ခြေစွမ်းကျနေမှုကြောင့် မန်ချက်စတာဒါဘီပွဲတွင် နေရာပျောက်မှာ စိုးရိမ်နေရတဲ့ကီဗင်ဒီဘရိုင်း

ကီဗင်ဒီဘရိုင်းဟာခြေစွမ်းကျဆင်းနေမှုကြောင့်လာမယ့်စနေနေ့တွင်အိုးထရက်ဖို့ဒ်ကွင်းမှာမန်ယူနှင့်ရင်ဆိုင်ရမယ့်မန်ချက်စတာဒါဘီပွဲတွင်နေရာပျောက်မှာစိုးရိမ်နေရပါတယ်။

အသက်၃၀နှစ်ရှိဘယ်လ်ဂျီယံစတားဟာမန်စီးတီးသို့ပြောင်းလာပြီးနောက် အဓိကကစားသမားအဖြစ်ခြောက်နှစ်တိုင်တိုင်ကစားလာခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်မန်စီးတီးနည်းပြဂွါဒီယိုလာဟာယခင်တုန်းကကီဗင်ဒီဘရိုင်းရဲ့လုပ်ပြခဲ့မှုများကိုဂရုစိုက်မှာမဟုတ်ဘဲအရန်ခုံသို့ပို့ရန်အသင့်ရှိနေပါတယ်။

ကီဗင်ဒီဘရိုင်းဟာပွဲတွင်သာမကလေ့ကျင့်ရေးကွင်းတွင်လည်းစွမ်းဆောင်ရည်ကျဆင်းနေမှုနဲ့အတူနည်းပြဂွါဒီယိုလာရဲ့ယုံကြည်မှုကျဆင်းလာစေခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးနည်းပြဂွါဒီယိုလာက “ကျွန်တော့်မှာသတင်းအချက်အလက်အများကြီးရှိတာကြောင့်ဘယ်သူကစားမယ်၊ဘယ်သူနားမယ်ဆိုတာကျွန်တော်ဘဲ ဆုံးဖြတ်ပါမယ်။ကီဗင်မှမဟုတ်ပါဘူး။ရာဟမ်းနဲ့ရီယက်တို့လည်းအရင်အတိတ်တုန်းကအောင်မြင်မှုရအောင်လုပ်ခဲ့တဲ့ထိပ်တန်းကစားသမားတွေပါ။ပြီးခဲ့တဲ့နှစ်တွေမှာလုပ်ပေးခဲ့မှုတွေအတွက်ကီဗင်လိုကစားသမားကိုကျေးဇူးတင်ရပါမယ်။သူကကျွန်တော်တို့အတွက်အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်သလိုလူတစ်ဦးလည်းဖြစ်ပါတယ်။ရာသီတိုင်းမှာမြင့်လိုက်တက်လိုက်တော့ကြုံရတတ်ပါတယ်။နောက်တစ်ပွဲမှာသူ့အတွက်အခွင့်အရေးရှိနေတာကီဗင်လည်းသိထားပြီးသားပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ေျခစြမ္းက်ေနမႈေၾကာင့္ မန္ခ်က္စတာဒါဘီပြဲတြင္ ေနရာေပ်ာက္မွာ စိုးရိမ္ေနရတဲ့ကီဗင္ဒီဘ႐ိုင္း

ကီဗင္ဒီဘ႐ိုင္းဟာေျခစြမ္းက်ဆင္းေနမႈေၾကာင့္လာမယ့္စေနေန႔တြင္အိုးထရက္ဖို႔ဒ္ကြင္းမွာမန္ယူႏွင့္ရင္ဆိုင္ရမယ့္မန္ခ်က္စတာဒါဘီပြဲတြင္ေနရာေပ်ာက္မွာစိုးရိမ္ေနရပါတယ္။

အသက္၃၀ႏွစ္ရွိဘယ္လ္ဂ်ီယံစတားဟာမန္စီးတီးသို႔ေျပာင္းလာၿပီးေနာက္ အဓိကကစားသမားအျဖစ္ေျခာက္ႏွစ္တိုင္တိုင္ကစားလာခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမယ့္မန္စီးတီးနည္းျပဂြါဒီယိုလာဟာယခင္တုန္းကကီဗင္ဒီဘ႐ိုင္းရဲ႕လုပ္ျပခဲ့မႈမ်ားကိုဂ႐ုစိုက္မွာမဟုတ္ဘဲအရန္ခုံသို႔ပို႔ရန္အသင့္ရွိေနပါတယ္။

ကီဗင္ဒီဘ႐ိုင္းဟာပြဲတြင္သာမကေလ့က်င့္ေရးကြင္းတြင္လည္းစြမ္းေဆာင္ရည္က်ဆင္းေနမႈနဲ႔အတူနည္းျပဂြါဒီယိုလာရဲ႕ယုံၾကည္မႈက်ဆင္းလာေစခဲ့တာလည္းျဖစ္ပါတယ္။

မန္စီးတီးနည္းျပဂြါဒီယိုလာက “ကြၽန္ေတာ့္မွာသတင္းအခ်က္အလက္အမ်ားႀကီးရွိတာေၾကာင့္ဘယ္သူကစားမယ္၊ဘယ္သူနားမယ္ဆိုတာကြၽန္ေတာ္ဘဲ ဆုံးျဖတ္ပါမယ္။ကီဗင္မွမဟုတ္ပါဘူး။ရာဟမ္းနဲ႔ရီယက္တို႔လည္းအရင္အတိတ္တုန္းကေအာင္ျမင္မႈရေအာင္လုပ္ခဲ့တဲ့ထိပ္တန္းကစားသမားေတြပါ။ၿပီးခဲ့တဲ့ႏွစ္ေတြမွာလုပ္ေပးခဲ့မႈေတြအတြက္ကီဗင္လိုကစားသမားကိုေက်းဇူးတင္ရပါမယ္။သူကကြၽန္ေတာ္တို႔အတြက္အေရးပါတဲ့ကစားသမားတစ္ဦးျဖစ္သလိုလူတစ္ဦးလည္းျဖစ္ပါတယ္။ရာသီတိုင္းမွာျမင့္လိုက္တက္လိုက္ေတာ့ႀကဳံရတတ္ပါတယ္။ေနာက္တစ္ပြဲမွာသူ႔အတြက္အခြင့္အေရးရွိေနတာကီဗင္လည္းသိထားၿပီးသားပါ”လို႔ေျပာၾကားသြားပါတယ္။