ခြေကျင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသရမည်ဖြစ်ပြီး ရာသီအကုန်အထိ အနားယူရမဲ့ ပီအက်စ်ဂျီစတားနေမာ

ပီအက်စ်ဂျီတိုက်စစ်မှူးနေမာဟာခြေကျင်းဝတ်ဒဏ်ရာကိုခွဲစိတ်ကုသမှုခံယူရမည်ဖြစ်ပြီးရာသီအကုန်အထိအနားယူရမည်ဖြစ်ကြောင်းသိရပါတယ်။

ဘရာဇီးစူပါစတားဟာဖေဖော်ဝါရီလ၁၉ရက်နေ့တုန်းကအိမ်ကွင်းတွင်လိုင်လီကို၄-၃ဖြင့်အနိုင်ရရှိတဲ့ပွဲမှာညာဖက်ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပါတယ်။

နေမာဟာယခင်တုန်းကလည်းခြေကျင်းဝတ်ဒဏ်ရာများရရှိခဲ့ဖူးသူဖြစ်ပြီးယခုဒဏ်ရာသစ်ကြောင့်ခြေကျင်းဝတ်တွင်ပိုမိုမတည်မငြိမ်ဖြစ်လာနေပါတယ်။ဒါကြောင့်လည်းနောင်တွင်အခြေအနေဆိုးရွားလာနိုင်မှုကိုရှောင်လွဲနိုင်ရန်အတွက်ခွဲစိတ်ကုသရန်ဆုံးဖြတ်လာပါတယ်။

နေမာဟာခြေကျင်းဝတ်ဒဏ်ရာခွဲစိတ်ကုသရမှုကြောင့်၃လမှ၄လအထိအနားယူရပါမယ်။

သူဟာကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်းဆားဘီးယားနှင့်အဖွင့်ပွဲတွင်ခြေကျင်းဝတ်ဒဏ်ရာရရှိပြီးနောက်အုပ်စုပွဲ၂ပွဲလွဲခဲ့သူလည်းဖြစ်ပါတယ်။

သူဟာခြေကျင်းဝတ်ဒဏ်ရာကြောင့်၂၀၁၉ကိုပါအမေရိကဖလားပြိုင်ပွဲကိုလွဲခဲ့သလို၂၀၂၁ခုနှစ်တုန်းကလည်းခြေကျင်းဝတ်ဒဏ်ရာကြောင့်ပင်ရက်သတ္တပတ်အတန်ကြာအနားယူဖူးပါတယ်။

သူဟာယခုရာသီတွင်ပီအက်စ်ဂျီအတွက်လီဂူး၁တွင်၁၃ဂိုးသွင်းယူထားကာ၁၀ကြိမ်ဖန်တီးမှုပြုလုပ်ထားပါတယ်။

ZawGyi

ေျခက်င္းဝတ္ဒဏ္ရာကို ခြဲစိတ္ကုသရမည္ျဖစ္ၿပီး ရာသီအကုန္အထိ အနားယူရမဲ့ ပီအက္စ္ဂ်ီစတားေနမာ

ပီအက္စ္ဂ်ီတိုက္စစ္မႉးေနမာဟာေျခက်င္းဝတ္ဒဏ္ရာကိုခြဲစိတ္ကုသမႈခံယူရမည္ျဖစ္ၿပီးရာသီအကုန္အထိအနားယူရမည္ျဖစ္ေၾကာင္းသိရပါတယ္။

ဘရာဇီးစူပါစတားဟာေဖေဖာ္ဝါရီလ၁၉ရက္ေန႔တုန္းကအိမ္ကြင္းတြင္လိုင္လီကို၄-၃ျဖင့္အႏိုင္ရရွိတဲ့ပြဲမွာညာဖက္ေျခက်င္းဝတ္ဒဏ္ရာရရွိခဲ့ပါတယ္။

ေနမာဟာယခင္တုန္းကလည္းေျခက်င္းဝတ္ဒဏ္ရာမ်ားရရွိခဲ့ဖူးသူျဖစ္ၿပီးယခုဒဏ္ရာသစ္ေၾကာင့္ေျခက်င္းဝတ္တြင္ပိုမိုမတည္မၿငိမ္ျဖစ္လာေနပါတယ္။ဒါေၾကာင့္လည္းေနာင္တြင္အေျခအေနဆိုး႐ြားလာႏိုင္မႈကိုေရွာင္လြဲႏိုင္ရန္အတြက္ခြဲစိတ္ကုသရန္ဆုံးျဖတ္လာပါတယ္။

ေနမာဟာေျခက်င္းဝတ္ဒဏ္ရာခြဲစိတ္ကုသရမႈေၾကာင့္၃လမွ၄လအထိအနားယူရပါမယ္။

သူဟာကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကလည္းဆားဘီးယားႏွင့္အဖြင့္ပြဲတြင္ေျခက်င္းဝတ္ဒဏ္ရာရရွိၿပီးေနာက္အုပ္စုပြဲ၂ပြဲလြဲခဲ့သူလည္းျဖစ္ပါတယ္။

သူဟာေျခက်င္းဝတ္ဒဏ္ရာေၾကာင့္၂၀၁၉ကိုပါအေမရိကဖလားၿပိဳင္ပြဲကိုလြဲခဲ့သလို၂၀၂၁ခုႏွစ္တုန္းကလည္းေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ပင္ရက္သတၱပတ္အတန္ၾကာအနားယူဖူးပါတယ္။

သူဟာယခုရာသီတြင္ပီအက္စ္ဂ်ီအတြက္လီဂူး၁တြင္၁၃ဂိုးသြင္းယူထားကာ၁၀ႀကိမ္ဖန္တီးမႈျပဳလုပ္ထားပါတယ္။