
ခြေကျင်းဝတ်အဆစ်လွဲဒဏ်ရာရရှိခဲ့တဲ့ဟာဗေးအီလိယော့ဟာဒဏ်ရာကိုအောင်မြင်စွာခွဲစိတ်ကုသမှုပြုလုပ်နိုင်ခဲ့ပြီးနောက်ယခုရာသီတွင်ပင်ပြန်ကစားနိုင်မယ့်အနေအထားမှာရှိနေပါတယ်။
အသက်၁၈နှစ်အရွယ်ရှိလီဗာပူးလူငယ်စတားဟာပြီးခဲ့တဲ့အပတ်တုန်းကလိဒ်အား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်လိဒ်ကစားသမားပါစကယ်စထရုရဲ့ဖျက်ထုတ်မှုကြောင့်ခြေကျင်းဝတ်အဆစ်လွဲဒဏ်ရာရရှိခဲ့ပါတယ်။
ကွင်းလယ်ဒိုင်လူကြီးဟာပါစကယ်စထရုကိုအနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။ဒါပေမယ့်နောက်ပိုင်းမှာအီလိယော့ကပါစကယ်စထရုကြောင့်ခြေကျင်းဝတ်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။
လိဒ်နှင့်ပွဲစဉ်အတွင်းတွင်ကွင်းအတွင်းသို့ဝင်ရောက်ကာအီလိယော့ဟာခြေကျင်းဝတ်ဆစ်လွဲမှုအားပြန်လည်ချိတ်ဆက်ပေးခဲ့တဲ့အသင်းဆရာဝန်ဂျမ်မိုဇမ်ကအီလိယော့ရဲ့ဒဏ်ရာပြန်လည်ကောင်းမွန်လာရေးအတွက်အချိန်သတ်မှတ်ထားတာမရှိပေမယ့်ယခုရာသီအတွင်းတွင်ပြန်ကစားနိုင်ဖို့ရှိနေကြောင်းဆိုသွားပါတယ်။
ZawGyi
ေျခက်င္းဝတ္အဆစ္လြဲဒဏ္ရာရရွိခဲ့တဲ့ အီလိေယာ့ ယခုရာသီတြင္ ျပန္ကစားႏိုင္မည္
ေျခက်င္းဝတ္အဆစ္လြဲဒဏ္ရာရရွိခဲ့တဲ့ဟာေဗးအီလိေယာ့ဟာဒဏ္ရာကိုေအာင္ျမင္စြာခြဲစိတ္ကုသမႈျပဳလုပ္ႏိုင္ခဲ့ၿပီးေနာက္ယခုရာသီတြင္ပင္ျပန္ကစားႏိုင္မယ့္အေနအထားမွာရွိေနပါတယ္။
အသက္၁၈ႏွစ္အ႐ြယ္ရွိလီဗာပူးလူငယ္စတားဟာၿပီးခဲ့တဲ့အပတ္တုန္းကလိဒ္အား၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္လိဒ္ကစားသမားပါစကယ္စထ႐ုရဲ႕ဖ်က္ထုတ္မႈေၾကာင့္ေျခက်င္းဝတ္အဆစ္လြဲဒဏ္ရာရရွိခဲ့ပါတယ္။
ကြင္းလယ္ဒိုင္လူႀကီးဟာပါစကယ္စထ႐ုကိုအနီကတ္ျပထုတ္ပယ္ခဲ့ပါတယ္။ဒါေပမယ့္ေနာက္ပိုင္းမွာအီလိေယာ့ကပါစကယ္စထ႐ုေၾကာင့္ေျခက်င္းဝတ္ဒဏ္ရာအျပင္းအထန္ရရွိခဲ့ျခင္းမဟုတ္ေၾကာင္းေျပာၾကားခဲ့ပါတယ္။
လိဒ္ႏွင့္ပြဲစဥ္အတြင္းတြင္ကြင္းအတြင္းသို႔ဝင္ေရာက္ကာအီလိေယာ့ဟာေျခက်င္းဝတ္ဆစ္လြဲမႈအားျပန္လည္ခ်ိတ္ဆက္ေပးခဲ့တဲ့အသင္းဆရာဝန္ဂ်မ္မိုဇမ္ကအီလိေယာ့ရဲ႕ဒဏ္ရာျပန္လည္ေကာင္းမြန္လာေရးအတြက္အခ်ိန္သတ္မွတ္ထားတာမရွိေပမယ့္ယခုရာသီအတြင္းတြင္ျပန္ကစားႏိုင္ဖို႔ရွိေနေၾကာင္းဆိုသြားပါတယ္။