ခြောက်ပွဲဆက်ရှုံးနိမ့်ထားသော်လည်း နည်းပြဒီဖရန်ဆစ္စကိုအား စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ ကက်ဂလီယာရီ

ကက်ဂလီယာရီဟာစီးရီးအေတွင်ခြောက်ဆက်ပွဲရှုံးနိမ့်ကာတန်းဆင်းဇုန်အတွင်းကျရောက်နေသော်လည်းနည်းပြအူစီဘီယိုဒီဖရန်ဆစ္စကိုအားစာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။

ကက်ဂလီယာရီဟာကိုပါအီတာလီယာရှုံးပွဲကိုပါထည့်တွက်မယ်ဆိုရင်နောက်ဆုံး၇ပွဲဆက်တိုက်ရှုံးနိမ့်ထားတာလည်းဖြစ်ပါတယ်။

ဒါပေမယ့်ယင်းသို့ရလဒ်ဆိုးများဆက်တိုက်ကြုံနေရသော်လည်းနည်းပြဒီဖရန်ဆစ္စကိုအားစာချုပ်သက်တမ်းတိုးကာ နည်းပြအပေါ်ယုံကြည်မှုအပြည့်ရှိကြောင်းကက်ဂလီယာရီပြသခဲ့ပါတယ်။

ဒီဖရန်ဆစ္စကိုရဲ့ယခင်စာချုပ်က၂၀၂၂ခုနှစ်၊ဇူလိုင်လတွင်မှကုန်ဆုံးမှာဖြစ်သော်လည်းစာချုပ်သစ်ကြောင့်၂၀၂၃ခုနှစ်၊ ဇူလိုင်လအထိအသင်းတွင်ရှိနေတော့မှာဖြစ်ပါတယ်။

ကက်ဂလီယာရီဟာဝါရင့်တောင်ပံခံစစ်ကစားသမားအဆာမိုကိုလည်းခေါ်ယူရန်နီးစပ်လျက်ရှိနေပါတယ်။အသက်၃၂နှစ်ရှိဂါနာလက်ရွေးစင်အဆာမိုဟာအူဒီးနီးစ်၊ဂျူဗင်တပ်၊အင်တာမီလန်တို့တွင်ကစားခဲ့ဖူးကာအောက်တိုဘာလ၅ ရက်နေ့တုန်းကအင်တာမီလန်နှင့်စာချုပ်ဖျက်သိမ်းပြီးနောက်ကလပ်လက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။

ZawGyi

ေျခာက္ပြဲဆက္ရႈံးနိမ့္ထားေသာ္လည္း နည္းျပဒီဖရန္ဆစၥကိုအား စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္တဲ့ ကက္ဂလီယာရီ

ကက္ဂလီယာရီဟာစီးရီးေအတြင္ေျခာက္ဆက္ပြဲရႈံးနိမ့္ကာတန္းဆင္းဇုန္အတြင္းက်ေရာက္ေနေသာ္လည္းနည္းျပအူစီဘီယိုဒီဖရန္ဆစၥကိုအားစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ပါတယ္။

ကက္ဂလီယာရီဟာကိုပါအီတာလီယာရႈံးပြဲကိုပါထည့္တြက္မယ္ဆိုရင္ေနာက္ဆုံး၇ပြဲဆက္တိုက္ရႈံးနိမ့္ထားတာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ယင္းသို႔ရလဒ္ဆိုးမ်ားဆက္တိုက္ႀကဳံေနရေသာ္လည္းနည္းျပဒီဖရန္ဆစၥကိုအားစာခ်ဳပ္သက္တမ္းတိုးကာ နည္းျပအေပၚယုံၾကည္မႈအျပည့္ရွိေၾကာင္းကက္ဂလီယာရီျပသခဲ့ပါတယ္။

ဒီဖရန္ဆစၥကိုရဲ႕ယခင္စာခ်ဳပ္က၂၀၂၂ခုႏွစ္၊ဇူလိုင္လတြင္မွကုန္ဆုံးမွာျဖစ္ေသာ္လည္းစာခ်ဳပ္သစ္ေၾကာင့္၂၀၂၃ခုႏွစ္၊ ဇူလိုင္လအထိအသင္းတြင္ရွိေနေတာ့မွာျဖစ္ပါတယ္။

ကက္ဂလီယာရီဟာဝါရင့္ေတာင္ပံခံစစ္ကစားသမားအဆာမိုကိုလည္းေခၚယူရန္နီးစပ္လ်က္ရွိေနပါတယ္။အသက္၃၂ႏွစ္ရွိဂါနာလက္ေ႐ြးစင္အဆာမိုဟာအူဒီးနီးစ္၊ဂ်ဴဗင္တပ္၊အင္တာမီလန္တို႔တြင္ကစားခဲ့ဖူးကာေအာက္တိုဘာလ၅ ရက္ေန႔တုန္းကအင္တာမီလန္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းၿပီးေနာက္ကလပ္လက္မဲ့ျဖစ္ေနသူျဖစ္ပါတယ္။