ခြေစွမ်းဆိုးရွားမှုကြောင့် ပထမပိုင်းမှာတင် လူစားလဲခံခဲ့ရတဲ့ မက်ဆီ

လီယွန်နယ်မက်ဆီဟာမနေ့ညတုန်းကလက်ရှိချန်ပီယံလိုင်လီနှင့်ပွဲစဉ်မှာပထမပိုင်း၄၅မိနစ်ခြေစွမ်းအလွန်ဆိုးရွားနေမှုနဲ့အတူ လူစားလဲခြင်းခံခဲ့ရပါတယ်။

အာဂျင်တီးနားစူပါစတားဟာသောကြာနေ့ညတုန်းကပွဲစဉ်တွင်ကိုင်လီယန်ဘက်ပေးမပါဝင်နိုင်မှုနဲ့အတူပီအက်စ်ဂျီရဲ့တိုက်စစ်ကိုဦးဆောင်ခဲ့ပါတယ်။

ဒါပေမယ့်မက်ဆီဟာပထမပိုင်း၄၅မိနစ်မှာဘာမှထူးထူးခြားခြားမလုပ်နိုင်ခဲ့ဘဲဧည့်သည်လိုင်လီရဲ့ပွဲချိန်၃၁မိနစ်မှာဂျိုနသန်ဒေးဗစ်သွင်းယူတဲ့ဂိုးဖြင့်ဦးဆောင်ခြင်းခံခဲ့ရပါတယ်။

အသက်၃၄နှစ်ရှိမက်ဆီဟာယခုအပတ်အစောပိုင်းတုန်းကကြွက်သားဒဏ်ရာပြဿနာကြုံခဲ့ပေမယ့်လည်းကြံ့ခိုင်မှုပြည့်ဝနေတာကြောင့်ပထမပိုင်း၄၅မိနစ်မှာကြံ့ခိုင်မှုနဲ့ပတ်သက်ပြီးပြဿနာရှိကြောင်းမပြသခဲ့ပါဘူး။

ပီအက်စ်ဂျီဟာပထမပိုင်းမှာနောက်ကလိုက်ကစားခဲ့ရပေမယ့်ဒုတိယပိုင်းမှာမာကွင်ဟို့စ်နှင့်ဒီမာရီယာတို့ရဲ့သွင်းဂိုးကြောင့်လိုင်လီကို၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ပွဲအပြီးတွင်ပီအက်စ်ဂျီနည်းပြပိုချက်တီနိုကမက်ဆီကိုပထမပိုင်းမှာတင်လူစားလဲခဲ့ခြင်းမှာဒဏ်ရာပြင်းထန်စွာရရှိမှုမှာရှောင်ရှားနိုင်ရန်အတွက်ဖြစ်ကြောင်းအကြောင်းပြသွားခဲ့ပါတယ်။

ပိုချက်တီနိုဟာပထမပိုင်းအပြီးမှာမက်ဆီရဲ့နေရာမှာအိုင်ကာဒီနှင့်အစားထိုးသွားခဲ့တာလည်းဖြစ်ပါတယ်။အိုင်ကာဒီဟာဇနီးဖြစ်သူဝန်ဒါနာရာနှင့်ကွင်းပြင်ပပြဿနာတက်ပြီးနောက်ပထမဆုံးအကြိမ်အဖြစ်ပီအက်စ်ဂျီအတွက်ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာပီအက်စ်ဂျီအတွက်လီဂူး၁ပွဲ၅ပွဲကစားထားရာမှာဂိုးသွင်းနိုင်ခြင်းမရှိသေးသလိုဖန်တီးမှုလည်းပြုလုပ်နိုင်ခြင်းမရှိသေးပါဘူး။ဒါပေမယ့်ချန်ပီယံလိဂ်မှာတော့မက်ဆီဟာ၃ဂိုးသွင်းထားနိုင်ပါတယ်။

