ခြေစွမ်းကျဆင်းပြီးနောက် စိတ်ပညာရှင်နှင့်တွေ့ဆုံကုသနေရတဲ့ ဆန်ချို

အဲရစ်တန်ဟက်ဟာစိတ်ပိုင်းဆိုင်ရာဝေဒနာခံစားနေရတဲ့တောင်ပံစတားဂျာဒွန်ဆန်ချိုမှာမည်သည့်အချိန်တွင်ယူနိုက်တက်အတွက်ပြန်ကစားလာနိုင်မလဲ မသိသေးပါဘူး။

ယူနိုက်တက်ရဲ့ပေါင်၇၃သန်းတန်တောင်ပံကစားသမားဟာပြီးခဲ့တဲ့အပတ်တုန်းကယူနိုက်တက်ရဲ့စပိန်ဆောင်းရာသီလေ့ကျင့်ခန်းအစီအစဉ်ကိုလွဲချော်ခဲ့သူဖြစ်ပါတယ်။

သူဟာအကောင်းဆုံးပုံစံပြန်လည်ရရှိရေးအတွက်တကိုယ်တည်းလေ့ကျင့်ခန်းဆင်းနေသလိုစိတ်ပိုင်းဆိုင်ရာပြဿနာကိုလည်းစိတ်ဆရာဝန်နှင့်ကုသမှုခံယူနေရပါတယ်။

သူဟာပြီးခဲ့တဲ့လတုန်းကအဲရစ်တန်ဟက်ရဲ့ညွှန်ကြားချက်ဖြင့်နယ်သာလန်သို့သွားရောက်ကာကြံ့ခိုင်ရေးနှင့်စိတ်ပိုင်းဆိုင်ရာထူထောင်ရေးလုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိအနေအထားအရဆန်ချိုဟာယူနိုက်တက်အတွက်နှစ်သစ်ကူးကာလအထိကစားနိုင်မဲ့အခြေအနေမှာမရှိသေးပါဘူး။

အဲရစ်တန်ဟက်က “ဆန်ချိုနဲ့စကားတော်တော်ပြောပြီးပြီ။အခုဒီမှာသူရှိနေပါဘူး။ကျွန်တော်တို့အဆင့်ကျမှုကြုံရတယ်။ဒါမျိုးကဖြစ်တတ်ပါတယ်။ဘာကြောင့်ဒီလိုဖြစ်ရသလဲမသိပါဘူး။အခုကျွန်တော်တို့ဆန်းစစ်လေ့လာမှုလုပ်နေတယ်။သူ့ကိုအကောင်းဆုံးပုံစံရအောင်ကြိုးစားပေးနေတယ်။ကြံ့ခိုင်မှုအပိုင်းနဲ့ရောစိတ်ပိုင်းနဲ့ရောဆက်စပ်နေတယ်။သူ့ကိုအမြန်ဆုံးအသုံးပြုချင်တယ်ဆိုပေမဲ့ဘယ်တော့လောက်ဖြစ်မလဲမပြောနိုင်သေးပါဘူး”လို့ပြောကြားသွားပါတယ်။

ဆန်ချိုဟာအောက်တိုဘာလ၂၂ရက်နေ့တုန်းကချဲလ်ဆီးနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်နောက်ပိုင်းတွင်ယူနိုက်တက်အတွက်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။

သူဟာယင်းကာလအတွင်းတွင်နေမကောင်းဖြစ်နေခဲ့ပြီး ဂါနာချိုနှင့်ရက်ဖို့ဒ်တို့မှာသူမပါဝင်နိုင်ချိန်တွင်တောင်ပံတွင်ခြေစွမ်းပြကစားနေခဲ့ကြပါတယ်။

ဆန်ချိုဟာလာမယ့်အပတ်ဗုဒ္ဓဟူးနေ့မှာဘန်လေနှင့်ရင်ဆိုင်ကစားရမဲ့ယူနိုက်တက်ရဲ့ခါရာဘောင်ဖလားလူစာရင်းတွင်ပါဝင်လာဖို့မရှိသေးပါဘူး။

zawgyi

ေျခစြမ္းက်ဆင္းၿပီးေနာက္ စိတ္ပညာရွင္ႏွင့္ေတြ႕ဆုံကုသေနရတဲ့ ဆန္ခ်ိဳ

အဲရစ္တန္ဟက္ဟာစိတ္ပိုင္းဆိုင္ရာေဝဒနာခံစားေနရတဲ့ေတာင္ပံစတားဂ်ာဒြန္ဆန္ခ်ိဳမွာမည္သည့္အခ်ိန္တြင္ယူႏိုက္တက္အတြက္ျပန္ကစားလာႏိုင္မလဲ မသိေသးပါဘူး။

