ခြောက်နှစ်ကြာဝေးကွာလာခဲ့တဲ့ပြင်သစ်အသင်းတွင် ပြန်လည်ရွေးချယ်ခံရတဲ့ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးကာရမ်ဘန်ဇီးမားဟာလာမယ့်နွေရာသီတွင်ကျင်းပမယ့်ယူရို၂၀၂၀ပြိုင်ပွဲဝင်ပြင်သစ်လက်ရွေးစင်အသင်းတွင်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ဘန်ဇီးမားဟာပြင်သစ်အသင်းနှင့်ခြောက်နှစ်ကြာဝေးကွာလာခဲ့ပြီးနောက်ပြန်လည်ရွေးချယ်ခြင်းခံခဲ့လာရတာလည်းဖြစ်ပါတယ်။

ဘန်ဇီးမားဟာ၂၀၁၅ခုနှစ်တုန်းကပြင်သစ်ကစားဖော်ဗယ်ဘူလ်နာအားခြိမ်းခြောက်ငွေညှစ်မှုတွင်ပါဝင်ကြောင်းစွပ်စွဲခံရပြီးနောက်ရွေးချယ်ခြင်းမခံလာခဲ့ရပါဘူး။

အသက်၃၃နှစ်ရှိလိုင်ယွန်တိုက်စစ်မှူးဟာပြင်သစ်ရဲ့ယူရို၂၀၁၆နှင့်၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတို့ကိုပါဝင်ခွင့်မရရှိခဲ့ပါဘူး။

ဘန်ဇီးမားဟာယခုရာသီမှာရီးရဲလ်မက်ဒရစ်အတွက်လာလီဂါဂိုး၂၂ဂိုးနှင့်ချန်ပီယံလိဂ်ဂိုး၆ဂိုးသွင်းယူထားနိုင်သူဖြစ်ပါတယ်။သူဟာ၂၀၀၇ခုနှစ်တွင်ပြင်သစ်အတွက်စတင်ရွေးချယ်ခြင်းခံခဲ့ရပြီး၈၁ပွဲကစားကာ၂၇ဂိုးသွင်းယူထားပါတယ်။

ပြင်သစ်ဟာလာမယ့်ယူရို၂၀၂၀ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ်ဇွန်လ၁၅ရက်နေ့မှာဂျာမနီနှင့်ရင်ဆိုင်ကစားသွားရပါမယ်။

ပြင်သစ်လက်ရွေးစင်အသင်း

ဂိုးသမား -ဟူဂိုလိုရစ်(စပါးစ်)၊မိုက်မိုင်နန်(Losc)၊စတိဗ်မန်ဒန်ဒါ(မာဆေးလ်)။

နောက်တန်း – လူးကပ်စ်ဒီဂနီ(အဲဗာတန်)၊လီယိုဒူဘို့စ်(လိုင်ယွန်)၊လူးကပ်စ်ဟာနန်ဒက်ဇ်(ဘိုင်ယန်)၊ကမ်ပမ်ဘီ(ပီအက်စ်ဂျီ)၊ခွန်ဒီ(ဆီဗီလာ)၊ကလီမန့်လင်ဂလက်(ဘာစီလိုနာ)၊ပါဗတ်(ဘိုင်ယန်)၊ဗာရိန်း(ရီးရဲလ်မက်ဒရစ်)၊ဇူးမား(ချဲလ်ဆီး)။

အလယ်တန်း – အန်ဂိုလိုကန်တီ(ချဲလ်ဆီး)၊သောမတ်စ်လီမာ(အက်သလက်တီကို)၊ပေါလ်ပေါ့ဘာ(မန်ယူ)၊အက်ဒရီယန်ရာဘီယော့(ဂျူဗင်တပ်)၊ဆစ်ဆိုကို(စပါးစ်)၊တိုလစ်ဆို(ဘိုင်ယန်)။

ရှေ့တန်း – ဘန်ယက်ဒါ(မိုနာကို)၊ဘန်ဇီးမား(ရီးရဲလ်မက်ဒရစ်)၊ကင်စလေကိုးမန်း(ဘိုင်ယန်)၊ဒမ်ဘီလီ(ဘာစီလိုနာ)၊ဂီရောက်(ချဲလ်ဆီး)၊ဂရက်ဇ်မန်း(ဘာစီလိုနာ)၊အမ်ဘက်ပီ(ပီအက်စ်ဂျီ)၊မားကပ်စ်သူရမ်(မိုချင်ဂလက်ဘတ်)။

