
ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာဒွန်နီဗန်ဒီဘိခ်အားခြေစွမ်းပိုင်းနှင့်ပတ်သက်ပြီးသက်သေမပြနိုင်လျှင် ယူနိုက်တက်မှထွက်ခွာရမည်ဖြစ်ကြောင်းအသိပေးလာပါတယ်။
ဒတ်ချ်ကွင်းလယ်ကစားသမားဟာယူနိုက်တက်ရဲ့နောက်ဆုံးသုံးပွဲလုံးပွဲထွက်ကစားခွင့်ရရှိခဲ့ပေမဲ့တစ်ပွဲမျှခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိပါဘူး။
ပြီးခဲ့တဲ့ရာသီတုန်းကအဲဗာတန်တွင်ရာသီဝက်အငှားဖြင့်ကစားခဲ့ရတဲ့ဗန်ဒီဘိခ်ဟာပရီးမီးယားလိဂ်တွင်အထိုင်ကျရန်ရုန်းကန်နေရတုန်းဖြစ်ပါတယ်။
ယခုအခါအေဂျက်စ်မှာတုန်းကဗန်ဒီဘိခ်ရဲ့အကောင်းဆုံးခြေစွမ်းကိုဖော်ထုတ်ခဲ့ဖူးတဲ့အဲရစ်တန်ဟက်က “အငှားချစရာအကြောင်းမရှိဘူးလို့ထင်တယ်။ဒီပတ်ဝန်းကျင်မှာတိုက်ပွဲဝင်ပြီးကိုယ့်ကိုယ်ကိုသက်သေပြ။မဟုတ်ရင် ထွက်။ဒါဘဲ။ဒါပေမဲ့ကျွန်တော့်အတွက်တော့သူ့အတွက်လမ်းတစ်လမ်းရှိနေတုန်းပါ။ပြိုင်ဆိုင်မှုကအရမ်းပြင်းထန်တော့သူ့အတွက်တော့မလွယ်ပါဘူး”လို့ပြောကြားသွားပါတယ်။
ဗန်ဒီဘိခ်ဟာယူနိုက်တက်တွင်ကစားနေစဉ်အတွင်းအကောင်းဆုံးခြေစွမ်းပြနိုင်ရန်ရုန်းကန်နေရမှုနှင့်အတူဗန်ဂါးလ်ရဲ့နယ်သာလန်ကမ္ဘာ့ဖလားလူစာရင်းတွင်လည်းချန်လှပ်ခံထားရပါတယ်။
ZawGyi
ေျခစြမ္းမတိုးတက္လာလွ်င္ ထြက္ခြာရမည္လို႔ ဗန္ဒီဘိခ္ကို အဲရစ္တန္ဟက္သတိေပးလာ
ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာဒြန္နီဗန္ဒီဘိခ္အားေျခစြမ္းပိုင္းႏွင့္ပတ္သက္ၿပီးသက္ေသမျပႏိုင္လွ်င္ ယူႏိုက္တက္မွထြက္ခြာရမည္ျဖစ္ေၾကာင္းအသိေပးလာပါတယ္။
ဒတ္ခ်္ကြင္းလယ္ကစားသမားဟာယူႏိုက္တက္ရဲ႕ေနာက္ဆုံးသုံးပြဲလုံးပြဲထြက္ကစားခြင့္ရရွိခဲ့ေပမဲ့တစ္ပြဲမွ်ေျခစြမ္းျပႏိုင္ခဲ့ျခင္းမရွိပါဘူး။
ၿပီးခဲ့တဲ့ရာသီတုန္းကအဲဗာတန္တြင္ရာသီဝက္အငွားျဖင့္ကစားခဲ့ရတဲ့ဗန္ဒီဘိခ္ဟာပရီးမီးယားလိဂ္တြင္အထိုင္က်ရန္႐ုန္းကန္ေနရတုန္းျဖစ္ပါတယ္။
ယခုအခါေအဂ်က္စ္မွာတုန္းကဗန္ဒီဘိခ္ရဲ႕အေကာင္းဆုံးေျခစြမ္းကိုေဖာ္ထုတ္ခဲ့ဖူးတဲ့အဲရစ္တန္ဟက္က “အငွားခ်စရာအေၾကာင္းမရွိဘူးလို႔ထင္တယ္။ဒီပတ္ဝန္းက်င္မွာတိုက္ပြဲဝင္ၿပီးကိုယ့္ကိုယ္ကိုသက္ေသျပ။မဟုတ္ရင္ ထြက္။ဒါဘဲ။ဒါေပမဲ့ကြၽန္ေတာ့္အတြက္ေတာ့သူ႔အတြက္လမ္းတစ္လမ္းရွိေနတုန္းပါ။ၿပိဳင္ဆိုင္မႈကအရမ္းျပင္းထန္ေတာ့သူ႔အတြက္ေတာ့မလြယ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။
ဗန္ဒီဘိခ္ဟာယူႏိုက္တက္တြင္ကစားေနစဥ္အတြင္းအေကာင္းဆုံးေျခစြမ္းျပႏိုင္ရန္႐ုန္းကန္ေနရမႈႏွင့္အတူဗန္ဂါးလ္ရဲ႕နယ္သာလန္ကမာၻ႔ဖလားလူစာရင္းတြင္လည္းခ်န္လွပ္ခံထားရပါတယ္။