ယူႏိုက္တက္ရဲ႕ေပါင္၇၃သန္းတန္ေတာင္ပံကစားသမားဟာၿပီးခဲ့တဲ့အပတ္တုန္းကယူႏိုက္တက္ရဲ႕စပိန္ေဆာင္းရာသီေလ့က်င့္ခန္းအစီအစဥ္ကိုလြဲေခ်ာ္ခဲ့သူျဖစ္ပါတယ္။

သူဟာအေကာင္းဆုံးပုံစံျပန္လည္ရရွိေရးအတြက္တကိုယ္တည္းေလ့က်င့္ခန္းဆင္းေနသလိုစိတ္ပိုင္းဆိုင္ရာျပႆနာကိုလည္းစိတ္ဆရာဝန္ႏွင့္ကုသမႈခံယူေနရပါတယ္။

သူဟာၿပီးခဲ့တဲ့လတုန္းကအဲရစ္တန္ဟက္ရဲ႕ၫႊန္ၾကားခ်က္ျဖင့္နယ္သာလန္သို႔သြားေရာက္ကာႀကံ့ခိုင္ေရးႏွင့္စိတ္ပိုင္းဆိုင္ရာထူေထာင္ေရးလုပ္ေဆာင္ခဲ့ပါတယ္။

လက္ရွိအေနအထားအရဆန္ခ်ိဳဟာယူႏိုက္တက္အတြက္ႏွစ္သစ္ကူးကာလအထိကစားႏိုင္မဲ့အေျခအေနမွာမရွိေသးပါဘူး။

အဲရစ္တန္ဟက္က “ဆန္ခ်ိဳနဲ႔စကားေတာ္ေတာ္ေျပာၿပီးၿပီ။အခုဒီမွာသူရွိေနပါဘူး။ကြၽန္ေတာ္တို႔အဆင့္က်မႈႀကဳံရတယ္။ဒါမ်ိဳးကျဖစ္တတ္ပါတယ္။ဘာေၾကာင့္ဒီလိုျဖစ္ရသလဲမသိပါဘူး။အခုကြၽန္ေတာ္တို႔ဆန္းစစ္ေလ့လာမႈလုပ္ေနတယ္။သူ႔ကိုအေကာင္းဆုံးပုံစံရေအာင္ႀကိဳးစားေပးေနတယ္။ႀကံ့ခိုင္မႈအပိုင္းနဲ႔ေရာစိတ္ပိုင္းနဲ႔ေရာဆက္စပ္ေနတယ္။သူ႔ကိုအျမန္ဆုံးအသုံးျပဳခ်င္တယ္ဆိုေပမဲ့ဘယ္ေတာ့ေလာက္ျဖစ္မလဲမေျပာႏိုင္ေသးပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ဆန္ခ်ိဳဟာေအာက္တိုဘာလ၂၂ရက္ေန႔တုန္းကခ်ဲလ္ဆီးႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္ေနာက္ပိုင္းတြင္ယူႏိုက္တက္အတြက္ကစားႏိုင္ခဲ့ျခင္းမရွိပါဘူး။

သူဟာယင္းကာလအတြင္းတြင္ေနမေကာင္းျဖစ္ေနခဲ့ၿပီး ဂါနာခ်ိဳႏွင့္ရက္ဖို႔ဒ္တို႔မွာသူမပါဝင္ႏိုင္ခ်ိန္တြင္ေတာင္ပံတြင္ေျခစြမ္းျပကစားေနခဲ့ၾကပါတယ္။

ဆန္ခ်ိဳဟာလာမယ့္အပတ္ဗုဒၶဟူးေန႔မွာဘန္ေလႏွင့္ရင္ဆိုင္ကစားရမဲ့ယူႏိုက္တက္ရဲ႕ခါရာေဘာင္ဖလားလူစာရင္းတြင္ပါဝင္လာဖို႔မရွိေသးပါဘူး။