ZawGyi

ေျခာက္ႏွစ္ၾကာေဝးကြာလာခဲ့တဲ့ျပင္သစ္အသင္းတြင္ ျပန္လည္ေ႐ြးခ်ယ္ခံရတဲ့ ကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉး

ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးကာရမ္ဘန္ဇီးမားဟာလာမယ့္ေႏြရာသီတြင္က်င္းပမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲဝင္ျပင္သစ္လက္ေ႐ြးစင္အသင္းတြင္ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။ဘန္ဇီးမားဟာျပင္သစ္အသင္းႏွင့္ေျခာက္ႏွစ္ၾကာေဝးကြာလာခဲ့ၿပီးေနာက္ျပန္လည္ေ႐ြးခ်ယ္ျခင္းခံခဲ့လာရတာလည္းျဖစ္ပါတယ္။

ဘန္ဇီးမားဟာ၂၀၁၅ခုႏွစ္တုန္းကျပင္သစ္ကစားေဖာ္ဗယ္ဘူလ္နာအားၿခိမ္းေျခာက္ေငြညႇစ္မႈတြင္ပါဝင္ေၾကာင္းစြပ္စြဲခံရၿပီးေနာက္ေ႐ြးခ်ယ္ျခင္းမခံလာခဲ့ရပါဘူး။

အသက္၃၃ႏွစ္ရွိလိုင္ယြန္တိုက္စစ္မႉးဟာျပင္သစ္ရဲ႕ယူ႐ို၂၀၁၆ႏွင့္၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတို႔ကိုပါဝင္ခြင့္မရရွိခဲ့ပါဘူး။

ဘန္ဇီးမားဟာယခုရာသီမွာရီးရဲလ္မက္ဒရစ္အတြက္လာလီဂါဂိုး၂၂ဂိုးႏွင့္ခ်န္ပီယံလိဂ္ဂိုး၆ဂိုးသြင္းယူထားႏိုင္သူျဖစ္ပါတယ္။သူဟာ၂၀၀၇ခုႏွစ္တြင္ျပင္သစ္အတြက္စတင္ေ႐ြးခ်ယ္ျခင္းခံခဲ့ရၿပီး၈၁ပြဲကစားကာ၂၇ဂိုးသြင္းယူထားပါတယ္။

ျပင္သစ္ဟာလာမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲအဖြင့္ပြဲစဥ္အျဖစ္ဇြန္လ၁၅ရက္ေန႔မွာဂ်ာမနီႏွင့္ရင္ဆိုင္ကစားသြားရပါမယ္။

ျပင္သစ္လက္ေ႐ြးစင္အသင္း

ဂိုးသမား -ဟူဂိုလိုရစ္(စပါးစ္)၊မိုက္မိုင္နန္(Losc)၊စတိဗ္မန္ဒန္ဒါ(မာေဆးလ္)။

ေနာက္တန္း – လူးကပ္စ္ဒီဂနီ(အဲဗာတန္)၊လီယိုဒူဘို႔စ္(လိုင္ယြန္)၊လူးကပ္စ္ဟာနန္ဒက္ဇ္(ဘိုင္ယန္)၊ကမ္ပမ္ဘီ(ပီအက္စ္ဂ်ီ)၊ခြန္ဒီ(ဆီဗီလာ)၊ကလီမန႔္လင္ဂလက္(ဘာစီလိုနာ)၊ပါဗတ္(ဘိုင္ယန္)၊ဗာရိန္း(ရီးရဲလ္မက္ဒရစ္)၊ဇူးမား(ခ်ဲလ္ဆီး)။

အလယ္တန္း – အန္ဂိုလိုကန္တီ(ခ်ဲလ္ဆီး)၊ေသာမတ္စ္လီမာ(အက္သလက္တီကို)၊ေပါလ္ေပါ့ဘာ(မန္ယူ)၊အက္ဒရီယန္ရာဘီေယာ့(ဂ်ဴဗင္တပ္)၊ဆစ္ဆိုကို(စပါးစ္)၊တိုလစ္ဆို(ဘိုင္ယန္)။

ေရွ႕တန္း – ဘန္ယက္ဒါ(မိုနာကို)၊ဘန္ဇီးမား(ရီးရဲလ္မက္ဒရစ္)၊ကင္စေလကိုးမန္း(ဘိုင္ယန္)၊ဒမ္ဘီလီ(ဘာစီလိုနာ)၊ဂီေရာက္(ခ်ဲလ္ဆီး)၊ဂရက္ဇ္မန္း(ဘာစီလိုနာ)၊အမ္ဘက္ပီ(ပီအက္စ္ဂ်ီ)၊မားကပ္စ္သူရမ္(မိုခ်င္ဂလက္ဘတ္)။