ခြေသလုံးဒဏ်ရာကြောင့် အနည်းဆုံးပွဲနှစ်ပွဲလွဲမည့် လီဗာပူးရဲ့တီယာဂို

လီဗာပူးကွင်းလယ်ကစားသမားတီယာဂိုအယ်ကန်တာရာဟာခြေသလုံးဒဏ်ရာပြဿနာကြောင့်အနည်းဆုံးပွဲနှစ်ပွဲလွဲချော်မည်ဖြစ်ကြောင်းသိရပါတယ်။

အသက်၃၀နှစ်ရှိစပိန်ကွင်းလယ်ကစားသမားဟာစနေနေ့တုန်းကခရစ္စတယ်ပဲလေ့စ်အား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

သူဟာယနေ့ညတွင်နော့ဝှစ်ချ်နှင့်ရင်ဆိုင်ကစားရမယ့်ခါရာဘောင်ဖလားပွဲစဉ်နှင့်လာမယ့်စနေနေ့မှာဘရန့်ဖို့ဒ်နှင့်ကစားရမယ့်ပွဲတို့ကိုသေချာပေါက်လွဲချော်ပါမယ်။

လီဗာပူးလက်ထောက်နည်းပြပက်လင်ဒါကတီယာဂိုမှာမည်မျှအနားယူရမည်ကိုအတိမပြောနိုင်သေးကြောင်း၊သို့ရာတွင်နော့ဝှစ်ချ်ပွဲနှင့်ဘရန့်ဖို့ဒ်ပွဲတို့ကိုလွဲချော်ရန်သေချာနေကြောင်းဆိုသွားပါတယ်။

လက်ရှိအချိန်တွင်လီဗာပူးဟာတီယာဂိုအပြင်နောက်ခံလူထရန်းအလက်ဇန္ဒာအားနိုး၊ဖာမီနို၊နီကိုဝီလီယမ်၊ဟာဗေးအီလိယော့တို့ကိုလည်းဒဏ်ရာပြဿနာကြောင့်ဆုံးရှုံးထားရပါတယ်။

ZawGyi

ေျခသလုံးဒဏ္ရာေၾကာင့္ အနည္းဆုံးပြဲႏွစ္ပြဲလြဲမည့္ လီဗာပူးရဲ႕တီယာဂို

လီဗာပူးကြင္းလယ္ကစားသမားတီယာဂိုအယ္ကန္တာရာဟာေျခသလုံးဒဏ္ရာျပႆနာေၾကာင့္အနည္းဆုံးပြဲႏွစ္ပြဲလြဲေခ်ာ္မည္ျဖစ္ေၾကာင္းသိရပါတယ္။

အသက္၃၀ႏွစ္ရွိစပိန္ကြင္းလယ္ကစားသမားဟာစေနေန႔တုန္းကခရစၥတယ္ပဲေလ့စ္အား၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။

သူဟာယေန႔ညတြင္ေနာ့ဝွစ္ခ်္ႏွင့္ရင္ဆိုင္ကစားရမယ့္ခါရာေဘာင္ဖလားပြဲစဥ္ႏွင့္လာမယ့္စေနေန႔မွာဘရန႔္ဖို႔ဒ္ႏွင့္ကစားရမယ့္ပြဲတို႔ကိုေသခ်ာေပါက္လြဲေခ်ာ္ပါမယ္။

လီဗာပူးလက္ေထာက္နည္းျပပက္လင္ဒါကတီယာဂိုမွာမည္မွ်အနားယူရမည္ကိုအတိမေျပာႏိုင္ေသးေၾကာင္း၊သို႔ရာတြင္ေနာ့ဝွစ္ခ်္ပြဲႏွင့္ဘရန႔္ဖို႔ဒ္ပြဲတို႔ကိုလြဲေခ်ာ္ရန္ေသခ်ာေနေၾကာင္းဆိုသြားပါတယ္။

လက္ရွိအခ်ိန္တြင္လီဗာပူးဟာတီယာဂိုအျပင္ေနာက္ခံလူထရန္းအလက္ဇႏၵာအားႏိုး၊ဖာမီႏို၊နီကိုဝီလီယမ္၊ဟာေဗးအီလိေယာ့တို႔ကိုလည္းဒဏ္ရာျပႆနာေၾကာင့္ဆုံးရႈံးထားရပါတယ္။