးစပါးစ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနသူျဖစ္ပါတယ္။

ဂေရ႕ဗ္ဟာခ်ဲလ္ဆီး၊ေအစီမီလန္၊ဝက္စ္ဟမ္းတို႔တြင္လည္းကစားခဲ့သူျဖစ္ၿပီးကစားသမားဘဝ၁၄ႏွစ္တာကာလအတြင္းတြင္၃၆၆ဂိုးသြင္းယူခဲ့သူျဖစ္ၿပီး၂၀၁၇ခုႏွစ္တုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုစံခ်ိန္မ႐ိုက္ခ်ိဳးခင္အထိ ၄၆ႏွစ္တိုင္တိုင္ ဥေရာပထိပ္သီးလိဂ္ႀကီးငါးခုတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

ဂေရ႕ဗ္ဟာ၁၉၆၆ကမာၻ႔ဖလားခ်န္ပီယံအဂၤလန္အသင္းတြင္ပါဝင္ခဲ့သူျဖစ္ၿပီးဒဏ္ရာျပႆနာေၾကာင့္ဗိုလ္လုပြဲကိုလြဲခဲ့ပါတယ္။သူ႔ေနရာမွာအစားထိုးဝင္ကစားခဲ့တဲ့ေဂ်ာ့ဖ္ဟတ္ရွ္ကအေနာက္ဂ်ာမနီႏွင့္ဗိုလ္လုပြဲမွာဟက္ထရစ္သြင္းယူၿပီး၄-၂ျဖင့္အႏိုင္ရရွိေအာင္ကူညီခဲ့ပါတယ္။

ဂေရ႕ဗ္ဟာအရက္စြဲျပႆနာေၾကာင့္အသက္၃၁ႏွစ္အ႐ြယ္တြင္ပင္ကစားသမားဘဝမွအနားယူခဲ့ရပါတယ္။သူဟာေနာက္ပိုင္းႏွစ္မ်ားတြင္က်န္းမာေရးျပႆနာမ်ားႏွင့္ရင္ဆိုင္ရၿပီး၂၀၁၂ႏွင့္၂၀၁၅ခုႏွစ္တြင္ေလျဖတ္ေဝဒနာခံစားခဲ့ရပါတယ္။

၁၉၄၀ခုႏွစ္တြင္ေမြးဖြားတဲ့ဂေရ႕ဗ္ဟာခ်ဲလ္ဆီးႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုၿပီးေနာက္အသက္၁၇ႏွစ္အ႐ြယ္တြင္ပထမဆုံးပေရာ္ဖက္ရွင္နယ္ပြဲကစားခဲ့ပါတယ္။သူဟာခ်ဲလ္ဆီးအတြက္၁၆၉ပြဲကစားခဲ့ရာမွာ၁၃၂ဂိုးသြင္းယူခဲ့ၿပီးအသက္၂၀ႏွစ္အ႐ြယ္မွာပင္လိဂ္ဂိုး၁၀၀သြင္းႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းသူဟာ၁၉၆၁ခုႏွစ္တြင္ေအစီမီလန္ရဲ႕ေခၚယူျခင္းခံခဲ့ရၿပီးယင္းတြင္တစ္ရာသီသာကစားခဲ့ရာမွာ၁၂ပြဲသာကစားခြင့္ရခဲ့ေပမယ့္၉ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

တိုက္ဆိုင္စြာယေန႔ညတြင္ ဂ်မ္မီဂေရ႕ဗ္ကာလရွည္ၾကာကစားခဲ့တဲ့စပါးစ္ႏွင့္ခ်ဲလ္ဆီးတို႔ ရင္ဆိုင္ကစားၾကပါမယ္။