ခြေကျင်းဝတ်ဒဏ်ရာကြောင့် ချဲလ်ဆီးရဲ့ပွဲသုံးပွဲကို ပူလီဆစ်လွဲချော်မည်

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ကခရစ္စတီယန်ပူလီဆစ်မှာခြေကျင်းဝတ်ဒဏ်ရာကြောင့်ချဲလ်ဆီးရဲ့ပွဲသုံးပွဲကိုလွဲချော်မည်ဖြစ်ကြောင်းအတည်ပြုပြောကြားလာပါတယ်။

အသက်၂၂နှစ်ရှိအမေရိကန်တောင်ပံကစားသမားဟာဟွန်ဒူးရပ်စ်အား၄-၁ဂိုးဖြင့်အနိုင်ရရှိတဲ့အမေရိကန်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ပူလီဆစ်ဟာကိုဗစ်ကူးစက်မှုကြောင့်ချဲလ်ဆီးရဲ့နောက်ဆုံးပရီးမီးယားလိဂ်ပွဲနှစ်ပွဲကိုလွဲချော်ပြီးသူဖြစ်ပြီးယခုအခါနောက်ထပ်ချဲလ်ဆီးရဲ့ပွဲသုံးပွဲကိုလွဲချော်ဦးမှာဖြစ်ပါတယ်။ဒါ့အပြင်တူချယ်ကကွင်းလယ်ကစားသမားအန်ဂိုလိုကန်တီမှာလည်းဗီလာနှင့်ပရီးမီးယားလိဂ်ပွဲစဉ်ကိုလွဲမည်ဖြစ်ကြောင်းအတည်ပြုသွားပါတယ်။

တူချယ်က “ကံဆိုးတာကကျွန်တော်တို့ရဲ့ကစားသမားနှစ်ယောက်အနားယူနေရပါတယ်။အန်ဂိုလိုကန်တီနဲ့ခရစ္စတီယန်ပူလီဆစ်တို့ပါ။အန်ဂိုလိုကလီဗာပူးနဲ့ပွဲမှာဒဏ်ရာရခဲ့တယ်။နည်းနည်းနာနေတုန်းပါ။အင်္ဂါနေ့ကျမှသူ့အခြေအနေတချက်ပြန်ကြည့်ရမယ်။သူ့အခြေအနေကောင်းနေပုံရပါတယ်။ခရစ္စတီယန်ကတော့ခြေကျင်းဝတ်ဒဏ်ရာရခဲ့တယ်။၁၀ရက်လောက်နားရပါမယ်”လို့ပြောကြားခဲ့ပါတယ်။

ပူလီဆစ်ဟာဗီလာနှင့်ပွဲစဉ်အပြင်ကြားရက်တွင်ဇင်းနစ်နှင့်ကစားရမယ့်ချန်ပီယံလိဂ်ပွဲကိုပါလွဲပါမယ်။သူဟာလာမယ့်အပတ်အကုန်စပါးစ်နှင့်ပွဲမှာလည်းပါဝင်ဦးမှာမဟုတ်သေးဘဲစက်တင်ဘာလ၂၂ရက်နေ့ဗီလာနှင့်ကာရာဘောင်းပွဲစဉ်တွင်မှပါဝင်နိုင်ပါမယ်။

ZawGyi

ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ ခ်ဲလ္ဆီးရဲ႕ပြဲသုံးပြဲကို ပူလီဆစ္လြဲေခ်ာ္မည္

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ကခရစၥတီယန္ပူလီဆစ္မွာေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ခ်ဲလ္ဆီးရဲ႕ပြဲသုံးပြဲကိုလြဲေခ်ာ္မည္ျဖစ္ေၾကာင္းအတည္ျပဳေျပာၾကားလာပါတယ္။

အသက္၂၂ႏွစ္ရွိအေမရိကန္ေတာင္ပံကစားသမားဟာဟြန္ဒူးရပ္စ္အား၄-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့အေမရိကန္ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မွာေျခက်င္းဝတ္ဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။

ပူလီဆစ္ဟာကိုဗစ္ကူးစက္မႈေၾကာင့္ခ်ဲလ္ဆီးရဲ႕ေနာက္ဆုံးပရီးမီးယားလိဂ္ပြဲႏွစ္ပြဲကိုလြဲေခ်ာ္ၿပီးသူျဖစ္ၿပီးယခုအခါေနာက္ထပ္ခ်ဲလ္ဆီးရဲ႕ပြဲသုံးပြဲကိုလြဲေခ်ာ္ဦးမွာျဖစ္ပါတယ္။ဒါ့အျပင္တူခ်ယ္ကကြင္းလယ္ကစားသမားအန္ဂိုလိုကန္တီမွာလည္းဗီလာႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္ကိုလြဲမည္ျဖစ္ေၾကာင္းအတည္ျပဳသြားပါတယ္။

တူခ်ယ္က “ကံဆိုးတာကကြၽန္ေတာ္တို႔ရဲ႕ကစားသမားႏွစ္ေယာက္အနားယူေနရပါတယ္။အန္ဂိုလိုကန္တီနဲ႔ခရစၥတီယန္ပူလီဆစ္တို႔ပါ။အန္ဂိုလိုကလီဗာပူးနဲ႔ပြဲမွာဒဏ္ရာရခဲ့တယ္။နည္းနည္းနာေနတုန္းပါ။အဂၤါေန႔က်မွသူ႔အေျခအေနတခ်က္ျပန္ၾကည့္ရမယ္။သူ႔အေျခအေနေကာင္းေနပုံရပါတယ္။ခရစၥတီယန္ကေတာ့ေျခက်င္းဝတ္ဒဏ္ရာရခဲ့တယ္။၁၀ရက္ေလာက္နားရပါမယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ပူလီဆစ္ဟာဗီလာႏွင့္ပြဲစဥ္အျပင္ၾကားရက္တြင္ဇင္းနစ္ႏွင့္ကစားရမယ့္ခ်န္ပီယံလိဂ္ပြဲကိုပါလြဲပါမယ္။သူဟာလာမယ့္အပတ္အကုန္စပါးစ္ႏွင့္ပြဲမွာလည္းပါဝင္ဦးမွာမဟုတ္ေသးဘဲစက္တင္ဘာလ၂၂ရက္ေန႔ဗီလာႏွင့္ကာရာေဘာင္းပြဲစဥ္တြင္မွပါဝင္ႏိုင္ပါမယ္။