ခြေကျင်းဝတ်အရွတ်ဒဏ်ရာကြောင့် ရှစ်ပတ်ကြာနားရတော့မယ့် နေမာ

နေမာဟာတနင်္ဂနွေနေ့တုန်းကစိန့်အက်တီယန်နီနှင့်ပွဲစဉ်တွင်ရရှိခဲ့တဲ့ခြေကျင်းဝတ်အရွတ်ဒဏ်ရာကြောင့်ရှစ်ပတ်ကြာအနားယူရတော့မှာဖြစ်ကြောင်းသိရပါတယ်။

ဘရာဇီးတိုက်စစ်သမားဟာစိန့်အက်တီယန်နီကို၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်ရဲ့ပွဲပြီးခါနီးအချိန်တွင်မာကွန်ရဲ့နောက်မှကြမ်းတမ်းစွာဖျက်ထုတ်ခံခဲ့ရကာကွင်းပြင်သို့လူနာတင်ထမ်းစင်ဖြင့်ထွက်ခွာခဲ့ရပါတယ်။

ကံကောင်းတာကတော့နေမာရဲ့ဒဏ်ရာအခြေအနေမှာအလွန်ပြင်းထန်မှုမရှိဘဲဆေးရုံသို့ချက်ချင်းမသွားခဲ့ရတာပါ။ဒါပေမယ့်နေမာဟာအသင်းရဲ့ဘတ်စ်ကားသို့သွားရောက်ရာမှာအကာအကွယ်ဖိနပ်စီးကာသွားခဲ့ရပါတယ်။

ယနေ့မှာ ESPN ရဲ့ဖော်ပြချက်အရနေမာဟာအဆိုပါဒဏ်ရာကြောင့်နှစ်လကြာအနားယူရတော့မှာဖြစ်ကြောင်းသိရပါတယ်။

နေမာဟာယခုရရှိလာတဲ့ခြေကျင်းဝတ်ဒဏ်ရာကြောင့်ဒီဇင်ဘာလ၇ရက်နေ့တွင်ဘရုဂျက်နှင့်ကစားရမယ့်ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်ကိုလွဲချော်တော့မှာဖြစ်ပါတယ်။ဒါပေမယ့်ပြင်သစ်ထိပ်သီးကလပ်ဟာချန်ပီယံလိဂ်၁၆သင်းအဆင့်သို့ဒုတိယအနေဖြင့်တက်ရောက်ထားပြီးဖြစ်ရာယင်းပွဲရလဒ်မှာအရေးမပါတော့ပါဘူး။

ZawGyi

ေျခက်င္းဝတ္အ႐ြတ္ဒဏ္ရာေၾကာင့္ ရွစ္ပတ္ၾကာနားရေတာ့မယ့္ ေနမာ

ေနမာဟာတနဂၤေႏြေန႔တုန္းကစိန႔္အက္တီယန္နီႏွင့္ပြဲစဥ္တြင္ရရွိခဲ့တဲ့ေျခက်င္းဝတ္အ႐ြတ္ဒဏ္ရာေၾကာင့္ရွစ္ပတ္ၾကာအနားယူရေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

ဘရာဇီးတိုက္စစ္သမားဟာစိန႔္အက္တီယန္နီကို၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္ရဲ႕ပြဲၿပီးခါနီးအခ်ိန္တြင္မာကြန္ရဲ႕ေနာက္မွၾကမ္းတမ္းစြာဖ်က္ထုတ္ခံခဲ့ရကာကြင္းျပင္သို႔လူနာတင္ထမ္းစင္ျဖင့္ထြက္ခြာခဲ့ရပါတယ္။

ကံေကာင္းတာကေတာ့ေနမာရဲ႕ဒဏ္ရာအေျခအေနမွာအလြန္ျပင္းထန္မႈမရွိဘဲေဆး႐ုံသို႔ခ်က္ခ်င္းမသြားခဲ့ရတာပါ။ဒါေပမယ့္ေနမာဟာအသင္းရဲ႕ဘတ္စ္ကားသို႔သြားေရာက္ရာမွာအကာအကြယ္ဖိနပ္စီးကာသြားခဲ့ရပါတယ္။

ယေန႔မွာ ESPN ရဲ႕ေဖာ္ျပခ်က္အရေနမာဟာအဆိုပါဒဏ္ရာေၾကာင့္ႏွစ္လၾကာအနားယူရေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

ေနမာဟာယခုရရွိလာတဲ့ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ဒီဇင္ဘာလ၇ရက္ေန႔တြင္ဘ႐ုဂ်က္ႏွင့္ကစားရမယ့္ခ်န္ပီယံလိဂ္အုပ္စုေနာက္ဆုံးပြဲစဥ္ကိုလြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။ဒါေပမယ့္ျပင္သစ္ထိပ္သီးကလပ္ဟာခ်န္ပီယံလိဂ္၁၆သင္းအဆင့္သို႔ဒုတိယအေနျဖင့္တက္ေရာက္ထားၿပီးျဖစ္ရာယင္းပြဲရလဒ္မွာအေရးမပါေတာ့ပါဘူး။