
ဩစတြေးလျအေလိဂ်ဟာအဒီလိုင်ဒီစတားဂျူအန်ဒီဟာမဲလ်ဘုန်းစီးတီးနှင့်ပွဲစဉ်တွင်ဆိုးရွားလှတဲ့ခြေထောက်ကျိုးဒဏ်ရာရရှိပြီးနောက် အရေးပေါ်လူနာတင်ယာဉ်မရှိမှုအတွက်အပြင်းအထန်ဝေဖန်မှုများရင်ဆိုင်နေရပါတယ်။
ဆိုးရွားလှတဲ့အထက်ပါအဖြစ်အပျက်က တနင်္ဂနွေနေ့ညတုန်းကပွဲစဉ်မှာဖြစ်ပျက်ခဲ့တာလည်းဖြစ်ပါတယ်။
ဂျူအန်ဒီဟာဟာပွဲချိန်၆၆မိနစ်တွင်စီးတီးရဲ့ဖလိုရန်ဘီရန်ဂူယာရဲ့ကြမ်းတမ်းစွာဖျက်ထုတ်ခြင်းခံရပြီးနောက်ခြေထောက်ကျိုးဒဏ်ရာရရှိခဲ့ပါတယ်။
စပိန်ကစားသမားဟာညာဖက်ခြေထောက်ကျိုးဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီးချက်ချင်းပင်ဆရာဝန်များကိုခေါ်ယူခဲ့ကြပါတယ်။
ဒါပေမဲ့ဂျူအန်ဒီဟာလူနာတင်ယာဉ်ရောက်လာအောင်၁၃မိနစ်အထိစောင့်ဆိုင်းနေခဲ့ရပြီးဒဏ်ရာကြောင့်နာကျင်စွာအော်ကြွေးနေတာတွေ့ရပါတယ်။
အေလိဂ်တွင်လူနာတင်ယာဉ်အသုံးမပြုလာခဲ့တာ၂၀၁၈ခုနှစ်နိုဝင်ဘာလကတည်းကဖြစ်ပါတယ်။အေလိဂ်တာဝန်ရှိသူများဟာကွင်းအတွင်းတွင်အရေးပေါ်ဆေးကုသမှုပြုလုပ်ရန်လုပ်ဆောင်လာမှုနဲ့အတူလူနာတင်ယာဉ်မထားတော့တာလည်းဖြစ်ပါတယ်။
ဂျူအန်ဒီဟာချက်ချင်းပင်ဆေးရုံတက်ခဲ့ရပြီးတနင်္ဂနွေနေ့ညပိုင်းတွင်ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပါတယ်။
ZawGyi
ေျခေထာက္က်ိဳးဒဏ္ရာကို ေဆးကုသမႈခံယူရန္ ၁၃ မိနစ္ေစာင့္ဆိုင္းခဲ့ရတဲ့ ကစားသမား
ဩစေၾတးလ်ေအလိဂ္ဟာအဒီလိုင္ဒီစတားဂ်ဴအန္ဒီဟာမဲလ္ဘုန္းစီးတီးႏွင့္ပြဲစဥ္တြင္ဆိုး႐ြားလွတဲ့ေျခေထာက္က်ိဳးဒဏ္ရာရရွိၿပီးေနာက္ အေရးေပၚလူနာတင္ယာဥ္မရွိမႈအတြက္အျပင္းအထန္ေဝဖန္မႈမ်ားရင္ဆိုင္ေနရပါတယ္။
ဆိုး႐ြားလွတဲ့အထက္ပါအျဖစ္အပ်က္က တနဂၤေႏြေန႔ညတုန္းကပြဲစဥ္မွာျဖစ္ပ်က္ခဲ့တာလည္းျဖစ္ပါတယ္။
ဂ်ဴအန္ဒီဟာဟာပြဲခ်ိန္၆၆မိနစ္တြင္စီးတီးရဲ႕ဖလိုရန္ဘီရန္ဂူယာရဲ႕ၾကမ္းတမ္းစြာဖ်က္ထုတ္ျခင္းခံရၿပီးေနာက္ေျခေထာက္က်ိဳးဒဏ္ရာရရွိခဲ့ပါတယ္။
စပိန္ကစားသမားဟာညာဖက္ေျခေထာက္က်ိဳးဒဏ္ရာရရွိသြားခဲ့တာျဖစ္ၿပီးခ်က္ခ်င္းပင္ဆရာဝန္မ်ားကိုေခၚယူခဲ့ၾကပါတယ္။
ဒါေပမဲ့ဂ်ဴအန္ဒီဟာလူနာတင္ယာဥ္ေရာက္လာေအာင္၁၃မိနစ္အထိေစာင့္ဆိုင္းေနခဲ့ရၿပီးဒဏ္ရာေၾကာင့္နာက်င္စြာေအာ္ေႂကြးေနတာေတြ႕ရပါတယ္။
ေအလိဂ္တြင္လူနာတင္ယာဥ္အသုံးမျပဳလာခဲ့တာ၂၀၁၈ခုႏွစ္ႏိုဝင္ဘာလကတည္းကျဖစ္ပါတယ္။ေအလိဂ္တာဝန္ရွိသူမ်ားဟာကြင္းအတြင္းတြင္အေရးေပၚေဆးကုသမႈျပဳလုပ္ရန္လုပ္ေဆာင္လာမႈနဲ႔အတူလူနာတင္ယာဥ္မထားေတာ့တာလည္းျဖစ္ပါတယ္။
ဂ်ဴအန္ဒီဟာခ်က္ခ်င္းပင္ေဆး႐ုံတက္ခဲ့ရၿပီးတနဂၤေႏြေန႔ညပိုင္းတြင္ခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရပါတယ္။