
ဘရာဇီးတိုက်စစ်မှူးနေမာဟာခြေကျင်းဝတ်ဒဏ်ရာမှပျောက်ကင်းလာခြင်းမရှိသေးမှုနှင့်အတူ ကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်ကိုပါလွဲချော်လာဖို့ရှိနေပါတယ်။
နေမာဟာပြီးခဲ့တဲ့အပတ်တုန်းကဆားဘီးယားကိုရီချာလီဆင်ရဲ့သွင်းဂိုးနှစ်ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပါတယ်။
ဘရာဇီးဆေးအဖွဲ့ကနေမာမှာဆွစ်ဇာလန်ကိုအနိုင်ရတဲ့ပွဲအပြင်မနက်ဖြန်သောကြာနေ့မှာကင်မရွန်းနှင့်ရင်ဆိုင်ရမဲ့ပွဲကိုပါလွဲချော်မှာဖြစ်ပြီးရှုံးထွက်အဆင့်တွင်ပြန်လည်ကစားနိုင်မယ်လို့ဆိုထားပါတယ်။
ဒါပေမဲ့TNT Sports ရဲ့ဖော်ပြချက်အရနေမာမှာဒဏ်ရာမှပြန်လည်ကောင်းမွန်လာခြင်းမရှိသေးမှုနှင့်အတူ ၁၆သင်းရှုံးထွက်အဆင့်ပွဲကိုပါလွဲချော်နိုင်ကြောင်းသိရပါတယ်။
နေမာကဲ့သို့ပင်ဆားဘီးယားနှင့်ပွဲတွင်ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့ဒါနီလိုမှာမူဒဏ်ရာအခြေအနေတိုးတက်နေမှုကြောင့်၁၆သင်းရှုံးထွက်အဆင့်တွင်ပြန်လည်ကစားလာနိုင်ဖို့သေချာနေပါတယ်။
ZawGyi
ေျခက်င္းဝတ္ဒဏ္ရာမေပ်ာက္ႏိုင္မႈေၾကာင့္ ၁၆ သင္းရႈံးထြက္အဆင့္ပြဲကိုပါ ေနမာလြဲေခ်ာ္ႏိုင္
ဘရာဇီးတိုက္စစ္မႉးေနမာဟာေျခက်င္းဝတ္ဒဏ္ရာမွေပ်ာက္ကင္းလာျခင္းမရွိေသးမႈႏွင့္အတူ ကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္ကိုပါလြဲေခ်ာ္လာဖို႔ရွိေနပါတယ္။
ေနမာဟာၿပီးခဲ့တဲ့အပတ္တုန္းကဆားဘီးယားကိုရီခ်ာလီဆင္ရဲ႕သြင္းဂိုးႏွစ္ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ေျခက်င္းဝတ္ဒဏ္ရာရရွိခဲ့ပါတယ္။
ဘရာဇီးေဆးအဖြဲ႕ကေနမာမွာဆြစ္ဇာလန္ကိုအႏိုင္ရတဲ့ပြဲအျပင္မနက္ျဖန္ေသာၾကာေန႔မွာကင္မ႐ြန္းႏွင့္ရင္ဆိုင္ရမဲ့ပြဲကိုပါလြဲေခ်ာ္မွာျဖစ္ၿပီးရႈံးထြက္အဆင့္တြင္ျပန္လည္ကစားႏိုင္မယ္လို႔ဆိုထားပါတယ္။
ဒါေပမဲ့TNT Sports ရဲ႕ေဖာ္ျပခ်က္အရေနမာမွာဒဏ္ရာမွျပန္လည္ေကာင္းမြန္လာျခင္းမရွိေသးမႈႏွင့္အတူ ၁၆သင္းရႈံးထြက္အဆင့္ပြဲကိုပါလြဲေခ်ာ္ႏိုင္ေၾကာင္းသိရပါတယ္။
ေနမာကဲ့သို႔ပင္ဆားဘီးယားႏွင့္ပြဲတြင္ေျခက်င္းဝတ္ဒဏ္ရာရရွိခဲ့တဲ့ဒါနီလိုမွာမူဒဏ္ရာအေျခအေနတိုးတက္ေနမႈေၾကာင့္၁၆သင္းရႈံးထြက္အဆင့္တြင္ျပန္လည္ကစားလာႏိုင္ဖို႔ေသခ်ာေနပါတယ္။