ခြောက်ပတ်ကြာနားရမယ့် တောရက်စ်ကြောင့် ဂွါဒီယိုလာရဲ့တိုက်စစ်ပြဿနာ ပိုဆိုးလာ

ဖာနန်ဒိုတောရက််စ်ဟာစပိန်အတွက်နိုင်ငံတကာပွဲကစားစဉ်အတွင်းဒဏ်ရာရရှိကာခြောက်ပတ်ကြာအနားယူရတော့မှာဖြစ်ကြောင်းသိရပါတယ်။

တောရက်စ်ဟာပြင်သစ်ကိုရှုံးနိမ့်ခဲ့တဲ့ယူအီးအက်ဖ်အေနေးရှင်းလိဂ်ဗိုလ်လုပွဲတွင်စပိန်အတွက်ပွဲထွက်ကစားခဲ့ပေမယ့်ကိုင်လီယန်ဘက်ပေးကအငြင်းပွားဖွယ်အနိုင်ဂိုးသွင်းယူလိုက်ပြီးနောက်မိနစ်အနည်းငယ်အကြာတွင်မီခေးလ်မီရီနိုနှင့်အစားထိုးခြင်းခံခဲ့ရပါတယ်။

တောရက်စ်ဟာညာဖက်ခြေထောက်အသေးစားအရိုးအက်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီးခြောက်ပတ်ကြာအနားယူရပါမယ်။သူဟာမန်ချက်စတာယူနိုက်တက်နှင့်ဒါဘီပွဲအပါအဝင်မန်စီးတီးရဲ့ပွဲ၉ပွဲကိုလွဲချော်ပါမယ်။တောရက််စ်ဟာနိုဝင်ဘာလအကုန်တွင်ကစားရမယ့်ပီအက်စ်ဂျီနှင့်ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်ကိုလည်းလွဲချော်နိုင်ပါတယ်။

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာဟာဖာနန်တောရက််စ်ဒဏ်ရာရရှိသွားခဲ့မှုနဲ့အတူတိုက်စစ်အတွက်ကစားသမားရွေးချယ်ရခက်ခဲလာပြီဖြစ်ပြီးဂါဘရီရယ်ဂျီးဆပ်စ်နှင့်စတာလင်းတို့ကိုသာအားကိုးအသုံးပြုလာရဖို့ရှိပါတော့တယ်။

ZawGyi

ေျခာက္ပတ္ၾကာနားရမယ့္ ေတာရက္စ္ေၾကာင့္ ဂြါဒီယိုလာရဲ႕တိုက္စစ္ျပႆနာ ပိုဆိုးလာ

ဖာနန္ဒိုေတာရက္္စ္ဟာစပိန္အတြက္ႏိုင္ငံတကာပြဲကစားစဥ္အတြင္းဒဏ္ရာရရွိကာေျခာက္ပတ္ၾကာအနားယူရေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

ေတာရက္စ္ဟာျပင္သစ္ကိုရႈံးနိမ့္ခဲ့တဲ့ယူအီးအက္ဖ္ေအေနးရွင္းလိဂ္ဗိုလ္လုပြဲတြင္စပိန္အတြက္ပြဲထြက္ကစားခဲ့ေပမယ့္ကိုင္လီယန္ဘက္ေပးကအျငင္းပြားဖြယ္အႏိုင္ဂိုးသြင္းယူလိုက္ၿပီးေနာက္မိနစ္အနည္းငယ္အၾကာတြင္မီေခးလ္မီရီႏိုႏွင့္အစားထိုးျခင္းခံခဲ့ရပါတယ္။

ေတာရက္စ္ဟာညာဖက္ေျခေထာက္အေသးစားအ႐ိုးအက္ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီးေျခာက္ပတ္ၾကာအနားယူရပါမယ္။သူဟာမန္ခ်က္စတာယူႏိုက္တက္ႏွင့္ဒါဘီပြဲအပါအဝင္မန္စီးတီးရဲ႕ပြဲ၉ပြဲကိုလြဲေခ်ာ္ပါမယ္။ေတာရက္္စ္ဟာႏိုဝင္ဘာလအကုန္တြင္ကစားရမယ့္ပီအက္စ္ဂ်ီႏွင့္ခ်န္ပီယံလိဂ္အိမ္ကြင္းပြဲစဥ္ကိုလည္းလြဲေခ်ာ္ႏိုင္ပါတယ္။

မန္စီးတီးနည္းျပပက္ဂြါဒီယိုလာဟာဖာနန္ေတာရက္္စ္ဒဏ္ရာရရွိသြားခဲ့မႈနဲ႔အတူတိုက္စစ္အတြက္ကစားသမားေ႐ြးခ်ယ္ရခက္ခဲလာၿပီျဖစ္ၿပီးဂါဘရီရယ္ဂ်ီးဆပ္စ္ႏွင့္စတာလင္းတို႔ကိုသာအားကိုးအသုံးျပဳလာရဖို႔ရွိပါေတာ့တယ္။