ခြေစမ်းပွဲတွင် လီယွန်နယ်မက်ဆီ ဒဏ်ရာရရှိသွားမည်ကို အကြီးအကျယ်စိုးရိမ်ခဲ့ရတဲ့ ပရိသတ်များ

အာဂျင်တီးနားနှင့်လီယွန်နယ်မက်ဆီရဲ့ပရိသတ်များဟာအာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားခြေစမ်းပွဲစဉ်တွင် အာဂျင်တီးနားအသင်းခေါင်းဆောင်မှာဒဏ်ရာရရှိနိုင်တဲ့အဖြစ်အပျက်နှစ်ကြိမ်ကြုံရမှုနှင့်အတူအကြီးအကျယ်စိုးရိမ်ခဲ့ရပါတယ်။

အာဂျင်တီးနားဟာယနေ့အစောပိုင်းတုန်းကMohammed bin Zayed Stadiumတွင်ယူအေအီးနှင့်ခြေစမ်းပွဲကစားခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင်အသက်၃၅နှစ်ရှိလီယွန်နယ်မက်ဆီဟာကြမ်းတမ်းတဲ့ဖျက်ထုတ်မှုများနှင့်ကြုံခဲ့ရပြီးဒဏ်ရာရရှိသွားတယ်လို့ယူဆရတဲ့အဖြစ်အပျက်နှစ်ကြိမ်ကြုံခဲ့ရပါတယ်။

ဒါကြောင့်လည်းပရိသတ်များဟာလီယွန်နယ်မက်ဆီဒဏ်ရာရရှိသွားပြီလို့ယူဆကာအကြီးအကျယ်စိုးရိမ်ခဲ့ကြရပါတယ်။

ယနေ့အစောပိုင်းတုန်းကယူအေအီးနှင့်ကမ္ဘာ့ဖလားအကြိုခြေစမ်းပွဲတွင်အာဂျင်တီးနားဟာ၅-၀ဂိုးဖြင့်သက်တောင့်သက်သာအနိုင်ရရှိခဲ့ပါတယ်။

အာဂျင်တီးနားအတွက်အနိုင်ဂိုးကိုဂျူလီယန်အယ်ဗာရက်ဇ်၊ဒီမာရီယာ(၂)၊မက်ဆီနှင့်ကော်ရီရာတို့ကသွင်းယူခဲ့ကြပါတယ်။

လာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာမက်ဆီအတွက်နောက်ဆုံးကမ္ဘာ့ဖလားအိပ်မက်ဖြစ်လာပါမယ်။မက်ဆီဟာအာဂျင်တီးနားနှင့်အတူတစ်ခုတည်းသောအောင်မြင်မှုအဖြစ်တောင်အမေရိကဖလားဆွတ်ခူးနိုင်ခဲ့မှုသာရှိထားပါတယ်။

ZawGyi