ZawGyi

ေျခစြမ္းဆိုး႐ြားမႈေၾကာင့္ ပထမပိုင္းမွာတင္ လူစားလဲခံခဲ့ရတဲ့ မက္ဆီ

လီယြန္နယ္မက္ဆီဟာမေန႔ညတုန္းကလက္ရွိခ်န္ပီယံလိုင္လီႏွင့္ပြဲစဥ္မွာပထမပိုင္း၄၅မိနစ္ေျခစြမ္းအလြန္ဆိုး႐ြားေနမႈနဲ႔အတူ လူစားလဲျခင္းခံခဲ့ရပါတယ္။

အာဂ်င္တီးနားစူပါစတားဟာေသာၾကာေန႔ညတုန္းကပြဲစဥ္တြင္ကိုင္လီယန္ဘက္ေပးမပါဝင္ႏိုင္မႈနဲ႔အတူပီအက္စ္ဂ်ီရဲ႕တိုက္စစ္ကိုဦးေဆာင္ခဲ့ပါတယ္။

ဒါေပမယ့္မက္ဆီဟာပထမပိုင္း၄၅မိနစ္မွာဘာမွထူးထူးျခားျခားမလုပ္ႏိုင္ခဲ့ဘဲဧည့္သည္လိုင္လီရဲ႕ပြဲခ်ိန္၃၁မိနစ္မွာဂ်ိဳနသန္ေဒးဗစ္သြင္းယူတဲ့ဂိုးျဖင့္ဦးေဆာင္ျခင္းခံခဲ့ရပါတယ္။

အသက္၃၄ႏွစ္ရွိမက္ဆီဟာယခုအပတ္အေစာပိုင္းတုန္းကႂကြက္သားဒဏ္ရာျပႆနာႀကဳံခဲ့ေပမယ့္လည္းႀကံ့ခိုင္မႈျပည့္ဝေနတာေၾကာင့္ပထမပိုင္း၄၅မိနစ္မွာႀကံ့ခိုင္မႈနဲ႔ပတ္သက္ၿပီးျပႆနာရွိေၾကာင္းမျပသခဲ့ပါဘူး။

ပီအက္စ္ဂ်ီဟာပထမပိုင္းမွာေနာက္ကလိုက္ကစားခဲ့ရေပမယ့္ဒုတိယပိုင္းမွာမာကြင္ဟို႔စ္ႏွင့္ဒီမာရီယာတို႔ရဲ႕သြင္းဂိုးေၾကာင့္လိုင္လီကို၂-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ပြဲအၿပီးတြင္ပီအက္စ္ဂ်ီနည္းျပပိုခ်က္တီႏိုကမက္ဆီကိုပထမပိုင္းမွာတင္လူစားလဲခဲ့ျခင္းမွာဒဏ္ရာျပင္းထန္စြာရရွိမႈမွာေရွာင္ရွားႏိုင္ရန္အတြက္ျဖစ္ေၾကာင္းအေၾကာင္းျပသြားခဲ့ပါတယ္။

ပိုခ်က္တီႏိုဟာပထမပိုင္းအၿပီးမွာမက္ဆီရဲ႕ေနရာမွာအိုင္ကာဒီႏွင့္အစားထိုးသြားခဲ့တာလည္းျဖစ္ပါတယ္။အိုင္ကာဒီဟာဇနီးျဖစ္သူဝန္ဒါနာရာႏွင့္ကြင္းျပင္ပျပႆနာတက္ၿပီးေနာက္ပထမဆုံးအႀကိမ္အျဖစ္ပီအက္စ္ဂ်ီအတြက္ပါဝင္ကစားခဲ့တာျဖစ္ပါတယ္။

မက္ဆီဟာပီအက္စ္ဂ်ီအတြက္လီဂူး၁ပြဲ၅ပြဲကစားထားရာမွာဂိုးသြင္းႏိုင္ျခင္းမရွိေသးသလိုဖန္တီးမႈလည္းျပဳလုပ္ႏိုင္ျခင္းမရွိေသးပါဘူး။ဒါေပမယ့္ခ်န္ပီယံလိဂ္မွာေတာ့မက္ဆီဟာ၃ဂိုးသြင္းထားႏိုင္ပါတယ္။